Friday 21 September 2012
အဘိုးပြောတဲ့ - ရာဇ၀င်ပုံပြင် ( ၄ )
အဘိုးပြောတဲ့ - ရာဇ၀င်ပုံပြင်  ( ၄ )
” အလှဲ့ ကျမနွဲ့ ရစတမ်း - ပန်ထွာ ”
” ဟော သမီးတို့သားတို့တောင်ရောက်လာကြပြီ ကဲ ထိုင်ကြထိုင်ကြ ”
” ဒီနေ့  ပိုများလာတယ်အဘိုး ရွာထဲမှာ မကျန်တော့ ဘူး ကာလသားတွေလဲခေါ်လာခဲ့တယ် ”
  အဘိုး ပုံပြောပြိး မှ သူတို့ ပြန်မှာ ”
” ဒါမှ အဘိုး ပုံမပြီးခင် ကာလသားပြန်ချိန် ကြက် ကထထ တွန် လွန်းလို့  ”
” ဟဲ ဟဲ အေး ပါ အေး ဒီနေ့  ပုံက အပြိး သပ်မှာပါ ”  ကဲကဲနားထောင်ကြ
ပုံဆက်ပြောမယ်
ဟိုတပတ်က ဒွတ္တဘောင်မင်းကြီး က ပန်ထွာကို မိဖုရားအဖြစ်သိမ်းပိုက်လိုက်တယ် ၊
ပိဿနိုးမှာရှိတဲ့နန်းတွင်းသူနန်းတွင်းသားတွေအားလုံကိုဖမ်းပြီးသရေခေတ္တရာကိုခေါ်သွားတယ်
ပိဿနိုးကပါလာတဲ့ နန်းတွင်းသူနန်းတွင်းသားတွေကိုကောင်းမွန်တဲ့ရာထူးနေရာတွေမှာခန့် ထား
လိုက်တယ် ၊ လို့ ပြောခဲ့တယ် နော်
          ” ဟုတ်တယ် အဘိုး အဲဒီမှာ ပြီးသွးတာ ”
အေး ပိဿနိုးမြို့ကို ဒွတ္တဘောင်မင်းကြီး သိမ်းပိုက်လိုက်တာသာသနာသက္ကရဇ် ၁၀၃ ခုနှစ်ဖြစ်
တယ် အဲဒီတုန်းက ဒွတ္တဘောင်မင်းကြီးနန်းတက်တာ ၃ နှစ်ဘဲရှိသေးတယ်၊
သရေခေတ္တရာမှာ ဒွတ္တဘောင်ရဲ့ မိဖုရားခေါင်ကြီးရှိတယ် - မဟာသမ္ဘ၀ နဲ့  ပျူမင်းသမီးကမွေး
တဲ့ နန်းကျင်ဆိုတာရှိတယ် - ပန်ထွာမင်းသမီးရောက်လာတော့ တောင်ညာစံ မိဘုရားအဖြစ်မြှောက်
ထားတာပေါ့ကွယ် ဒါပေမဲ့  ပန်ထွာ ကို ဒွတ္တဘောင်မင်းကြီး က သိပ်မအရေးအပေးဘူးလို့ ပန်ထွာက
ထင်တယ် တခါတလေ နန်းကျင်ကို အခွင့်အရေးပေးတာတို့ ဘာတို့ကို ပန်ထွာမင်းသမီးကမကျေနပ် ဘူး-မနာလိုဘူးပေါ့ကွယ် ၊
” အင်း- ဟိုးဘ၀တုန်းကလဲဒီလိုဘဲ ရန်စကရှိခဲ့သေးတာကိုး
” ဘယ်လိုရန်စလဲ အဘိုး ”
” ပွေးဖို+ပွေးမဘ၀ကရန်ညှိုးပေါ့ကွဲ့  ”
          ဟိုးလွန်ခဲ့တဲ့ဘ၀တခုမှာ ဒွတ္တဘောင်နဲ့ ပန်ထွာတို့ဟာ ပွေးဖိုနဲ့  ပွေးမ အကြင်လင်မယား
