Sunday 23 January 2011

ပြာသိုလ




ပြာသိုလ






အာဒိစ္စရယ်တဲ့ ဖန်သူရိန်

ပြင်လမ်းသူခွါလို့

ဒဏ္ခိာယဉ်အစွန်းမှာ

ထွန်းတဲ့ခါချိန်

ပြာသိုမှာဖြာစိုနှင်းရယ်နှင့်

ခါအလိုခွါညိုသင်းပါဘိ

မြင်းခင်မြတ်တော်သဘင်မှာ

ပျော်ရွှင်ကြတပြည်လုံး

ပုဏ္ဏမာ

ဖုသျှငယ်ယုန်စန္ဒာနှင့်

မှုန်ပြာပြာဝဠာတွင်းမှာလ

ငွေပုဇွန်တာရာလင်းတယ်

နှင်းမြူပိတ်ဖုံး

ပြာသိုလသည်မြန်မာပြက္ခဒိန်တွင်ဒဿမမြောက်လဖြစ်ပြီး၊ဆောင်းဥတုအလယ်တွင်ကျ

ရောက်ပါသည်၊အနောက်တိုင်းပြက္ခဒိန်၏အဆုံးဒီဇင်ဘာလပြက္ခဒိန်၏အစဇန်န၀ါရီလအတွင်း

ကျရောက်တတ်ပါသည်၊အသူရိန်နေမင်းကြီးသည်တောင်ဘက်(ဒက္ခိဏ)ယဉ်စွန်းတန်းဘက်ဆီ

သို့ရောက်ရှိနေသောအချိန်ဖြစ်သောကြောင့်ဆောင်းဥတုဖြစ်ပြီးအလွန်ချမ်းအေးသောလရာသီ

ဖြစ်သည်၊ကောင်းကင်တွင်လပြည့်နှင့်စန်းယှဉ်သောနက္ခမှာပုဏ္ဏတာယာနှင်ဖုသျှနက္ခတို့ထွန်း

လင်းသည်၊ရာသီပန်းမှာခွါညိုပန်းဖြစ်သည်၊ရာသီပွဲတော်မှာမြင်းခင်းပွဲတော်ဖြစ်သည်၊

မြင်းခင်းပွဲတော်ဆိုသည်မှာရှေးမြန်မာဘုရင်များလက်ထက်ကကျင်းပခဲ့သော။ဆင်းမြင်း

တို့ဖြင့်စစ်ရေးလေ့ကျင့်သောပွဲတော်တခုဖြစ်သည်၊

ဤမြင်းခင်းသဘင်တွင်မင်းညီမင်းသားမူးမတ်များနှင့်တကွစစ်သေနာပတိများသည်၊

မိမိတို့အဆောင်အယောင်စစ်ဝတ်တန်ဆာများကိုဝန်ဆင်၍ ဓါးရေှး ၊ လှံရေး ၊ လေးမြှား နှင့်

ဆင်းစီး ၊ မြင်းစီး ၊ အတက်ပညာများကို အဆန်းတကျယ်ပြသယှဉ်ပြိုင်ကြသည် ၊

ချမ်းအေးသောဆောင်းကာလတွင်ဤကဲ့သို့ကိုယ်လက်လှုတ်ရှားအားကစားလေ့ကျင့်သောပွဲ

တော်မျိုးပြုလုပ်သည်မှာအလွန်သဘာဝကျပါသည်၊

ရှေးမြန်မာမင်းများသည် ငွေနှင်းစိုစို လပြာသိုတွင် မြင်းခင်းသဘင်ပွဲတော်ကို ရာသီပွဲအဖြစ်

ကျင်းပလေ့ရှိသည်. . မြင်းခင်းသဘင်ပွဲတော်ကို အခြားရာသီပွဲတော်များကဲ့သို့ ရက်ပိုင်းမျှ

ကျင်းပသောပွဲတော်မျိုး မဟုတ်ဘဲ ပြာသိုလ တစ်လလုံး ကျင်းပသော ပွဲတော်ဖြစ်သည်. . .

