Saturday 8 September 2012
အဘိုးပြောတဲ့ - ရာဇ၀င်ပုံပြင် ( ၂
ပြန်လာပြီ - ပန်ထွာဧကရီ
 ”အဘိုး သမီးတို့ဒီနေ့ အဘိုးပြောတဲ့ပုံဆက်နားထောင်ဘို့ သူငယ်ချင်းတွေ ပါခေါ်လာ
တယ်-သူတို့လဲနားထောင်ချင်လို့တဲ့ 
          ” အေး အေး လာကြကွဲ့  လာထိုင်ကြ - ”
          ” ဟော ဒီမှာ သူတို့ က အဘိုးသောက်ဘို့ လဘက်ခြောက်တွေယူလာတယ် -
          သမီးတို့ ကလဲ လ္ဘက်သုတ်ယူလာတယ် - အဘိုးလ္ဘက်စားရင်းပုံပြောပေါ့  - ”
          ရပါတယ် သမီးတို့ရယ်  - ရပါတယ်မလိုပါဘူး ကွဲ့  အဘိုးကအခုခောတ်ကလးတွေကို
အဘိုးတို့ငယ်ငယ်တုန်းကသိခဲ့ကြားခဲ့ရတာတွေကိုပြန်ပြောဘို့လူရှာနေတာ ကွဲ့  ဟဲ ဟဲ။
” အဘိုး ဟိုတနေ့က စူဠသမ္ဘ၀ နဲ့ စန္ဒမုက္ခိဘီလူးမတို့ ကမွေးတဲ့ ပန်ထွာဒေ၀ီ တို့ ဇာတ်လမ်းက ပိုစိတ်ဝင်စားဘို့ကောင်းတယ်ဆို - ဒီနေ့  ပန်ထွာမင်းသမီးကလေးအကြောင်းပြောနော် ”
          ” အေး အေး ပြောရတာပေါ့ - အင်း ပန်ထွာမင်းသမီးကလေး နဲ့ ဘေဒါရီတို့ ရဲ့ ဘ၀က
ခတ်ဆင်ဆင် ကလေးကွဲ့  ”
          ” ဟင် ဘယ်လို ဆင်တာလဲ အဘိုးရဲ့  ဘေဒါရီက သမင်မလေးကမွေးတာလေ - တူနိုင်
ပါ့မလား   
          ” အေး တူတယ်ကွဲ့  ပန်ထွာမင်းသမီးကမဟာသမ္ဘနဲ့ စူဠသမ္ဘ၀တို့ကိုဖေါင်ပေါ်မှာထမင်း
ဝင်ခိုးစားတဲ့ ဘီလူးမ စန္ဒမုက္ခိဘီလူးမ ကမွေးတာကွဲ့  ” သူက ဘီလူးမသမီး ”
ဘေဒါရီက သမင်မသမီး ”
           ” ဘယ်လိုဖြစ်တာလဲ အဘိုးရဲ့  ”
          ” ဒီလိုကွဲ့ မျက်စိမမြင်တဲ့ ညီနောင်နှစ်ယောက်ရဲ့ ထမင်းကိုဝင်းစာနေတဲ့အချိန်မှာမင်းသား 
နှစ်ပါးက ဘီလူးမရဲ့ လက်ကိုဖမ်းမိလိုက်တယ် - ပဋိသန္ဓေနေခြင်း ၈ မျိုး ထဲမှာ ဟိုးတုန်းကတော့
လက်ကိုကိုင်မိရုံလေးနဲ့ လဲ သန္ဓေရနိုင်တယ် - ဆံထုံး ကို ကိုင်မိရုံနဲ့ လဲ သန္ဓေရနိုင်တယ် -လို့ဆို
တယ် - ဘီလူးမကတော့ မျက်မမြင်ညီအကိုရဲ့ က လက်ကို ကိုင်ဆွဲထားတဲ့အချိန်မှာ နှစ်ဦးစလုံး
သာယာတဲ့စိတ်ဖြစ်မိတာကြောင့် - သူ့ မှာသန္ဓေတည်သွားတယ် - ” 
          “ဟဲ့ နင်လဲ သတိထားနော် ကောင်လေးတွေလက် ဖမ်းကိုင် တိုင်း လက်မခံနဲ့ နော် ”
