Sunday 2 January 2011

ကွက်လပ်ကလေးဖြည့်ပေးပါ ( Fill in the blank )

ကွက်လပ်ကလေးဖြည့်ပေးပါ ( Fill in the blank )

အောက်ပါကွက်လပ်တွင်သင့်လျော်သောစကားလုံးများကိုဖြည့်ပါ၊

ဒီမေးခွန်းကလေးကိုငယ်ငယ်တုန်းကကျောင်းမှာစာမေးပွဲဖြေတဲ့အခါတွေခဲ့ဘူးမှာ

ပါ၊ ကွက်လက်ဖြည့်ပေးရတဲ့မေးခွန်းကလေးတပုဒ်ဖြစ်ပါတယ် ၊ ကွက်လပ်တခု

ဖြည့်တာမှန်ရင် ၅ မှတ် ပေးပါတယ် ၊ အမှတ် ၂၀ ပေးတဲ့မေးခွန်းလေးပါ ၊

လွယ်လွယ်နဲ့ အမှတ် ၂၀ ရနိုင်တဲ့မေးခွန်းလေးဖြစ်ပါတယ် ၊

ဒီလိုမေးခွန်းကလေးမျိုးကိုအခုအရွယ်ရောက်လာပြိးကိုယ့်ဘ၀ကိုယ်ရုံးကန်

လှုတ်ရှားနေလာရတဲ့အခါမှာကောတွေ့နေရတယ်ဆိုတာသင်သတိထားမိရဲ့လား၊

လူ့လောက လူ့အသိုင်းအ၀ိုင်း ကိုယ့်မိသားစုအသိုင်းအ၀ိုင်းနဲ့နေလာတဲ့အ

ခါမှာ လွတ်နေတဲ့ကွက်လပ်ကလေးများရှိနေတတ်ပါတယ် ၊

ပြည့်စုံတဲ့စာကြောင်းတကြောင်းမှာ အဓိကဘာတွေလိုသလဲ

ကတ္တား ကံ ၀ါစက ( ဆိုတဲ့ Subject – Verb – Object ) တို့လို

တယ်မဟုတ်ပါလား၊ ပိုမိုလှပတဲ့စာကြောင်းကလေးတကြောင်းဖြစ်ချင်ရင်တော့

ကံကိုအထူးပြုတဲ့ နာမ၀ိသေသန ၊ ကိရိယာကိုအထူြး့ပုတဲ့ ကရိယာဝိသေသန

စတာတွေလိုပါတယ် ) အဲဒီထဲက တခုခုလိုနေရင်တော့ကောင်းမွန်တဲ့စာကြောင်း

တကြောင်းဖြစ်မလာနိုင်တော့ဘူးပေါ့၊

ဘော်လုံးပွဲကြည့်နေတဲ့ပရိတ်သတ်ဟာပွဲကြည့်စင်ပေါ်ကနေကြည့်နေ

တော့ ဘယ်သူဘယ်နေရာမှာရှိသင့်တယ်၊ဒေါင့်ကန်ဘောကန်လိုက်ရင်ပိတ်သွင်း

ဘို့လူရှိနေရမယ်ဆိုတာကိုမြင်နေရလို့ဟေ့ဟိုဒေါင့်မှာလူလွတ်နေတယ်ဘယ်သူမှ

မရှိဘူးစသဖြင့်အော်ပြောတက်ကြတယ်၊ဒါဟာလွတ်နေတဲ့ကွက်လပ်ကိုဖြည့်ခိုင်းနေတာမဟုတ်ပါလား၊ကိုယ်တိုင်ဝင်ကန်နေသူထက်ဘေးကထိုင်ကြည့်နေသူကလွတ်နေတဲ့ကွက်လပ်ကိုမြင်တက်တာများပါတယ် ၊ ကိုယ်တိုင်ဝင်ကစားပြီးလွတ်

