Saturday 15 September 2012
အဘိုးပြောတဲ့ - ရာဇ၀င်ပုံပြင် ( ၃ )
အဘိုးပြောတဲ့ - ရာဇ၀င်ပုံပြင်  ( ၃ )
” နိုင်တုန်းတော့ ကျင့်ထားလိုက်အုံးပေါ့ ဒွတ္တဘောင်ရယ် ”
”ဟဲ့ ငါ့မြေးတွေ ဒီနေအစောကြီးပါလား -ဘယ်လိုဖြစ်လာကြတာလဲ ”
”ဟုတ်တယ် အဘိုးရေ - ဟိုနေ့က အဘိုးပြောတဲ့ပုံပြင်ကို တပိုင်းတစ တိုးလိုးတန်းနဲ့ မိုးချုပ်
သွားလို့ အိမ်သာပြန်လိုက်ရတယ် - စိတ်ကသိပ်မကျေနပ်တာနဲ့ ဒီနေ့သူငယ်ချင်းတွေကိုခေါ်
ပြီး စောစောဘဲလာခဲ့တယ်အဘိုးရဲ့  ”
”အေး တို့များရဲ့ မြန်မာရာဇ၀င်ကိုပြောမယ်ဆိုရင် ဒုတ်ထမ်းပြိးပြောရမယ်ဆိုသလို-ဘယ်တော့
မှ မဆုံးနိုင်သလို-နားထောင်လိုလဲဘယ်တော့မှမ၀ဘူးကွဲ့  ”
” ဟဲ ဟဲ ငါ့မေးတွေက အဘိုး အကြိုက်ကိုတယ်သိသကိုးကွဲ့  ”ကဲ ကဲ ပုံစပြောမယ် ဟိုနေ့ကဘယ်ရောက်သွား လဲ ”
  ပန်ထွာမင်းသမီး ကစည်ကြီးတီးလိုက်တာ ဒွတ္တဘောင်တို့ရဲ့ တပ်တွေ ရေထဲမြောကုန်
တယ်လေ ”
          ” အေးအေး ဟုတ်တယ် - ဒီလိုဘဲ ဒွတ္တဘောင်ရဲ့ တပ်တွေချီတက်လာတယ်ဆိုတာသိတာနဲ့  ပန်ထွာမင်း သမီးက စည်တော်ကြီးတီးလိုက်တယ်ဆိုရင်ဘဲ - တောင်ဆီမှာ မိုးတွေညိုလာပြီး ရေတွေ
ဒလဟောဆီးကျလာတာဘဲ - ဒွတ္တဘောင်တပ်တွေဘယ်လိုမှပြေးလို့မလွတ်ဘူး အကုန်မြောကုန်တာ
ဘဲ - နောက်ဆုံးတော့ မတတ်နိုင်တာဘဲ ဒွတ္တဘောင်မင်းက ပဉ္စင်းညို +ပဉ္စင်းဖြူ အမတ်နှစ်ယောက်ကို
ခေါ်ပြီးတိတ်တဆိတ်တိုင်ပင်ကြတယ်၊
          လူဆိုးတွေနဲ့မောင်တိုင်ပင်ဆိုတဲ့အကြောင်းကိုမပြောခင် နဲနဲ အစကထဲကပြောဘို့နဲနဲကျန်နေ
တာရှိတယ်ကွဲ့ 
” ဘာလဲ အဘိုးရဲ့  ”
တကယ်တော့ပန်ထွာမင်းသမီးကလေးကဘီလူးမကမွေးတယ်လို့ဆိုတာ၊ဟိုးတုန်းကတို့မြန်မာနိုင်ငံထဲ
ကိုဝင်ရောက်လာတဲ့လူမျိုတွေထဲမှာဘုရားပွင့်တဲ့အိန္ဒိယနိုင်ငံဘက်ကသာကီဝင်အမျိုးအနွယ်တွေအ
ပြင်ပိုပြီးအနောက်ဘက်ကျတဲ့အခုခေါ်အရှေ့အဘယ်ပိုင်းလိုဆိုတဲ့ခေါမတို့ရောမတို့ဘေဘီလုံးဆိုတဲ့
နေရာတွေကလူမျိုးတွေတချို့ လဲပါတယ်၊သူတို့ကိုအရပ်အမောင်းကောင်း၊ကိုယ်လုံးကိုယ်ထည်ထွား
ထွားကြိုင်းကြိုင်းရှိကြတယ်၊အဲဒီဘေဘီလုံဘက်ကလူမျိုးတွေကို၊ဘီလူးလို့ခေါ်ကြတာကွဲ့ 