          ” ဟယ်  နင်တို့ ကလဲ  ဒါတွေက ဟိုးတုန်းကပါနော်  - အဘိုး
” ဟိုး တုန်းကပေါ့ကွယ် - အခုခောတ်မှာ လက်ကိုင်မိလို့တာ သန္ဓေတည်ရမယ်ဆိုရင်
မိန်းခလေးတွေ ခလေးတောင်းနဲ့လိုက်ကောက်ရမှာဘဲ ”       
” ဒါကြောင့် ဟိုတုန်းက မိန်းခလေးကိုလက်ဖျားနဲ့တောင်အထိမခံရအောင်အနေအထိုင်ဆင်ချင်
ရမယ်နော်လို့ လူကြီးတွေက ဆုံးမတာပေါ့ ”
2
” အင်းဟုတ်တယ် အမေကပြောတယ် ဒို့များဆိုရင် ခြေသလုံးပေါ်ထိုင်ရင်အဖွားကဆူ
တယ်  ဒူးပေါ် - ပေါင်ပေါ်မထိုင်ရဘူးတဲ့ ”
အခုခောတ်တော့  ဟင်း အပြောတော့ပါဘူး ” ကဲ အဘိုးဆက်ပြော ”
မဟာသမ္ဘ၀နဲ့ ဘေဒါရီကိုရသေ့ကြီးက ထိမ်းမြားလက်ထပ်ပေးပြီးသရေခေတ္တရာမြို့တည်
ပေးလိုက်တယ် လို့အဘိုးပြောခဲ့တယ် မဟုတ်လား ”
 ” မဟာသမ္ဘ၀ သရေခေတ္တရာထီးနန်းကိုစတင်စိုးစံတော့ဘေဒါရီတို့ကိုမိဖုရားမြောက်လိုက်တယ်
မဟာသမ္ဘ၀ နဲ့  ဘေဒါရီ တို့ ကနေ  ဒွတ္တဘောင်ဖြစ်လာမဲ့ မင်းလောင်းကလေးရတယ်၊ ဒွတ္တဘောင်ကလေးကိုယ်ဝန် ( ၇ ) လမှာ မဟာသမ္ဘ၀ နတ်ရွာစံတယ်၊စူဠာသမ္ဘ၀ထီးနန်းကိုဆက်
ခံတယ်၊ညီတော် စူဠသမ္ဘ၀ ထီးနန်းဆက်ခံတော့ ဘေဒါရီကိုဆက်ပြီးမိဘုရားမြှေက်တယ်၊
မိဖုရားမြှောက်ပြီး ၃ လအကြာမှာဒွတ္တဘောင်ကိုမွေးတယ်ဒါကြောင့် ဒွတ္တဘောင်ကို အဖညီနောင်
ဒွတ္တဘောင်လို့ သမုခ်ကြတာပေါ့ ၊
          အေး စူဠသမ္ဘ၀ ကသူ့အကိုရှိတဲ့ သရေခေတ္တရာပြည်ကိုလိုက်သွားတော့၊စန္ဒမုက္ခိဘီလူးမ
ဟာကိုယ်ဝန်နဲ့ဖေါင်ပေါ်မှာကျန်ခဲ့တယ်၊နောက်တော့အခုတောင်တွင်းကြီးမြို့ ရဲ့ အနောက်ဘက် မှာရှိတဲ့တောအရပ်ကိုရောက်တဲ့အခါမှာဖေါင်ပေါ်ကဆင်းတယ်၊အဲဒီတောထဲမှာဘဲနေရင်းနဲ့သမီး
ကလေးမွေးတယ်၊ ပန်ထွာမင်းသမီးမွေးဖွါးတာသာသနာသက္ကရဇ် ( ၆၀ ) လောက်မှာဖြစ်တယ်
ဒွတ္တဘောင်နဲ့သိပ်မကွာဘူး၊တကယ်တော့သူတို့နှစ်ယောက်ဟာအဖေညီကိုကမွေးကြတာ
ဆိုတော့ မောင်နှမတစ်ဝမ်းကွဲတွေပေါ့ ၊ဒါပေမဲ့ သူတို့အချင်းချင်းမသိကြဘူးကွဲ့ ”
          ”ပန်ထွာမင်းသမီး နဲ့ ဘေဒါရီတို့ ကအဖြစ်ချင်းတူတယ်ဆို အဘိုး ဘယ်မှာတူလို့လဲ ”