နေတဲ့ကွက်လပ်ဖြည့်ဘို့မြင်တက်တဲ့စွမ်းရည်ဟာထူးခြားတဲ့စွမ်းရည်တမျိုးဖြစ် ၊

ပါတယ် ၊

လူတချိ့ဟာကွက်လပ်ကိုမမြင်တက်၊ ဖြည့်ပေးရမှန်းလဲမသိကြပါဘူး၊

ဥပမာ- အိမ်ထောင်စုတစုမှာဘခင်ဖြစ်သူကတနေကုန်စီးပွါးထွက်ရှာနေ

တယ် ၊နောက်ပိုင်းမှာအိမ်ထောင်ရဲ့တာဝန်တွေဘာတွေလွတ်နေလဲ၊ဇနီးနဲ့သား

သမီးများကလိုအပ်သလိုဖြည့်စွပ်ကြရမှာဖြစ်ပါတယ် ၊ နေ့စဉ်နေ့တိုင်းမိုး

လင်းကမိုးချုပ်အလုပ်ထဲမှာဘဲအချိန်ကုန်နေတော့၊ဇနီးသားသမီးများနဲ့အေးအေး

ဆေးဆေးတွေ့ခွင့်မရ၊တိုင်ပင်ဆွေးနွေးခွင့်မရတော့၊မိသားစုပျော်ရွှင်မှုမခံစားရဘဲ

မိခင်ဘခင်တို့ရဲ့မေတ္တာငတ်နေတက်ပါတယ် ၊

` အဲဒီလိုလွတ်နေတဲ့ကွက်လပ်ကိုဘခင်ဖြစ်သူကမမြင်တက်ဘူးဆိုရင်တော့

မိမိရဲ့အိမ်ထောင်ရေးဟာပျော်ရွှင်ဘွယ်ကင်းဆိတ်နေတတ်ပါတယ် ၊

အဲဒီအခါမှာ ဇနီးနဲ့သားသမီးများကအပြင်မှာပျော်စရာရှာပြီးသူတို့ရဲ့စိတ်လိုအပ်

ချက်ကိုဖြည့်ဆည်းတက်ကြပါတယ် ၊

အဲဒီအခါမှာအခန့်မသင့်ရင်မဖြစ်သင့်တာတွေဖြစ်သွားနိုင်ပါတယ် ၊

တခါတလေ ယောက်ျားရောမိန်းမပါ အပြင်ထွက်အလုပ်လုပ်နေရတော့

အိမ်မှ အိမ်ရှင်မအလုပ်တွေလစ်ဟင်းနေတက်ပါတယ်၊ဒါ ကို ယောက်ျားလုပ်သူ

ကမိန်းမအလုပ်ယောက်ျားအလုပ်လို့မခွဲခြားဘဲကူလုပ်ထားလိုက်တာဟာလွတ်

နေတဲ့ကွက်လုပ်ကိုဖြည့်ပေးခြင်းဘဲဖြစ်ပါတယ် ၊

အပြင်လောက မှာ လူလောက လူအသိုင်းအ၀ိုင်းထဲမှာလဲ ဒီလိုပါဘဲ၊

သာရေးနာရေးတခုခုကိုသွားရောက်တဲ့အခါမှာ ဘာလုပ်ပေးရမလဲလို့မေးနေမဲ့အ

စားအခြေအနေကိုသုံးသပ်ကြည့်ပြီး လွတ်နေတဲ့နေရာကိုဝင်လုပ်ပေးတက်တဲ့သူ

ဟာလွတ်လပ်ဖြည့်တက်တဲ့သူပါဘဲ ၊

ပြင်ပလောက လို့ဆိုရာမှာ နိုင်ငံအရေးတိုင်းပြည်အရေး ၊ ကိုယ့်နိုင်ငံကိုယ့်

တိုင်းပြည် ကိုယ့်အဖွဲ့အစည်းအတွင်းမှာ ဘာတွေလိုနေသလဲ ၊ ဘာတွေဖြင့်ကွတ်

လပ်ဖြစ်နေသလဲဆိုတာကိုမြင်တက်ဘို့လိုပါတယ် ၊ ကွက်လပ်ဖြည့်ပေးလိုတဲ့ဆန္ဒ

ရှိဘို့လိုပါတယ် ၊

တချိ့ကိုယ်တိုင်ဦးဆောင်ပြီးလုပ်ရမှကျေနပ်ကြပါတယ် ၊မင်းသားကြီးလုပ်

ချင်ကြပါတယ် ၊ မင်းသားကြီးမှမလုပ်ရရင် ပတ်မကြီးကိုဓါးနဲ့ထိုးဖေါက်ချင်ကြသူ

တွေ ၊ ဘေးထိုင် ဘုပြောချင်သူတွေလဲရှိတက်ပါတယ် ၊

တချိုကလဲ ငါကသူများနောက်လိုက်မလုပ်ချင်ဘူး၊သူများလုပ်ပြီးသားတွေ

မလုပ်ချင်ဘူး ။ ဘယ်သူမှမလုပ်ဘူးသေးတဲ့ဟာကိုမှလုပ်ချင်တာ ၊ဆိုတဲ့သူမျိုးလဲ

ရှိမှာပါ ၊

ဒါပေမဲ့ ကွက်လပ်ဖြည်တဲ့အလုပ်ကတော့ စာကြောင်းကလေးတခုပြည်စုံ

သွားအောင်လှပသွားအောင်ဝင်ရောက်ဖြည့်စွပ်ခြင်းသာဖြစ်တဲ့အတွက်ကိုယ့်အ

ကျိုးစီးပွါး၊ကိုယ်ဂုဏ်ရှိဘို့ဆိုတာတွေကိုမျှော်လင့်မထားတဲ့အလုပ်လို့ယူဆရမှာ

ဖြစ်ပါတယ် ၊ အောင်မြင်ပြီးမြောက်သွားရင်တော့ အောင်မြင်သွားတဲ့အရသာအ

အသီးအပွင့်ကို ကိုယ်လဲပါဝင်ခံစားရတာဘဲမဟုတ်ပါလား

ကွက်လပ်ကလေးတွေကို မြင်တက်ပြီး ၊

ကွက်လပ်ကလေးတွေဖြည့်တက်ပါစေ

မောင်သုည

No comments:

Post a Comment