ဖြစ်ခဲ့တယ်၊အဲဒီ ပွေးဘ၀မှာလဲ ဒွတ္တဘောင်ပွေးဖိုးက မိန်းမ နှစ်ယောက်ရှိခဲ့တယ် ။ပွေးဖိုက တခြား
ပွေးမနဲ့သာပျော်ပါးနေတာများတယ်၊ရလာတဲ့သစ်ဥသစ်ဖုတွေကိုလဲ၊ပန်ထွာဖြစ်မဲ့ပွေးမကိုမကြွေးဘဲ
2
သူအလိုရှိတဲ့ပွေးမကိုဘဲကြွေးတယ်၊အဲဒါကိုပန်ထွာဖြစ်မဲ့ပွေးမကမကျေမနပ်ဖြစ်ပြီးစိတ်ထဲမှာခံစားနေ
ရတယ်၊
” ဒွတ္တဘောင်က လဲ ပွေးဖိုဘ၀မှာကတည်းက တော်တော်မြှာပွေပုံရတယ်နော် အဘိုး ”
          ” အေး  အေး  ဟုတ်မှာပေါ့ကွဲ့  ”
တနေ့တော့ဒို့များရဲ့ ဂေါတမမြတ်စွာဘုရားဂိဇ္ဈကုဋ်တောင်ကိုကြွလာခိုက်မှာ၊ပွေးဖိုနဲ့ပွေးမတို့ကဘုရား
ကိုဖူးတွေ့ရတယ်၊ပွေးမကသစ်ဥသစ်ဖုတွေကိုဆုပုံပြီးဘုရားကိုလှူတယ်၊ပြီးတော့အခုသူ့ခင်ပွန်းပွေးဖို
ကိုဘ၀ဆက်တိုင်းမှာနှိပ်စက်အနိုင်ယူရပါစေလို့ဆုတောင်းလိုက်တယ်၊
          အဲဒီအဖြစ်ကိုမြတ်စွာဘုရားကမြင်တော့ပြုံးတော်မူတယ်၊အရှင်အာနန္ဒာကမေးတဲ့အခါမှာ
ဒီပွေးဖိုနဲ့ ပွေးမဟာနောင်ငါဘုရားသာသနာအနှစ် ၁၀၀ လောက်မှာတန်ခိုးအရှိန်အ၀ါကြီးမားတဲ့ဘုရင်
နဲ့ဘုရင်မတွေဖြစ်ကြမယ်၊သူတို့လက်ထက်မှာငါဘုရားသာသနာထွန်းကားမယ်လို့ဗျာဒိတ်ပေးတော်
မူတယ် ၊
          ဒါကြောင့်အခု ဘ၀မှာသူဆုတောင်းအတိုင်း ဒွတ္တဘောင်ကို နှိပ်စက်တော့မယ်
          ” ပန်ထွာကလဲ တောင်းလိုက်တဲ့ဆုတွေ  ယက်တောင်လှူတုန်းကလဲတောင်းတယ် ”
” ပွေးမ ဘ၀မှာလဲ ဆုတောင်းတယ် ”
” အေး ဒါကြောင့် ဆုတွေပန်ထွာလာခဲ့လို့ သူကို ပန်ထွာမင်းသမီးလို့ ခေါ်တာပေါ့ ”
” ဆုပန်ထွာလို့  ခေါ်ရင်ကောင်းမယ် ”
“ဟယ် ဒါဆို  အဆိုတော်ဖြစ်သွားမှာပေါ့ ဟဲ့ နင်ကလဲ ”
 ” ဟုတ်တယ်  ဟုတ်တယ်  -  အဆိုတော် ဆုပန်ထွာကိုတွေ့ မှ မေးကြည့်ရမယ်
   အမ ဘာတွေ ဆုပန်ခဲ့သလဲလို့  ”
” ဟေ့ ဟေ့ တော်တော့ ကြော်ငြာတွေ လက်မခံဘူး  အဘိုးဆက်ပြော ”
” အေး အေး 
ဒွတ္တဘောင်မင်းလက်ထက်မှာသာသနာတော် ထွန်းကာခဲ့တယ်ဆိုတာမှန်တယ် ၊