ပန်းချီပုံတွေထဲမှာတွေ့ရတဲ့အစွယ်ငေါငေါနဲ့ ဘီလူကြီးတွေမဟုတ်ဘူး၊သူတို့ကများသောအား
ဖြင့်အသားမစားဘူးကွဲ့ ၊(နောက်အဘိုးပြောမဲ့ ပုပ္ပါးတောင်မှာရောက်နေတဲ့မယ်ကုဝဏ်ဆိုတဲ့ဘီလူးမ
ဆိုသူကပန်းဘဲစားတယ် ) အခု ပန်ထွာမင်းသမီးကလေးကလဲသစ်ဥသစ်ဖုတွေကိုဘဲစားတာကွဲ့ 
ဒါကြောင့်သူအသားအရေကဖြူမွေးပြိးနူးညံ့ တယ်၊နောက်ပြီးသူ့ ရဲ့ ဆုတောင်းကြောင့်သူရဲ့ ကိုယ်သင်း
2
ရနံ့ ကလဲ အင်ကြင်းပန်းရနံ့ အမြဲသင်းနေတယ်၊ပိဿနိုးမြို့ ထဲမှာအင်ကြင်းပင်တပင် မှတရှိဘဲနဲ့ အလိုလို အင်ကြင်ရနံ့ ကသင်းနေတယ်၊
အဲနောက်ပြိး
          ဒွတ္တဘောင်မင်းဆီကိုအခွန်ဆက်သနေရတဲ့အထဲမှာ သျှီဝမြို့ လဲပါတယ်လို့အဘိုးပြောခဲ့
တယ်မဟုတ်လား ၊ အဲဒီ သျှီဝမြို့ မှာ ညီအကိုနှစ်ယောက်ရှိတယ်၊အကိုက သျှီဝ ၊ ညီက သူရတဲ့
ဒွတ္တဘောင်မင်းဆီကိုအခွန်ဆက်သဘို့နဲ့ပတ်သက်ပြီး-ညီအကိုနှစ်ယောက်သဘောထားကွဲလွဲနေ
ကြတယ်၊အကိုကပိဿနိုးမြို့ က ပန်ထွာမင်းသမီးနဲ့ ပေါင်းပြီးဒွတ္တဘောင်ကိုပြန်တိုက်ဘို့ ဆုံးဖြတ်
ညီငယ်သူရကတော့ပန်ထွာမင်းသမီးလက်အောက်ကိုမခံလိုဘူး-သရေခေတ္တရာက -ဒွတ္တဘောင်မင်း
နဲ့ ပေါင်းမယ်လို့ဆိုတယ်၊
အဲဒါနဲ့ ဘဲအကိုဖြစ်သူက ပိဿနိုးကိုသွားပြီးပန်ထွာမင်းသမီးလေးဆီမှာစစ်ကူတောင်းသွား
ရင်းနဲ့ ပန်ထွာမင်းသမီးကိုမြင်ပြီး၊စွဲလန်းနေတယ်၊ပန်ထွာမင်းသမီးကလဲသျှီဝကိုစစ်ရေးစစ်ရာမှာကျွမ်း
ကျင်တဲ့အတွက်၊အားကိုအားထားပြုပြိးပန်ထွာရဲ့ လက်ရုံးတော်အဖြစ်နေရာပေးထားလိုက်တယ်၊   
သီဟက ဓါးရေးလှံရေးနဲ့ စစ်ဘက်ရေးရာမှာလဲကျမ်းကျင်သလို၊အနုပညာဘက်မှာလဲစွမ်းရည်ရှိတယ်
သီဟ ကဆောင်းတီးအလွန်ကောင်းတယ်၊တခါတလေ ပန်ထွာမင်းသမီးကိုဆောင်းတီးပြီးဖျော်ဖြေ
ပေးလေ့ရှိတယ်၊
( ပိဿနိုးနဲ့သရေခေတ္တာခောတ်မှာ အနုပညာပစ္စည်းတွေဖြစ်တဲ့ - ကြေး၊ကြိုးသားရေ
လေ၊လက်ခုတ် ၊လို့ ဆိုတဲ့ တူရိယာ ၅ မျိုးစလုံးကိုစတင်အသုံးပြုနေတဲ့အပြင်သီချင်းရေးစပ်သီဆိုခြင်း
လဲရှိခဲ့တယ်လို့ဆိုတယ်- တရုပ်ပြည်ကိုအနုပညာအဖွဲ့ သွားရောက်ဖျော်ဖြေခဲ့တယ်-သီချင်း(၁၂ )ပုဒ်
ရှိတယ်လို့ မှတ်တမ်းများမှာတွေ့ရတယ်ကွဲ့  )