မြင်းခင်းသဘင်ပွဲဟု ဆိုသော်လည်း ဆင်စမ်း၊ မြင်းစမ်း၊လေးစမ်း၊ ဓားခုတ်လှံထိုး၊စက်ထိုး၊

ဗလီခတ် (ပိုလိုရိုက် ကစားနည်းမျိုး) သေနတ်ပစ်နှင့် သိုင်းအမျိုးမျိုးတို့ကို တစ်ပွဲပြီး တစ်ပွဲ

ကျင်းပသွားခြင်းဖြစ်သည်. .

မြင်းခင်းသဘင်ကျင်းပရာကွင်းအတွင်း စက်ကွင်းလှံထိုးနေရာ၊ မြင်းရေး (၃၇)

ရေးစီးသည့်နေရာ၊ မြင်းရည်တက်တို့ ဓားခုတ်လှံထိုးနေရာ ဗလီကစားသည့်နေရာ စသည်ြဖင့်

သတ်မှတ်ထားသည်. . မြင်းခင်းသဘင် အပြီးတွင် လေးသည်တော်များ၏

လေးပစ်စွမ်းရည်ပြပွဲများ၊ သိုင်းဗန်တို ဗန်ရှည် စသည့် ကာကွယ်မှုအတတ်များ ၊

ဆင်စစ်သည်များ၏ စွမ်းရည်ပြပွဲများ၊ သေနတ်စစ်သည်များ၏ သေနတ်ပစ်

စွမ်းရည်ပြပွဲများဖြင့် တစ်လလုံး ပွဲဆက်မပြတ် ကျင်းပသွားသည်. . ထို့ကြောင့်

မြင်းခင်းသဘင်ပွဲသည် သူရသတ္တိနှင့် တကွ လက်ရုံးရည် ထူးချွန်သူတို့၏ အရည်အချင်း

ပြပွဲကြီး ၊ တစ်နည်း အားဖြင့် သူရဲကောင်းရွေးချယ်ပွဲကြီး တစ်ခုဖြစ်သည်. .

မြင်းခင်းသဘင်ပွဲသည် သက္ကရာဇ် ၆၇၄ ခုနှစ်ခန့် ပင်းယ တစီးရှင် သီဟသူ လက်ထက်က

စတင်ပေါ်ပေါက်ခဲ့သည်ဟု ယူဆသည်. . ဘိုးတော် ဘုရားလက်ထက် ပညာရှင်များကမူ

မြင်းခင်းသဘင် သည် ဒုတိယ အင်းဝခေတ် အစ ညောင်ရမ်းမင်းလက်ထက်တွင်

စတင်ပေါ်ပေါက်လာသည်ဟု ယူဆကြသည်. ..

ယခုခောတ်ကာလတွင် မြင်းခင်းပွဲ ဆင်ခင်းပွဲစသည်တို့တိမ်ကောပျောက်ကွယ်သွား

ခဲ့လေပြီ၊စစ်ရေးစစ်ရာ၌တင့်ကား လေယာဉ်ပျံ၊တိုက်သင်္ဘော၊လေယာဉ်တင်သင်္ဘော၊အနုမြူ

ရေငုတ်သင်္ဘော၊ဒုံးပျံစသည်တို့နှင့်ခောတ်မှီနည်းပညာများပြိုင်ပွဲကိုသာစစ်လေ့ကျင့်ကြသည်

ကိုတွေရပေသည်၊ ပင်ကိုယ်စွမ်းရည်ကိုပြနိုင်သော ဓါးရေး၊လှံရေး ၊ ဆင်ရေး၊မြင်းရေး ၊ကိုပြ

သောပွဲများကားမြင်တွေ့ရတော့ပေ ၊

မောင်သုည

မှီးငြမ်းကိုးကားသော စာအုပ်များ

၁။မောင်ထင် - မြန်မာ ၁၂ လ အကြောင်း

၂၊ မေ ၁၆ - ၁၂ လရာသီ ( ဧရာဝတီစာကြည့်တိုက်)

No comments:

Post a Comment