သာသနာတော်ကိုလဲတော်တော်ကြည်ညိုတယ်နေ့စဉ်သံဃာအပါးများစွာကိုစွမ်းကပ်လှူဒါန်းပြီး
ပစ္စည်းလေးပါဒါယကာအဖြစ်ခံယူတော်မူတယ်၊
ဒွတ္တဘောင်မင်းဟာ ဖေါင်နဲ့ ခရီးထွက်လေ့ရှိတယ်၊သူနဖူးမှာပါတဲ့မှဲ့ ရှင်ကဖေါင်သွားရမဲ့  အရပ်ကိုညွှန်ပြပေးတယ်၊ဖေါင်ဆိုက်ရာအရပ်တိုင်းမျာမှာ ဖေါင်တော်ဦးဘုရားတွေတည်ထားခဲ့တယ်
သောကြမ ဘုရား ၊ ညီးညီးဘုရား ၊ စီးစီးဘုရား ၊ ဘောဘော ဘုရား၊ တွေဟာဒွတ္တဘောင်မင်းကြီး
တည်ထားခဲ့တဲ့ဘုရားတွေပေါ့၊
” အဲဒါ နဲ့ ပန်ထွာက ဒွတ္တဘောင်မင်းကြီးကို ဘယ်လို လက်စားခြေသလဲ အဘိုး ”
” အေး အေးပြောမယ် ပန်ထွာရဲ့ ကလဲစားချေပုံကဒီလိုကွဲ ”့
ဘုရင်ကြီးရေချိုးပြီးရင် ပန်ထွာမင်းသမီးကဘဲ ရေသုတ်ဘို့သဘက်တို့ဝတ်လဲတော်တို့ကိုဆက်
သပေးနေကျဆိုတော့
” ဟဲ့ မိအု မောင်တော်မင်းကြီးဘုရား ရေသုံးသပ်တော်မူပြိးရင်ရေသုပ်ဘို့တဘက်တစ်ထည်
ရက်လုပ်ပေးစမ်း ”
ပန်ထွာက ရက်ကန်းအတော်ဆုံးနဲ့  သူစိတ်အချရဆုံး အထိန်းတော် မိအုကို ခိုင်းလိုက်တယ် ၊
ဒါပေမဲ့ တဘက်ရက်လုပ်ရာမှာအသုံးပြုမဲ့ချည်ကိုတော့ သူကိုယ်တိုင်စီရင်ထားတဲ့မသန့်ပြန့် တဲ့အ၀တ်
တွေကနေထုတ်ယူထားတဲ့ချည်တွေကိုပေးတယ်၊နောက်ပြိးတဘက်မှာဒွတ္တဘောင်မင်းကြီးအလွန်နှစ် 
သက်တဲ့ အင်းကြင်းနံ့ ကိုဆွတ်ဖြန်းထားတယ် ၊
          ဘုရင်ကြီး ရေချိုးပြီးတဲ့အခါမှာ ရေသုတ်ဘို့ သူစီရင်ထားတဲ့တဘက်ကို ခါတိုင်လိုဘဲ စီစဉ်ပေး
ထားတယ်၊          ဘုရင်ကြီးက အဲဒီတဘက်နဲ့ မျက်နာသုတ်တယ်-ကိုယ်ကိုလဲသုတ်တယ်-အဲဒီလိုနဲ့ ဒီ
တဘက်ကိုအသုံးပြုလာလိုက်တာ-တဖြေးဖြေးနဲ့ ဒွတ္တဘောင်မင်းကြီးမှာဘုန်းတန်ခိုးတွေလျော့ကျ
လာတယ်
နောက်တော့တဖြေးဖြေးနဲ့ ၊ဂဠုံမင်းကပေးတဲ့သံလေး၊သံမြှား၊သိကြားမင်းကပေးတဲ့-အရိန္ဒမာလှံ         
နဲ့ သီလ၀ံသဓါးပျောက်သွားတယ်၊နောက်တော့ ဒွတ္တဘောင်မင်းကြီးရဲ့ နှဖူးမှာရှိတဲ့မဲ့ အရှင်ဟာအလိုလို