          ” အင်း သမီးတို့ မြန်မာနိုင်ငံဟာ အနုပညာမှာတော်တော်ရှေးကျခဲ့တာဘဲနော် ”
          ” အေး ဒါတင်ဘယ်ဟုတ်အုံးမလဲ ဘုရားမတင် နတ်မတင် လူတွင်ပန်းဆယ်မျိုးဆိုတဲ့
လက်မှုပညာ ၁၀ မျိုးကိုလဲ အားလုံးတက်မြောက်နေကြတဲ့အထောက်အထားတွေ တွေ့တယ် ကွဲ့ ”
ကဲ ကဲ ပုံအကြောင်းဆက်ပြောရအောင်
ဒါနဲ့ ညီဖြစ်တဲ့ သူရကတော့အကိုနဲ့သဘောထားခြင်းမတိုက်ဆိုင်တဲ့အတွက် သရေခေတ္တရာဘက်
ထွက်လာပြီး၊ဒွတ္တဘောင်ရဲ့ အမတ် ပဉ္စင်းညို + ပဉ္စင်းဖြူတို့နဲ့ လာပေါင်းတော့တာပေါ့ ၊
          အဲဒီမှာဘဲ သုံးယောက်ပေါင်းလောင်းကျော်ဆိုတာလို၊ပဉ္စင်းညို+ပဉ္စင်းဖြူတို့်ဟာ သူရ ပေး
တဲ့အကြံအတိုင်းလုပ်ကြတော့တယ်၊
          ပန်ထွာမင်းသမီးဟာ သူရဲ့ အဖဆရာရသေ့စကားကိုတော်တော်နားထောင်ရတယ်၊ပိဿနိုး
မြိုသူမြို့သားတွေကလဲနတ်တို့ ဗေဒင်တို့ဂါထာ၊မန္တာန်တွေကိုတော်တော်ယုံတယ်၊ဒီအချက်ကိုကောင်း
ကောင်းယုံတယ်ဆိုတာကိုသိတဲ့သူရကဒီလိုစီစဉ်လိုက်တယ်၊----------
ပိဿနိုးမြို့ နားကတောထဲမှာ ရသေ့နှစ်ပါးကို လူတွေတော်တော်များများလာရောက်ဖူးကြ
3
ဆည်းကပ်ကြလို့အလွန်နံမယ်ကြီးနေတယ်၊ဒီရသေ့နှစ်ပါးကဂါထာ၊မန္တာန်တွေမန်းမှုတ်ပေးလိုက်ရင်
လာဘ်ပွင့်ပြိး၊အရောင်းအ၀ယ်ပွင့်လန်းကြတယ်၊ကျွဲတွေနွားတွေပျောက်တာကိုလဲမေးလို့ရတယ်
သွားမေးရင်ဘယ်နေရာမှာရှိတယ်ဆိုတာကိုအတက်ပြောနိုင်သတဲ့၊
          ” ဗေဒင်တွေယတတြာတွေပေးနိုင်ရင် ချဲနံပါတ်ပေးနိုင်တဲ့ဘုန်းကြီးဆီ လူတွေတိုးဝှေ့ ပြီးဖူးကြ
သလိုပေါ့ကွဲ ”
” ဟိုတုန်းက လူတွေက လဲ ဒီလိုဘဲ လား အဘိုး ”
” အေး ပေါ့ ကွဲ့  ဘာမဆို အချောင် လိုချင်တဲ့ စိတ် လောဘ စိတ် ရှိတဲ့လူတွေဟာ ဒီလိုဘဲ အလိမ်ခံ ရတယ်ကွဲ့  အခု ဒီရသေ့ နှစ်ပါးကလဲ လူလိမ်တွေလေ ”
          တကယ်တော့ သူရ ရဲ့ တပည့်တွေက ပစ္စည်းတွေ၊ကျွဲတွေနွားတွေကိုခိုးပြီးတနေရာမှာဖွတ်
ထားလိုက်တယ်၊ အဲဒါကိုရသေ့ကိုပြောပြထားတာဆိုတော့ရသေ့ကမှန်အောင်ပြောနိုင်တာပေါ့ ၊
အဲဒီရသေ့ဆိုတာကလဲ ပဉ္စင်းညို နဲ့ ပဉ္စင်းဖြူဘဲလေ ၊
          အဲဒီလိုနဲ့ တဖြေးဖြေးဒီရသေ့နှစ်ပါးက ပန်ထွာရဲ့ ဆရာရသေ့ကြီးဆီချည်းကပ်ပြိးဝပ်ကြီးဝပ်