          ”အေး ဟုတ်တယ် အဲဒါပြောမလို့  ဘီလူးမက တောတထဲမှာ သမီးကလေးမွေးနေတဲ့
အချိန်မှာ တောထဲမှာကမ္မဋ္ဌာန်းစီးဖြန်းတရားအားထုတ်နေတဲ့ရသေ့တပါးကသစ်သီးရှာရင်းနဲ့
သွားတွေ့တယ်၊ရသေ့က ဒီဘီးလူမဟာ လူသားခလေးကိုစားဘို့ဖမ်းလာတယ်ထင်ပြီး၊မန္တာန်-
မန္တရားတွေနဲ့မန်းမှုတ်ပြီးချောက်လှန့်လွှတ်လိုက်တော့ဘီးလူးမထွက်ပြေးသွားတယ်၊
ဒီတော့မှခလေးကိုကောက်ယူပြီးမွေးထားတယ်၊သူလဲဘေဒါရီရဲ့ အဖရသေ့လိုဘဲသူ့ ညှိးကနို့ 
နို့ထွက်ပါစေဆိုပြိးအဓိဋ္ဌာန်ပြုလိုက်တဲ့အခါမှာနို့ ထွက်လာလို့ကြီးအောင်ဆက်မွေးထားတယ်၊
          ”အော် ဒီလိုလား    ဒီလိုဆိုတူတာပေါ့ နော် ”
          ”နေအုံးကွဲ့ ရှိသေးတယ် ကြီးလာတော့လဲ သူကိုလဲရသေ့ကြီးက မိန်းခလေးနဲ့ ရသေ့တို့
ကျောင်းမှာတနေကုန်နေရတာမသင့်တော်ဘူးဆိုပြီး ၊သူကိုလဲ မြစ်ဆိပ်မှာရေခပ်ခိုင်းထားတယ်
          ” ဟယ် ဟုတ်လား ဒါဆိုအဖြစ်ကအတူတူဘဲနော် ” သူ့ကျတော့ကော ဖူးတောင်းတွေ
ကိုအပေါက်သေးသေးလေးဖေါက်ပေးထာုးလိုက်တာဘဲလားအဘိုး ”
          ” ဟဲ့ နင်ကလဲ အမေးအမြန်းထူလိုက်တာ အရသာပျက်တယ်ဟာ အဘိုးပြောတာဘဲ
နားထောင်ပါ ”
အေး သူ့ ကိုတော့ ဖူးသီးခြောက်မပေးဘူး မီးမဖုတ်ရသေးတဲ့မြေအိုးနဲ့ရေခပ်ခိုင်းတာ၊
3
မီးမဖုတ်ရသေးတဲ့အိုးဆိုတာကမခြောက်သေးတော့ကြာကြာမခံဘူး၊ရေလဲမနေတော့ခဏခဏ
ပြန်ခပ်ရတာ့ပေါ့၊ဒီတော့ပန်ထွာမင်းသမီးကလေးကစိတ်တိုပြီးအော်ငိုတော့တာပေါ့၊
          သူငိုတာကလဲ ရိုးရိုးငိုတာမဟုတ်ဘူးတောထဲကနတ်တွေသူ့ ကိုလာနှောက်ယှက်တယ်
ဘာညာဆိုပြိး နတ်တွေကိုအော်ပြီးပြောနေတဲ့သဘောဆိုတော-့ဒီတောထဲမှာစောင့်နေတဲ့     
ပိဿနိုးနတ်မင်းကြီးကကြားသွားတယ်၊နတ်မင်းကြီးကအသံလာရာကိုသေသေချားချာကြည့်
လိုက်တော့ငိုနေတဲ့ပန်ထွာမင်းသမီးလေးကိုသွားတွေတယ်၊ မင်းသမီးကလေးကိုမြင်လိုက်တယ်ဆိုရင်ဘဲသူနဲ့ဟိုးဘ၀ကမောင်နှမတော်ခဲ့ဘူးတယ်ဆိုတာကိုသိ
သွားတယ်။
ပန်ထွာမင်းသမီးကလေးကလဲ ဟိုးကသပဘုရားရှင်လက်ထက်မှာရဟန္တာတပါးကိုအလွန်
ပူအိုက်နေတဲ့အချိန်ပေရွက်နဲ့ ပြုလုပ်တဲ့ယပ်တောင်တချောင်းကိုလှူခဲ့ဖူးတယ်၊