ကွယ်ပျောက်သွားတော့တယ်-
          ဘုရင်မင်းကြီးမှာတန်ခိုးသြဇာအာဏာတွေမရှိတော့ဘူးဆိုတော့-လက်အောက်ခံမြို့စားတွေက
အခွန်ဆက်သနေကျမြို့ တွေကအခွန်တော်မဆက်သကြတော့ဘူး-
ဘုရင်ကြီးကသူ့မှာမှဲ့ ရှင်ပျောက်သွားတာကို ပန်ထွာမင်းသမီးကိုပြောပြတော့
          ” အိုမောင်တော်ကလဲ အမွေးအမြှင်ဆိုတာ ပွတ်ပါများရင် အလိုလိုကျွတ်သွားတက်တာဘဲ
ပြန်ထွက်လာမှာပေါ့မောင်တော် ” လို့ နှစ်သိမ့်စကားပြောပြီး ချော့သိမ့်လိုက်တယ်
ဒါပေမဲ့သူအကြံအောင်သွားပြီဆိုတာကိုတော့သိပြီး ၀မ်းသာနေတာပေါ့
          ” အင်း ပန်ထွာ ပန်ထွာ တော်တော် လဲ အမျက်ကြီး အငြိုးကြီတာဘဲနော် ”
          ” အေး  ပေါ့ အချစ်ကြီးတော့ အမျက်ကြီးတယ်ဆိုတာ ပေါ့ ကွဲ့  ”
          တနေ့တော့
ဒွတ္တဘောင်မင်းကြီးကလဲနှစ်စဉ်အခွန်ဆက်သနေတဲ့လက်အောက်ခံမြို့ စားတွေကလဲ အခွန်မဆက်ကြတော့ဘူး-အခွန်တောင်းပေးနေကျ အမတ်ပဉ္စင်းညိုနဲ့ပဉ္စင်းဖြူတို့ လဲမရှိတော့ဘူး
ဆိုတော့-ကိုယ်တော်တိုင်ဘဲအခွန်ကောက်ဘို့ဖေါင်တော်နဲ့ထွက်ရတာပေါ့ ၊
          ဒွတ္တဘောင်မင်းကြီးဖေါင်တော် ထွက်ခါနီးမှာ
          ” မောင်တော် လမ်းခရီးမှာသတိနဲ့ သွားပါနော် ကျန်းမာရေးလဲဂရုစိုက်ပါမောင်တော် ”
          ဆိုပြိး အနမ်းကလေးနဲ့နှုတ်ဆက်လိုက်သေးတယ်
          ” ဒါ နုတ်ဆက်အနမ်းဘဲ -
” သွားပေအုံးတော့အချစ်ဆုံးမုန်းသူကြီးရေ ”     
အမှန်တော့ ပန်ထွာက မချစ်သော်လဲ အောင့်ခါနမ်းဆိုသလို ” သူအနေနဲ့နောက်ဆုံး
”တော် တော်တတ်နိုင်တဲ့ ပန်ထွာဘဲနော်အဘိုး”
 သွားမစနဲ့  ထိမယ်နော်  သတိထား ”
” ဟ နင်က ငါကို ဘလိုင်း ကြီး နှိပ်နေပါလား ”
” ကဲ ကဲ တော်ကြပါကွာ နင်တို့ကလဲ အဘိုး ပုံဆက်ပြော ”
          ” အေးအေး အေးပါကွဲ့ ”
တနေ့တော့ ဒွတ္တဘောင်မင်းဟာ အမတ်တချို့  နဲ့ အခွန်ကောက်ဘို့ဖေါင်နဲ့ ထွက်ခဲ့တယ်။