ငယ်ပြုလုပ်ပေးတယ်၊တပည့်ခံတယ်ပေါ့၊ရသေ့ကြီးကလဲအကောင်းမှတ်ပြီးသူတို့ကိုတခါတခါနန်း
တော်ထဲကဘာသာရေးပွဲတွေမှာခေါ်ခေါ်သွားတယ် ၊တဖြေးဖြေးနဲ့ ပန်ထွာမင်းသမီးကလေးနဲ့ ရင်းနှီး
အောင်ကျိုးစားတာပေါ့ ၊တော်တော်လေးရင်းနှီးမှုရလာတယ်ဆိုတော့မှ
          ရသေ့နှစ်ပါးကဒီလိုပြောတယ်
”အရှင် ရသေ့ကြီး ဒီ အတုလစည်တော်ကြိးကိုဂါထာမန္တာန်တွေရွတ်ဖတ်သရဇ္ဈယ်ပြီးစည်ကြီး ကိုပြန်လည်ပြီးသိက္ခာတင်မယ်ဆိုရင်ရန်အပေါင်းကလဲအောင်မြင်နိုင်မဲ့အပြင်တိုင်းပြည်လဲပိုပြီးစည်ပင်သာယာ ၀ပြောလာမယ်  အရှင် ရသေ့ကြိး ”
 ဒီအချိန်ဟာသာသနာသက္ကရဇ် ၁၀၃ ခုနှစ် ပိဿနို့းမြို့ လဲပျက်ချိန်တန်တဲ့ကိန်းဆိုက်နေတော့
ရသေ့ကြီးကလဲ အကြံသမားတွေရဲ့ စကားကိုယုံကြည်ပြိးလက်ခံလိုက်တယ်         -
” ကောင်းပြီးလေ ဒါဆို အသင်တို့ ကောင်းမယ်ဆိုရင် လုပ်ပေးကြပါ ” လို့ ခွင့်ပေးလိုက်တယ် ။
အကြံသမားအမတ်နှစ်ယောက်လဲစည်တော်ကြီးကိုမသန့်ပြန့် တဲ့အ၀တ်တန်ဆာတွေနဲ့
လွှမ်းခြုံပေးပြီးမသန့်တဲ့ရေတွေပက်ဖြန်းလိုက်တာကြောင့်၊စည်တော်ကြီးရဲ့တန်ခိုးအရှိန်အာဏာစက်
တွေပျောက်ကုန်တယ်၊သူတို့အကြံအစည်အောင်မြင်တော့ရသေ့အယောင်ဆောင်အမတ်နှစ်ယောက်
လဲခရီးတခုထွက်စရာရှိတယ်ဆိုပြိးထွက်သွားကြတယ်၊     
ပဉ္စင်းညို နဲ့  ပဉ္စင်းဖြူတို့က သူတို့ အကြံအစည်အတိုင်းအောင်မြင်သွားပြီ - စည်ကြီးကိုအသံ
မမြည်အောင်လုပ်ခဲ့ပြီလို့ ဒွတ္တဘောင်မင်းကိုအစီရင်ခံလိုက်တော့ ၊
ဒွတ္တဘောင်မင်းက သူတို့အကြံအစည်အောင်ပြိဆိုတော့ပန်ထွာမင်းသမီးရဲ့ ပိဿနိုးမြို့ကိုအလုံး
အရင်းနဲ့ ချီတက်လာတယ်
သရေခေတ္တာကစစ်တပ်တွေချီလာတယ်လို့ ပန်ထွာမင်းသမီးလေးကိုလျှောက်တင်လိုက်
တယ်ဆိုရင်ဘဲ - ပန်ထွာမင်းသမီးကလေးက စည်တော်ကြီးဆီကိုသွားပြိးထုံးစံအတိုင်းဂါထာ
4
မန္တာန်တွေရွတ်ြပီးတီးတော့တာပေါ့ -
ဒါပေမဲ့ - ဒါပေမဲ့  စည်းတော်ကြီးက အသံထွက်မလာဘူး -
ထွက်လာတဲ့အသံကလဲ အောင်စည်ဟိန်းသံမဟုတ်ဘူး - ပလုပ်တုတ်နဲ့ ဂျောက်ဂျက်ခေါက်သံ လိုအသံမျိုးထွက်လာတာမို့ မိုးချုံးသံလဲထွက်မလာဘူး တောင်ကျရေတွေလဲကျမလာတော့ဘူး