အဲဒီကုသိုလ်အကျိုးဆက်ကအကျိုးပေးချိန်တန်လာတော့၊သူ့ကိုပိဿနိုးနတ်မင်းကြီးကမကွဲ
နှိုင်တဲ့ရေအိုးတလုံးဖန်ဆင်းပေးလိုက်တဲ့အပြင်ပန်ထွမင်းသမီးလေးနန်းစံဘို့ပေပင်ပေရွက်တွေနဲ့ 
အင်ကြင်းပန်းတွေအလွန်ပေါတဲ့၊ မြို့ထီးနန်း တန်ဆောင်း ပြအိုး၊ မြို့ရိုး ကျုံးမြောင်းတွေပါတဲ့မြို့ ကြီး တမြို့ကို ဖန်ဆင်းတည်ထောင်ပေးလိုက်တယ်။
       နောက်ပြီး တပါးသောရန်သူတို့မဝင်မလာနိုင်အောင်လို့ စည်ကြီးတီးလိုက်ရင်ရေတွေတဟုန်
ထိုးစီးကျလာနိုင်တဲ့ အတုလစည်တော်ကိုလည်း ဖန်ဆင်းပေးလိုက်တယ် ၊
အတုစည်ကြီးကိုတီးလိုက်ရင်မိုးတွေခြုံးလာတယ်၊တောင်တွေပေါ်ကမိုးတွေညို့ လာပြီးမိုးတွေဒလ
ဟောစီးကျလာတော့တာဘဲ၊ရန်သူတွေဟာချောင်းရေနဲ့အတူမြောသွားကုန်တယ်၊
အဲဒီချောင်းကို ရန်ပ်ါယ်ချောင်းလို့ခေါ်တယ်၊အခုတောင်တွင်းကြီးမြို့မှာရှိတဲ့ ရန်ပါယ်ချောင်းဆိုတာပေါ့
          ” ဟုတ်တယ် သမီး အဲဒီရန်ပါယ်ချောင်းကိုရောက်ဖူးတယ် ”
          တောင်တွင်းကြီးမှာ ဆင်သေချောင်းတို့ဒေါင်းသေချောင်းတို့ဆိုတာရှိတယ်၊တောင်ခြေမှာမိုးညို
နေရင်ချောင်းကိုဖြတ်မကူးနဲ့ မလွတ်ဘူး ရေစီးကျလာတာက တော်တော်မြန်တာ ” 
အေး ပန်ထွာမင်းသမီးကလေး က အဲဒီပိဿနိုးမြို့ မှာ တထီးတတန်းစိုးစံနေတဲ့အချိန်မှာ
          သရေခေတ္တရာ က ဒွတ္တဘောင်မင်းကလဲ ဘုန်းတခိုးအင်မတန်တန်ခိုးထွားနေတယ် ၊
          ဒွတ္တဘောက်ကလဲခေသူမဟုတ်ဘူး၊သူ့ နဖူးမှာမှည့်ရှင်ပါလာတယ်၊မှဲ့ရှင်ကဖေါင်နဲ့သွားတဲ့
အခါမှာဘုရားတည်ဘို့နေရာအရပ်ကိုညွှန်ပြပေးတယ်၊ဒွတ္တဘောင်မင်းတည်တဲ့ဘုရားတွေက
သောကြမဘုရား၊ ညီးညီးဘုရား၊ စီးစီးဘုရား၊ ဘောဘောကြီးဘုရားတွေပေါ့ ၊
ဂဠုံမင်း က ပေးတဲ့ သံလေး သံမြှား သိကြားမင်းက ပေးတဲ့ အရိန္ဒမာလှံပျံ၊ သီလဝံသဓါးနဲ့၊ အလုပ် အကျွေးအဖြစ် နဂါးပြည်ကဆက်သတဲ့ နဂါးမင်းသမီးဘေစန္ဒီလည်းရှိတယ်၊
          ဒွတ္တဘောင်ရဲ့သရေခေတ္တရာပြည်ကြီးဟာတော်တော်ကျယ်ဝန်းတယ်လက်အောက်ခံနယ်
မြေတွေက နှစ်စဉ်အခွန်ဘဏ္ဌာများဆက်သကြရတယ်၊