          တနေရာရောက်တော့ လေကြီမိုးကြီးကျလာပြိး ဖေါင်ကဆက်မသွားနိုင်တော့ဘဲမြစ်ကမ်းဘေး
တနေရာကတောအုတ်တနေရာမှာသွားဆိုက်ကပ်နေတယ်၊
          မင်းကြီးလဲ ဖေါင်ပေါ်ကခဏဆင်းပြိးတောထဲခဏ၀င်ခိုနေရတယ်၊တောထဲရောက်တော့မိုးကြီး
လေကြီးပြန်ကျလာတာနဲ့သစ်ပင်တပင်အောက်မှာဝင်ခိုလိုက်ရတယ်၊ဒွတ္တဘောင်ဝင်ခိုမိတဲ့သစ်ပင်ကြီး
ကသလျော်နွယ်ကြီးတွေ့နွယ်တက်နေတဲ့အပင်ကြိး၊လေကြီးမိုးကြိးတိုက်တော့သရော်နွယ်တွေကပွတ်
တိုက်ပြိးချွဲကျိကျိအရေတွေ ဘုရင်ကြိးရဲ့ ခေါင်းပေါ်ကျလာတယ်၊ အဲဒါကိုဘုရင်ကြိးက ချဲကျိကျိအရေ
တွေခေါင်းနဲ့ မျက်နှာပေါ်ကျလာတာကိုဘာရေတွေဘာလဲဆိုပြိးမော့ကြည့်ရင်သုတ်ပြစ်နေတယ်၊
နောက်တော့ သုတ်ပြစ်ရင်း - သုတ်ပြစ်ရင်းနဲ့သူနှဖူးမှာရှိတဲ့မှဲ့ အရှင်ကပြန်ပေါ်လာတယ်
ဘုန်းတန်ခိုးတွေပြန်တက်လာခဲ့တယ်၊
” ဟာဒါ ဆို ဘုန်းတန်ခိုးတွေပြန်ရှိလာမှာပေါ့ နော် အဘိုး ”
” အေး ဟုတ်တယ် ဘုန်းတန်ခိုးတွေပြန်တက်လာတယ် ”
” အော်ဒါကြောင့် သရော်ကင်းပွန်းနဲ့ ခေါင်းလျော်ကြတာကိုး ”
” အဲဒါ ဒွတ္တဘောင်မင်းကြီးက စတွေ့တာပေါ့ကွဲ့ ဘုန်းနိမ့်တဲ့သူတွေ ထောင်ကထွက်လာတဲ့
သူတွေ သရော်ကင်းပွန်းနဲ ခေါင်းလျော်ရတယ်ဆိုတာ့ -အဲဒါကြောင့်ပေါ့ကွဲ့  ”
အခုခေတ်တော့သင်္ကြန်ကျတော့မှာ သရော်ကင်းပွန်းနဲ့ ခေါင်းလျော်ကြတယ် ၊ အမှန်တော့
တော့နေ့ တိုင်းသရော်ကင်ပွန်းနဲ့ လျော်နိုင်ရင်ပိုကောင်းတာပေါ့”
အခုခေတ်ဆပ်ပြာထုတ်လုပ်တဲ့သူတွေက သရော်ကင်ပွန်းဆပ်ပြာဆိုပြိးလုပ်ရောင်းဘို့
ကောင်းတယ်၊ ”
“ဟုတ်တာပေါ့နော် အဘိုး သမီး ကိုယ်တိုင်ထုတ်မယ် ”
အင်း အင်း - ပုံနားထောင်ပြီး စီးပွါးရေးသောင်းကျန်းတော့မယ် ”
ပန်ထွာမင်းသမီးက သူ လုပ်လိုက်လို့ ခံနေရတယ်ဆိုပြီး ၀မ်းသာနေမှာပေါ့နော် ”
” အင်း ဒါပေမဲ့ သိပ်ကြာကြာ ၀မ်းမသာရလိုက်ပါဘူးကွယ် ”
” ပန်ထွာက နောက်ဆုံးနှတ်ဆက်အနမ်းဆိုတာ သူ့ အတွက် တကယ် ဘဲ နှုတ်ဆက်လိုက်