-         ပန်ထွာမင်းသမီး တော်တော်စိတ်ဆိုးသွားတယ်၊
-         တောက် ” တချက်ခေါက်လိုက်တယ်
-          ဒွတ္တဘောင်ရဲ  တပည့် ပဉ္စင်းညို  + ပဉ္စင်းဖြူတို့လက်ချက်ဘဲဖြစ်ရမယ် ”
-          တွေ့ ကြသေးတာပေါ့ ”
” ဒွတ္တဘောင်ရဲ တပ်တွေကို မခုခံ နဲ့ နန်းတော် ထဲကို ၀င်လာခဲ့ ပစေ - ဘုရင်မက အသင့်
 စောင့်နေတယ် လို့ အမိန့် ပေးလိုက်တယ် ”
          သရေခေတ္တာစစ်သားတွေဟာ ပိဿနိုးက စစ်သားတွေပြန်လည်ခုခံတာမတွေ့ရတော့
အံ့သြနေတယ်-တဖြေးဖြေနဲ့မြို့ ထဲကိုဝင်လာတယ်-
ဒွတ္တဘောင်က လဲ ပန်ထွာကိုတိုက်ခိုက်တဲ့အခါမှာ တတ်နိုင်သမျှအသေအပျောက်နဲအောင်
တက်ကြ - တို့က လူသတ်ဘို့ မဟုတ်ဘူး - မိတ်တွေဖွဲ့ ဘို့ လာတာလို့ သူ တပ်တွေကို အမိန့် ပေး
ထားတယ်
          ဒွတ္တဘောင်မင်းနဲ့  ပဉ္စင်းညို ပဉ္စင်းဖြူတို့ နန်းတော်ထဲကိုအခြေအနေအကဲခပ်ရင်းဝင်လာတယ်
သျှီဝ ဟာ စစ်ရေးစစ်ရာမှာကျွမ်းကျင်ပြိး ဓါးရေးအထူးကျွမ်းကျင်တဲ့ သူတယောက်ဖြစ်တယ်။
          ပိဿနိုးနန်းတော်ဝမှာပန်ထွာမင်းသမီး နဲ့ သျှီဝမြို့ စားတို့ကခန်ခန့် ညားညားကြီး ရပ်ပြီး ဒွတ္တဘောင်တို့ကို ဒေါသအမျက်ထွက်ပြီး စောင့်ကြည့်နေကြတယ်။
ပန်ထွာက ဒွတ္တဘောင်ကိုမြင်တော့စူးရှတဲ့မျက်လုံးအစုံနဲ့ ကြည့်လိုက်တယ်၊တကယ်တော့ပန်ထွာရဲ့ 
အကြည့်က၊ဒွတ္တဘောင်ကိုခေါထဲပြာကျအောင်စိုက်ကြည့်လိုက်တာဘဲ၊
ဒါပေမဲ့ ပထမဦးဆုံး ဒွတ္တဘောင်မင်းကိုညိုစွဲခံလိုက်တာရကတော့ပန်ထွာရဲ့ အလှနဲ့ သူကိုယ် ကသင်းပြန့် ပြီးထွက်လာတဲ့ အင်ကြင်းရနံ့ ဘဲ ၊ဒီအင်ကြင်းနံ့ က ဒွတ္တဘောင်ရဲ့ စိတ်ဆန္ဒကိုနှိုးဆွပေး
သလိုဖြစ်နေတယ် ၊
          ပန်ထွာ့ နဘေးမှာ ရပ်နေတဲ့ သှျှိဝ ကိုမြင်ရတော့  စိတ်ထဲမှာ မနာလိုစိတ်နဲ့ဒေါသစိတ်ကိုနိုးဆွ
ဖြစ်လာတယ် ၊
” ကဲ ပန်ထွာညီမငယ် -ကျွုပ်တို့အရှင်သည် အသင်၏စစ်သည်များအားမသတ်လိုသင်တို့ အ သာတကြည်အညံ့ခံလျင်၊ကျွနုပ်တို့ဘုရင်၏သစ္စာခံမည်ဆိုလျှင်ကြီးစွာသောမြှောက်စားခြင်းပြုတော်မူ
မည် ပန်ထွာသမီးငယ်သင်အားကျွနုပ်တို့အောင်နိုင်နေပြီ၊ သစ္စာခံလှဲ့ ပါ ”
ပဉ္စင်းညို က ပြောလိုက်တယ် 