4
          အဲဒီအချိန်မှာပိဿနိုးမြိုက ပန်ထွာမင်းသမီးသတင်းကလဲလူတိုင်းပါးစပ်ဖျားမှာရေပန်းစား
နေတယ်၊ အင်မတန်ချောအင်မတန်လှတယ်၊မာနလဲအလွန်ကြီးပြီးစိတ်ကလဲတော်တော်ခက်ထန်
တယ်ဆိုဘဲ၊သူ့ အနီးအနားမှာသျှိဝမြို့စားဆိုတာကလဲ၊ပန်ထွာကိုရဘို့ချည်းကပ်နေတယ်၊
ကသရေခေတ္တရာကိုအခွန်မဆက်ချင်တာနဲ့-ပန်ထွာမင်းသမီးထံလာပြီးစစ်ကူတောင်းရင်းနဲ့ချဉ်းကပ်
နေတာဖြစ်တယ်၊ပိဿနိုးကိုလဲတနေ့ ကျရင်၊ဒွတ္တဘောင်ကအခွန်ဆက်ခိုင်းမှာကိုကြိုသိနေတဲ့အ
အတွက်ပန်ထွာမင်းသမီးနဲ့ သျှီဝမြို့ စားတို့သရေခေတ္တရာကိုတွန်းလှန်ဘို့တိုင်ပင်နေကြတာပေါ့၊
          ဒီအကြောင်းတွေကိုဒွတ္တဘောင်မင်းကကြားတော့၊သူနဲ့လူယုံတော်ပဉ္စင်းညိုနဲ့ ပဉ္စင်းဖြူအမတ်
နှစ်ယောက်ကိုနှစ်နိုင်ငံရွှေလမ်းငွေလန်းဖေါက်ဘို့နှစ်စဉ်အခွန်ဘဏ္ဌာဆက်သဘို့သ၀ဏ်လွှာပေးပို့
လိုက်တယ်၊
          ” သရေခေတ္တရာ၏အရှင်သခင် - ပျူ ကမ်းယံ သက် တို့၏အရှင်သခင် -မင်းအပေါင်းတို့၏
ဧကရဇ်-သမ္မာတော်အပေါင်းတို့၏အရှင်သခင်-ဖြစ်တော်မူသော ဒွတ္တဘောင်မင်းမြတ်သည်-ပိဿနိုး
နယ်မှထွက်သမျှကုန်စည်တို့၏ဆယ်ဖို့တစ်ဖို့ဖြစ်သော-ဒဿမဘာဂ အခွန်တော်တရားနှင့်အညီိဆက်
သတော်မူရမည်-နှမတော် ပန်ထွာမင်းသမီးငယ်သိကြားလိုက်နာစေ - ”
          ပဉ္စင်းညိုကို သ၀ဏ်လွှာကိုဖတ်လိုက်တယ်ဆိုရင်ဘဲ
          မျက်ထောင့်နီလာပြီးဒေါသရှိန်တက်နေတဲ့ ပန်ထွာက
          ” အသင့်နှုတ်ကိုပိတ်ထားလိုက်စမ်း  အမတ်ကြီး ”
” ပိဿနိုးဟာ-သရေခေတ္တရာရဲ့လက်အောက်ခံမဟုတ်သီးခြားတိုင်းပြည်တခုဖြစ်တယ် ”
အခွန်ဆက်သဘို့အကြောင်းမရှိ ”
          စစ်သည်တိှု့ဤအမတ်နှစ်ယောက်ကိုသူသတ်ကုန်းထုတ်၍ကွက်မြတ်လေ ” 
လို့အမိန့်ပေးလိုက်တယ်၊
ဒါပေမဲ့  မင်းသမီးရဲ့ ဘခင်ရသေ့က သံတမန်များကိုမသတ်ဘို့၊စားဘွယ်သောက်ဘွယ်ကောင်း
ကောင်းမွန်မွန်ဧည့်မခံဘဲနှင်ထုတ်ဘို့ကိုသာပြောတဲ့အတွက်အမတ်နှစ်ယောက်နှင်ထုတ်ခံလိုက်ရတယ်
” ကိုယ့် ကိုယ်ကို ဘုရင်မှတ်နေတဲ့ ဘီလူးမ ” တွေ့ ကြသေးတာပေါ့ ကွာ ”