  တာဘဲ ကွဲ့ ”
” ဘယ်လို ဖြစ် လို့ လဲ အဘိုး ”
ပန်ထွာမင်းသမီးကလဲသူပွေးဖြစ်ခဲ့ဘူးတဲ့ဘ၀ကရခဲ့တဲ့ရသာတဏှာဝါသနာအထုံကြောင့်
သစ်ဥသစ်ဖုကိုဘဲစုံစုံမက်မက်စားလေ့ရှိတာကို ၊ ဒွတ္တဘောင်မင်းကြီးရဲ့ အမတ်တချို့ ကသိတယ်အဲဒါကို
အခွင့်ကောင်းယူပြီး၊ဒွတ္တဘောင်ရဲ့ အမတ်တချိုက ဒို့ ဘုရင်ကိုမကောင်းကြံသူကိုဒို့လဲမကောင်းကြံ
ပန်ထွာမင်းသမီးဟာ နဂိုကထဲက သစ်ဥသစ်ဖုကို အင်မတန်နှစ်သက်တာကြောင့်။နှစ်နှစ်ကြိုက်ကြိုက်
စားပြီး အိပ်ယာထဲမှာ အစာအဆိပ်တက်ပြိးမေ့မြောသွားတယ်၊
          နောက်တနေ့မနက် အထိန်းတော် မိအု သလွန်ညောင်ဇောင်းထဲဝင်ရှာတော့ ပန်ထွာမင်း
သမီးလေးပျောက်ခြင်းမလှပျောက်နေတာတွေ့ရတယ် ၊
          ” ပန်ထွာဘုရင်မပျောက်သွားပြိ - ပန်ထွာဘုရင်မရှိတော့ဘူး 
          အထိန်းတော်မိအု ရဲ့ အော်သံကြောင့်  နန်းတော် တခုလုံးဆူညံသွားတယ်
တကယ်တော့ ပန်ထွာမင်းသမီးကလေးဟာ  အစာ အဆိပ်ဖြစ်ပြီး သေတော့မယ်ဆိုတာသိတော့
သူမိခင်ကိုတလိုက်တယ်- ” အမေရေကယ်ပါအုံး ”
ပန်ထွာငြီးတွားပြီးအော်နေတာကိုသူ့ ရဲ့မိခင်ဖြစ်တဲ့ စန္ဒမုက္ခိဘီလူးမကသိလို့တိတ်တဆိတ်လလာခေါ်
သွားတယ်-ဘယ်သူမှမမြင်လိုက်ဘူး - ပိဿနိုးမြို့ ချောင်းအကူးမှာ ပန်ထွာနားမှာပန်ထားတဲ့နားဋောင်း
တဘက်ချောင်းထဲကျသွားတယ်( အဲဒီနေရာကချောင်းကိုအခုတိုင်နဋောင်းကျချောင်းလို့ခေါ်တယ်ကွဲ့ )
တောထဲတနေရာရောက်တော့ပန်ထွာမင်းသမီလေး နတ်ရွာစံသွားတယ်-အဲဒီတောထဲမှာ မီးသဂြိုလ်
လိုက်ပြီး ပန်ထွာရဲ မိခင် ဘီလူးမကြီးလဲ သမီးကိုမီးသဂြိုလ်လိုက်ပြီးမကြာခင်မှာဘဲ ရင်ခွဲနာကျပြီးသေ
သွားတယ်      
          ဒွတ္တဘောင်မင်းကြီး နန်းတော်ကိုပြန်ရောက် တော့ ပန်ထွာမင်းသမီးကလေးကိုမတွေ့တော့မေး
တယ် -  ပန်ထွာမင်းသမီးကလေး ပျောက်သွားတယ် လို့ ၀ိုင်းပြီးလျောက်ကြတော့ ဒွတ္တဘေင်မင်းကြီး
ဟာ  တော်တော်ပူဆွေးသောကရောက်ရရှာတယ် ၊    
