Thursday 30 August 2012
အဘိုးပြောတဲ့ ရာဇ၀င်ပုံပြင် ( အပိုင်း ၁ )
အဘိုးပြောတဲ့ ရာဇ၀င်ပုံပြင် ( အပိုင်း ၁ )
သီရိခေတ္တရာပြည့်ရှင်မလေး ဘေဒါရီ
” အဘိုး ဒီသီချင်းက ဘာတွေလဲဟင် သမင်မကလေးက ခလေး  မွေးလာတာလား
သူ့နံမယ်က ဘေဒါရီ တဲ့လား ”
” အေး ဟုတ်တယ်   အေး  အေး အဲဒါ မြန်မာ့ရာဇ၀င်အစပေါ့ကွဲ့ ”
” ထူးဆန်းတယ်နော် ”
” အဲဒါပုံပြင်လားတကယ်လား ဟင် အဲဒီ သမင်မ ကမွေးတဲ့ ခလေးမလေးက ချောမှာပေါ့နော်
နောက်ဘာတွေဆက်ဖြစ်လဲ အဘိုးသိရင်ပြောပြပါလားနော် ”
” အေး  အေး အဲဒါ မြန်မာ့ရာဇ၀င်အစပေါ့ကွဲ့ မြန်မာ အစတကောင်း ကဆိုတာပေါ့ ”
” ဟင်-ဟုတ်လား အမလေးထူးဆန်းလိုက်တာ သမီးတို့ကိုပြောပါလားအဘိုးရဲ့  သမီးစိတ်ဝင်လားလို့ ”
” အေးအေးနားထောင် အဘိုးပြောပြမယ် ”
” ဟဲ့ မောင်လေး ဒီနေ့ ဒို့အပြင်ထွက်မဆော့တော့ဘူးမိုးလဲရွာနေတယ် လလဲမသာဘူး
အဘိုးပြောတဲ့ပုံဘဲနားထောင်တော့မယ်- ကဲအဘိုးပြော ”
” အေးအေး အဘိုးပြောပြမယ်သေသေချာနားထောင်နော်
ဟိုးရှေးရှေးတုန်းက   ” ဂေါတမမြတ်စွာဘုရားမပွင့်တော်မူခင်နှစ်ပေါင်းတစ်ထာင်လောက်က၊အခုအိန္ဒယပြည်
မြောက်ပိုင်းနိပေါနိုင်ငံရဲ့ တောင်ပိုင်းလောက်မှာတိုင်းကြီး (၁၆ ) တိုင်း နဲ့ ပြည်ကြီး( ၂၀ ) ရှိခဲ့တယ်။
အဲဒီတိုင်းကြီး ၁၆ တိုင်းထဲက ပဉ္ဖာလရဇ်တိုင်းကိုအစိုးရတဲ့မင်းက-ကောသလတိုင်းကိုအစိုးရတဲ့မင်း
ဆီကိုအမျိုးချင်းဆက်လိုတဲ့အတွက်သမီးကညာတောင်းလာတယ်။
ကောလိယ၊ဒေ၀ဒဟ နဲ့ ကပိလ၀တ်တိုင်းတွေမှာသာကီဝင်အမျိုးအနွယ်တွေနေတယ်၊ပဉ္ဖာလရဇ်မှာ
တော့များသောအားဖြင့်အမျိုးနိမ့်တဲ့သူတွေနေတယ်၊ဒါကြောင့်ကောလိယမင်းကသမီးကညာမဆက်သ
ဘဲမချေမခံပြန်ပြောလိုက်တယ်၊အဲဒါကြောင့်နှစ်နိုင်ငံစစ်ဖြစ်ကြတယ်၊
” အင်း - ဟိုတုန်းကလဲ အမျိုးမတူရင် မပေးစားနိုင်ဘူးဆိုတာရှိခဲ့တာဘဲနော် ”
 ” ဧကန္တတော့ နင် အောက်တန်းစားတယောက်နဲ့ကြိက်နေပြီထင်တယ် ”
” ဟာ     နင်ကလဲ ငါက ဘယ်ကဟာနဲ့ သွားကြိုက်ရမှာလဲ နင်အသာနေစမ်းပါ
အဘိုး အဲဒီလို စစ်ဖြစ်တော့ ဘယ်သူနိုင်လဲဟင် ”်
ပဉ္ဖာလရဇ်တိုင်း  ကနိုင်တယ်  -  ကောသလတိုင်း က ဘုရင်စစ်ရှုံးတယ် 
” ဟယ် ”