5
” ဒီလို ကောက်ကျစ်တဲ့ ဥာဏ်နီဥာဏ်နက်သုံးပြီး နိုင်တာကို အောင်နိုင်တယ်လို့ခေါ်မလား
ယောက်ျားဆိုတာ လက်ရုံးရည်းချင်းပြိုင် နိုင်မှ အနိုင်ရ တာ သိရဲ့ လား ပဉ္စင်းညို ”
”ဘယ့်  နှယ်လဲ ကျေနပ် ရဲ့ လား ”
ပန်ထွာက နှစ်ဦးချင်း တိုက်ဘို့စိန်ခေါ်လိုက်တာ ဘဲဖြစ်တယ်
” ကောင်းပြိးလေ ဒီလို ဆိုတော့ လဲ စမ်းလိုက်ပေါ့ ပန်ထွာ ”
” သျှီဝ ဒီ အကောက်ကြံသမား နှစ်ယောက်ရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဘုရင်မကိုဆက်စမ်းပါ ”
” ကောင်း ပါပြိး သင်မ ”
သျှီ ၀ ဟာ ဘုရင်မကို အရိုအသေပေးဦးညွှတ်ပြီး ရှေ့ကိုထွက်လိုက်တယ်
ခါးမှာထိုးထားတဲ့ ဓါးကို ဆွဲထုတ်လိုက်တယ် ၊
” အသင်တို့ က နှစ်ယောက်လား ”
 အင်း ဒါလဲကောင်းတာဘဲ မြန်မြန်ပွဲပြိး တာပေါ့ ”
 သျှိဝ က ဓါးကို အသင့်ကိုင်ပြီး အခြေအနေကို အကဲခပ်လိုက်တယ်။
ပဉ္စင်းညို နဲ့  ပဉ္စင်းဖြူက ဘယ်ညာခွဲပြိး နေရာယူလိုက်တယ် ၊
သူတို့နှစ်ယောက် တပြိုက်နက် ၀င်ခုတ်လိုက် ၊
သျှီဝ က ကြောင်တကောင်လို လျင်မြန်စွာခုန်ြုပီးရှောင်လိုက်တယ် ၊
ဓါးချက်တွေကတော့ ဆူညံသွားတယ် ၊
သျှီဝ ဓါးခုတ်ကျွမ်းကျင်ပြိးသားဆိုတော့ ဓါးကို စက်လို ဘယ်ညာဝှေ့ ပြိး ၀င်လိုက်တာ
ပဉ္စင်းညို နဲ့ ပဉ္စင်းဖြူတို့ ရဲ့ ခေါင်း နှလုံးဟာ တချိန်ထဲပြတ်သွားတယ် ၊
” ဟာ ပဉ္စင်းညို နဲ့ ပဉ္စင်းဖြူတို့ ခေါင်းတွေပြတ်ကုန်ပြိး ”
” ဟာ ပဉ္စင်းညို နဲ့ ပဉ္စင်းဖြူတို့ ခေါင်းတွေပြတ်ကုန်ပြိး
 ဘေးက ကြည့်နေတဲ့သူ တွေက ၀ိုင်းအော်ကြတယ် ၊
 ပန်ထွာက အားရကျေနပ်စွာနဲ့ ဟားတိုက်ပြိး ရီလိုက်တယ်
” ဒါ မှ ယောက်ျား ကွ ယောက်ျားအစစ်ဆိုတာ ဒါဘဲ 
 အကောက်ကြံချင်တဲ့ အမတ် နှစ်ယောက်တော့ ဇီဝိန်ချုပ်သွားပြိး ဟား ဟား ဟား ”
 သျှီဝ က ခေါင်း နှစ်လုံးကို ကိုင်ပြိး ပန်ထွာဘုရင်မ ကိုဆက်သလိုက်တယ်
ပန်ထွာ မင်သမီး ဆုလာဘ်အဖြစ် သူ့ ကိုယ်မှာလွှာထားတဲ့ ပုဝါကို သှျှီဝကိုခြုံပေးလိုက်တယ်၊
သျှီဝ ကို ပုဝါကို စ ကို ယူပြီး နမ်းလိုက်တယ် ၊
” ပန်ထွာက ဒွတ္တဘောင်ကို မခန့် လေးစားနဲ့ကြည့်ပြိး သှျှိဝ ငါ သူခေါင်းကိုလဲ လိုချင်တယ်”