” ပန်ထွာ- ပန်ထွာ-  နှမ ငယ် ပန်ထွာ ”
ဒွတ္တဘောင်မင်းကြီးကတော့ သူအင်တန်ချစ်မြတ်နိုးတဲ့ မိဖုရားပန်ထွာကို အမြဲတမ်းမြင်ချင်
တွေ့ ချင်နေတာကြောင့် ပုံတူရုပ်ထု တခု ထုလုပ်ပြိး နန်းတော်ထဲမှာထားတယ် ၊     
” ပန်ထွာရယ် မင်းက ငါ့အပ်ါမှာ ဘယ်လိုဘဲ အမျက်ကြီးခဲ့ပေမဲ့ - ငါကတော့ မင်းကို ထာဝရ  အောင့်မေ့ သတိရလျက်ပါ -လွမ်းမြဲ.. လွမ်းဆဲပါပဲ ပန်ထွာရယ်……။
ဒွတ္တဘောင်မင်းကြီးကလဲ သာသနြာ့ပုရာမှာ-ကျောင်းတွေဆောက်ဘုရားတွေတည်တယ်
ဆိုပေမဲ့-အလှူတကာတွေလှူထားတဲ့သာသနာ့ဝတ်တကမြေတွေကိုသိမ်းပြိး၊ဘုရားတည်တာတွေကို
လုပ်တော့၊အလှူရှင်တွေ၊လက်အောက်ခံတိုင်းပြည်တွေကမကျေနပ်လို့အခွန်ပဏ္ဍာဆက်သတာတွေ
နဲလာတယ်၊ အဲဒီ အကုသိုလ်ကတော့ပြေးလို့မလွတ်ဘူးကွဲ့  ၊ တနေ့ဖေါင်တော်နဲ့ခရီးထွက်ရာသွားရာ
မှာ ပင်လယ်ထဲမှာဘဲ မုန်းတိုင်းမိပြီး ဖေါင်တော်မြုပ်သွားလို့ နတ်ရွာစံသွားရရှာတယ်။
ဒွတ္တဘောင် နဲ့ ပန်ထွာမင်းသမီး တို့ကနေ သားတော် ၄ ပါး ဖွားမြင်ခဲ့တယ် ၊ 
သားတော် အကြီး  ဒွတ္တရန်က အိမ်ရှေ့မင်းသားအဖြစ်လက်ခံပြီး ကျန် ၃ ပါးက ရသေ့ဝတ်ပြီးတော ထဲမှာတရားအားထုတ်နေကြတယ်         
ဒွတ္တဘောင်နတ်၇ွာစံတော့ သားတော် ဒွတ္တရန် က သရေခေတ္တရာကိုဆက်ပြိးထီးနန်းအုပ်ချုပ်
စိုးစံတယ်ကွဲ့  
          သာသနာသက္ကရဇ် ၁၀၁ ခုနှစ်ကစပြီး ဒွတ္တဘောင်မင်းကြီးတည်ခဲ့တဲ့ သရေခေတ္တရာပြည်ကြီး
ဟာ နန်းဆက် ၂၅ ဆက်တိုင်တိုင်စိုးစံပြိး နှစ်ပေါင်း ၅၂၇ နှစ်ကြာအောင်တည်တန့် ခဲ့တယ်၊
နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သုပညာနာဂရဆိန္ဒလမင်းလက်ထက်မှာဘုရင်လုပ်သူဟာအုပ်ချုပ်ရေးညံ့
ဖျင်းလာတယ်၊တိုင်းပြည်ကိုတည်ငြိမ်အောင်မအုပ်ချုပ်နိုင်ဘူး၊ကမ်းယံနဲ့သက်လူမျိုးတွေကမကြာခဏ
ဝင်လာရောက်တိုက်ခိုက်လေ့ရှိတယ်၊အထူးသဖြင့်အဲဒီတုန်းက ငါစကောတပ်ဆိုတာတွေကရွာတွေကို