လို့ပြန်ပြောပြီး ပဉ္စင်းညို နဲ့ ပဉ္စင်းဖြူလဲစိတ်ဆိုး ဆိုးနဲ့ ပြီးပြန်လာခဲ့ရတယ်၊
          ” ကိုယ့် ကိုယ်ကို ဘုရင်မှတ်နေတဲ့ ဘီလူးမ ” တွေ့ ကြသေးတာပေါ့ ကွာ ”
ဒီသတင်းကိုဒွတ္တဘောင်မင်းကိုပြန်လျောက်တော့-ဒွတ္တဘောင်မင်းကဒေါအမျက်ခြောင်းခြောင်းထွက်ပြီး
ပိဿနိုးကိုစစ်တိုက်ပြီးသိမ်းယူဘို့စစ်တပ်ကြီးချီလာတော့တယ်၊
ပန်ထွာမင်းသမီးကဒွတ္တတို့ စစ်တပ်ကြီးချီတက်လာတာသိတာနဲ့ ၊အတုလစည်တော်ကြီးကိုပြင်း
ပြင်းထန်ထန်တီးဘို့ အမိန်ပေးလိုက်တော့တာဘဲ ၊
ဝုန်း  - ၀ုန်း --  ဒုံး -- ဒုံး --- ဒုံး  - ၀ုန်း ၀ုန်း ၀ုန်း
ပြန်လာပြီပန်ထွာဧကရီ - တေးရေး - မင်းကိုနိုင် - တေးဆို - မင်းသစ်
အတုလစည်တော်ကြီးတီးလိုက်တဲ့အခါမှာတောင်ဆီမှာမိုးတွေအုံ့ မှိုင်းလာတယ်၊ခဏချင်း
ဘဲ မိုးကြီးသည်းထန်စွာရွာကျလာပြီး - ရန်ပါယ်ချောင်းအတွင်းကိုအရှိန်နဲ့ ဒလဟောစီးဆင်းကုန်တာ
ကြောင့် ဒွတ္တဘောင်ရဲ့ ဖေါင်တွေနဲ့ စစ်တပ်ကြီးရေထဲမြောကုန်ကြတယ်၊
အဲဒီလိုအကြိမ်ကြိမ်အခါခါသွားတိုက်တဲ့အခါမှာမအောင်တာနဲ့ ဒွတ္တဘောင်မင်းက-ပိဿနိုကို
အနိုင်ရအောင်ဘယ်လိုလုပ်မလဲဆိုတာကို ပဉ္စင်းညိုနဲ့ ပဉ္စင်းဖြူအမတ်နှစ်ယောက်ကိုခေါ်ပြီးတိုင်ပင်ကြ
တာပေါ့ကွယ်
ကဲ ဒီညတော့ မိုးတော်တော်ချုပ်သွားပြီး ကာလသားပြန်ချိန်ကြက်တောင်တွန်နေပြီ -
နောက်ညမှ ဒွတ္တဘောင်မင်းက ပိဿနိုးကိုဘယ်ရအောင်ဘယ်လိုဥာဏ်နီဥာဏ်နက်တွေသုံးပြီးတိုက်
5
တယ်ဆိုတာပြောပြမယ်နော်- ဒီညတော့ဒီလောက်ဘဲ ၊
” ဟင်း အဘိုးကလဲ ကောင်းခန်းရောက်မှ ကြော်ငြာဝင်လာတယ်
ကဲကဲ သူငယ်ချင်းတို့ ပြန်ကြမယ် အဘိုး နောက်နေ့သမီးတို့လာမယ်နော် ဆက်ပြောရမယ်”
” အေးပါကွယ်  လာကြပါ လာကြပါ ”
မောင်သုည ၊
ကိုးကားသောစာအုပ်များ - နှင့် အင်တာနက်စာမျက်နှာများ
၁ - ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ - ပုဂံကပြောသောမိုင်း
၂ - ဒေါက်တာသန်းထွန်း - ပျူတွေဘယ်ပျောက်သွားလဲ
၃ - မသဇင် - ဘလောက်
၎ - ရှေးမြန်မာ - ဘလောက်
၅ - တောင်တွင်းကြီး - ဖိုရမ်
No comments:
Post a Comment