ဒွတ္တဘောင်က ဒေါသ တကြီးနဲ့  လှံကို ဆွဲထုတ်လိုက်ပြီး
” စမ်းလိုက်လေ ရ မလား  လို့ စမ်းလိုက်တာပေါ့ ”
ဓါးကျွမ်းတဲ့ သျှီဝ နဲ့ လှံဘုရင် ဒွတ္တဘောင်တို့ လယ်ပြင်မှာ တွေကြပြီပေါ့
6
ဒွတ္တဘောင်က သှျှီဝ မြင်ကထဲက ပန်ထွာ အနား ကပ်နေပြီး ပန်ထွာအချစ်ကိုယူ မဲ့သူဆိုမကျေမနပ်
ဖြစ်နေတာ ၊ ပန်ထွာက သူခြုံထားတဲ့ ပုဝါကို ပေးလိုက်တော့ ပိုပြိး မနာလိုဖြစ်သွားတယ် ၊
သျှီဝ က လဲ ပန်ထွာကို ဒွတ္တဘောင် သိမ်းပိုက်ဘို့ ကြံနေတာသိတော့ လုံးဝ လက်လွတ်မခံ
နိုင်ဘူးဖြစ်နေတယ်
အကြိတ်အနယ် ယှဉ်ပြိုင်ကြဘို့အတွက် နှစ်ယောက်သားမြင်းပေါ်တက်လိုက်ကြတယ်၊
          ” ဖေ့သားကြီး အစွမ်းကုန်ကျဲလိုက်စမ်းဟေ့ ”
တွေ ဆူညံသွားတယ် ၊
နှစ်ယောက်သား အရှိန်လွန်သွား ကြတယ် -မြင်းတွေကိုဇတ်ဆွဲပြီး ပြန်လှည့်လာကြတယ်
          မြင်း နှစ်ကောင် ရင်ဆိုင်တိုးကြပြန်တယ်-လှံနဲ့ဓါးအပြန်အလှန်ခုတ်ကြထိုးကြရင်း
တယ် ၊
” ဟား   ဟား  ဟား   
သှျှီဝ က ဟားတိုက်ပြီးရယ်လိုက်တယ်
ဒွတ္တဘောင် က လွတ်ထွတ်သွားတဲ့ လှံတံကိုမြေပေါ်ပြန်အကျခင် လက်ရဖမ်းမိအောင်
မြင်းနဲ့ အပြေးလိုက်ပြိး ဖမ်းလိုက်တယ်၊
လူကတော့ မြင်းပေါ်က လွင့်ကျပြီး ရပ်ကြည့်နေတဲ့ ပန်ထွာမင်းသမီး ကိုယ်ပေါ်ကို ဖတ်လျက်
သားကျသွားတယ်၊
” အမလေး ဘုရားကယ် ပါ ”
ပန်ထွာ မင်းသမီးကလေး က အလန့် တကြားအော်လိုက်တာ က မမျှော်လင့်တဲ့အဖြစ်
အပျက် ၂ ခု ကတပြိုင် ဖြစ်လိုက်လို့ ဘဲဖြစ်တယ်
ဒွတ္တဘောင် ကမြင်းပေါ်ကကျလာပြိး ပန်ထွာ့ကိုဖတ်မိလိုက်တဲ့အချိန်ထဲမှာဘဲ
သျှီဝ က မမျှော်လင့်ဘဲ ရင်ဝကိုထိုးဆိုက်လာတဲ့ လှံကိုဆုတ်ကိုင်ထားရင်း မြင်းပေါ်ကထိုးကျ
သွားတယ် ၊
ပန်ထွာက ဒွတ္တဘောင်ဖက်ထားတာကို အတင်းရုန်းထွက်လိုက်တယ် ၊
မြေပေါ်လဲကျသွားတဲသျှီဝ ဆီကိုအပြေးအလွှား သွားလိုက်တယ် ၊
” သျှီဝ အသင် တာဝန်ကိုယ်ကျေပြွန်စွာထမ်းဆောင်လိုက်ပါပေတယ် ၊”
7
ပေါ်ကျသွားတယ် ၊နောက်ပြိး သူ့ နဖူးမှာ စည်းထားတဲ့ သရဖူကိုသျှီဝ ခေါင်းမှာ စွပ်ပေးလိုက်
တယ် ၊ ပြိးတော့ ဦးညွှတ်အလေးပြုလိုက်တယ် ၊
သျှီဝ က ကျေနပ်စွားပြုံးပြိး အသက် ထွက်သွားလေတော့တယ် ၊