ဝင်ပြိးလုရက်တိုက်ခိုက်လေ့ရှိတယ်၊ဘုရင့်တပ်သားတွေကအစကြောက်နေရတယ်၊
ငါစကောတပ်သားတွေဝင်လာပြီဆိုရင်ဟိုပြေးဒီပြေးနဲ့ပုန်းကြရတယ်၊
          တနေ့မှာ အိမ်ရှင်မိန်းမကြီးတယောက်က ငရုပ်သီးတွေကို စကောထဲ ထဲ့ပြီးနေပူလှမ်းထား
တယ်၊ လေပြင်းတခုကတိုက်လိုက်တော့ သူလှမ်းထားတဲ့ငရုပ်သီးတွေနဲ့စကောကလွင့်ကုန်တယ်
          ” ဟဲ့  ဟဲ့  ငါ့စကောတွေလွင့်ကုန်ပြိလုပ်ပါအုံး ”
- ငါ့စကောတွေလွင့်ကုန်ပြီလုပ်ပါအုံးဆိုပြီး ”
အော်ပြိး နောက်ကလိုက်တယ် - လေပြင်းကလဲတိုက်နေတော့ လူတွေက  ငါစကောတပ်တွေဝင်လာပြီ
ဆိုပြီး ဟိုပြေးဒီပြေးနဲ့ ထွက်ပြေးကုန်ကြရင်း တိုင်းပြည်ပါပျက်သွားတော့တာဘဲ ၊
          အင်း ဘုန်းတန်ခိုးကြီးတဲ့ ဒွတ္တဘောင်မင်း တို့လို မင်းတွေက ကြီးကျယ်ခန်းနားအောင်တည်
ထောင်ခဲ့တဲ့ သရေခေတ္တာပြည်ကြီးဟာ ဘုန်းတန်ခိုးမရှိ အုပ်ချုပ်ရေးညံ့ဖျင်းတဲ့မင်းလက်ထက်ကျတော့
ဘာမဟုတ်တဲ့အကြောင်းကြောင့်ပျက်စီးသွားရတော့တာဘဲကွယ်
ကဲ ပိဿနိုး က ပန်ထွာ နဲ့  သရေခေတ္တရာ က ဒွတ္တဘောင်တို့အကြောင်းတော့ ဒီလောက်နဲ့  ဘဲရပ်လိုက်ကြစို့  နောက် ဆက်ပြောရမဲ့ ပုံပြင်တွေက အများကြီးကျန်နေသေးတယ်
ဒီနေ့တော့ ကာလသားကြက်မတွန်ခင် ဟိုးမှာ မိုးတွေ အုံ့ လာပြီ
” ကဲ သားတို့ သမီးတို့ လဲပြန်ကြပေတော့ ”
” ဟုတ်ကဲ့  ပြန်တော့မယ်နော် အဘိုး နောက်တပတ် ဘာပုံပြောမှာလဲ အဘိုး 
အေးနောက်တပတ်ပြောမဲ့ ရာဇ၀င်ပုံပြင်ကတော့ ----------
  မြန်မာ့အကြောင်းမြန်မာသိစေဘို့
မောင်သုည ၊
ကိုးကားသောစာအုပ်များ - နှင့် အင်တာနက်စာမျက်နှာများ
၁ - ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ - ပုဂံကပြောသောမိုင်း
၂ - ဒေါက်တာသန်းထွန်း - ပျူတွေဘယ်ပျောက်သွားလဲ
၃ - မသဇင် - ဘလောက်
၎ - ရှေးမြန်မာ - ဘလောက်
          ၅ - တောင်တွင်းကြီး - ဖိုရမ်
No comments:
Post a Comment