ဒွတ္တဘောင်မင်းက အဖြစ်အပျက်ကို အစအဆုံးကြည့်နေရင်း ပန်ထွာအနားကိုဖြေးဖြေးချင်း
ကပ်လာတယ် ၊
ပန်ထွာရဲ့ လက်မောင်းနှစ်ဘက်ကိုအတင်းဖမ်းဆုတ်လိုက်တယ်၊
” အရှင် ဒီလို  မကြမ်းပါနဲ့  ”
” မင်း ငါ့လက်က လွှတ်အောင်ရုံးထွက်လို့ မရ ဘူး  ပန်ထွာ ”
ဒွတ္တဘောင်က ရင်ထဲအတင်းဆွဲသွင်းလိုက်တယ်
” ရှင်က စစ်အင်အားနဲ့ အနိုင်ရအောင်သိမ်းပိုက်နိုင်ပေမဲ့ ကျမရဲ့  နှလုံးသားကိုတော့ရမှာ
မဟုတ်ဘူး ဒွတ္တဘောင် ”
” ဘာ ဘဲဖြစ်ဖြစ် မင်းဟာငါ့ ရဲ့ ကြင်ယာတော် မိဘုရားဘဲဖြစ်ရမယ်-ဘယ်သူ့ ကြင်ရာတော်
မှ မဖြစ်ရဘူး ”
ပန်ထွာက အားမတန်တော့မန်လျော့ပြိး ဒွတ္တဘောင်ရဲ့ ရင်ထဲရောက်သွားတယ်။
” အင်း နိုင်တုန်းတော့ ကျင့်ထားလိုက်အုံးပေါ့ ဒွတ္တဘောင်ရယ် ”
အလှဲ့ကျတော့ မနွဲရ စတမ်း ဆိုသလို ပန်ထွာအကြောင်း သိရသေးတာပေါ့
ဒွတ္တဘောက်က ပန်ထွာကို မိဖုရားအဖြစ်သိမ်းပိုက်လိုက်တယ် ၊
ပိဿနိုးမှာရှိတဲ့နန်းတွင်းသူနန်းတွင်းသားတွေအားလုံကိုဖမ်းပြီးသရေခေတ္တရာကိုခေါ်သွားတယ်
ပိဿနိုးကပါလတဲ့ နန်းတွင်းသူနန်းတွင်းသားတွေကိုကောင်းမွန်တဲ့ရာထူးနေရာတွေမှာခန့် ထား
ပါတယ် ၊
” အောက် အိး  အီးအွတ်  ” ” အောက် အိး  အီးအွတ် 
” ဟော ကောင်းခန်း ရောက်လာရင် ဒီကြက်က တွန်ပြီ ”
ကဲ ကာလသားပြန်ချိန်ကြက်တွန်ပြိ ဒီညတော့ဒီ တော့ ဒီလောက်ဘဲနော် ပြန်အိပ်ကြပေတော့
နောက် နေ့ကျမှ  ပန်ထွာ မင်းသမီးက အလှဲ့ ကျ မနွဲ့ ရစတမ်းလို့ ကြိမ်းထားသလို ဘာတွေ ကလဲ့
စားခြေမလဲ စောင့်ကြည့်ကြတာပေါ့နော် ”
” အေး ပါကွယ် နောက်တပတ် ဇာတ်သိမ်း ပါတော့မယ် ” ဒီ ညတော့ ပြန်ကြအုံး မိုးချုပ်နေပြီ ”
” သွားပြီး အဘိုးရေ ” သားတို့လဲ ပြန်ပြိး အဘိုး ”
” အေး အေး ကောင်းကောင်းပြန်ကြကွဲ့ 
မောင်သုည ၊
ကိုးကားသောစာအုပ်များ - နှင့် အင်တာနက်စာမျက်နှာများ
၁ - ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ - ပုဂံကပြောသောမိုင်း
၂ - ဒေါက်တာသန်းထွန်း - ပျူတွေဘယ်ပျောက်သွားလဲ
၃ - မသဇင် - ဘလောက်
၎ - ရှေးမြန်မာ - ဘလောက်
၅ - တောင်တွင်းကြီး
No comments:
Post a Comment