`          အဲဒီထဲက ကပိလ၀တ်ပြည်က မင်းတပါးဖြစ်တဲ့အဘိရာဇာဟာ စစ်သည်ဗိုလ်ပါအလုံးအရင်းနဲ့အတူ
    အေ  အရှေ့ဘက်ကိုထွက်လာခဲ့ရာမှာ ဒို့အခုမြန်မာနိုင်ငံဘက်ရောက်လာတယ် အခုမန္တလေးမြို့ ရဲ့ အထက်
ဘက်မိုင် ၁၆၀ လောက်အကွာ ဧရာဝတီဖြစ်ရဲ့ လက်ဝဲဘက်အရပ်မှာတကောင်းပြည်ကိုတည်ထောင်
ပြီးနေထိုင်တယ်၊တကောင်းမင်းဆက်ပေါင်း ၃၃ ဆက်ရှိပြီးနှစ်ပေါင်း (၁၀၀၀ ) လောက်နန်းစံသွားတယ်
အဘိရာဇာမင်းနတ်ရွာစံတော့ သားတော်ကံရာဇာကြိးနဲ့ ကံရာဇာငယ် ညီအကိုနှစ်ယာက်ကထီးနန်းလု
ကြတယ်၊စစ်တိုက်မယ်လုပ်တော့ မူးကြီးမတ်ကြီးတွေက စစ်မတိုက်ကြပါနဲ့ဥာဏ်ပညာစွမ်းရည်ပြိုင်ကြ
ပါ ။ မဏ္ဌပ်တဆောင်ကိုညတွင်းချင်းအပြီးဆောက်နိုင်တဲ့သူက ထီးနန်းကိုယူပါလို့ပြောတော့၊မင်းနှစ်ပါး
နှစ်ပါစလုံး သဘောတူပြီး မဏ္ဌဆောက်ကြတယ်။
ညီငယ်ဖြစ်သူ ကံရာဇာငယ်ကသစ်ငယ်ဝါးငယ်တွေနဲ့ ဆောက်တော့ညတွင်းခြင်းပြီးသွားတယ်
အကိုကြီးဖြစ်တဲ့ကံရာဇာကြီးက သစ်ကြီးဝါးကြီးတွေနဲ့ ဆောက်တော့ ညတွင်းခြင်းမပြီးလို့ရှုံးသွားတယ်
တွင်းမြစ်ဆုံရာအရပ်မှာကလေးဝကိုရောက်တယ် ၊ကလေးတောင်ညိုကို( ရာဇဂြိုလ် ) သမုခ်ပြီး ၆လ စိုး
 စိုးစံနေတယ်၊ နောက်အနီးအနားက ပျူ  ကမ်းယံ ၊ သက်တို့က မင်းလျာတောင်းခံလာလို့သားတော်
မုဒုစိတ္တကို အုပ်ချုပ်ခိုင်းထားခဲ့တယ်။
ကံရာဇာကြီးကတော့အောက်ဘက်ကိုဆက်လက်ဆုန်ဆင်းပြိးဓည၀တီအရပ်မှာထီးနန်းဆိုက်
နေလိုက်တယ် ၊
”ဟယ်အကြာကြီးဘဲနော်  ဒါကြောင့်မြန်မာအစတကောင်းကလို့ပြောတာကိုး
ဒါနဲ့ ပြီးရောလားအဘိုး  ဟို သမင် မ နဲ့ရသေ့ကြီးတို့က ဘာဆိုင်လို့လဲ အဘိုးရဲ့ 
ဟဲ့ နင်က လဲ ပြောမှာပေါ့ဟဲ့  နားထောင်ပါလား
အေး ပါ အဘိုးဆက်ပြောပါ့မယ်ကွဲ့ ”
အဲဒါက က ပထမ တကောင်းမင်းဆက်  ဒုတိယတကောင်းမင်းဆက်မှာ မှ အဲဒီ သမင်မလေး
နဲ့ ရသေ့ဇာတ်လမ်းကလာမှာ
ဆက်ပါအုံး အဘိုးရဲ
အဲဒီ ပထမ တကောင်းမင်းဆက်  ၃၃ ဆက်မြောက်ဖြစ်တဲ့ဘိန္နကရာဇာလက်ထက်မှာ နန်ချိုနယ်က
ရှမ်းတွေလာရောက်ဖျက်ဆီးလို့ ပထမတကောင်းပြည်ကြီး ပျက်သွားတယ်
ဟောတော့ ပျက်သွားရောလား
အဲဒီ ပထမတကောင်းမင်းဆက်က သာကီဝင်မင်းဆက်တွေဟာ အုပ်စု ၃ စုကွဲသွားကြတယ်
ပထမ အုပ်စုကတော့ မြန်မာနိုင်ငံ အရှေ့ဘက်ကိုထွက်သွားကြပြီး ရှမ်း( ၁၁ ) ခရိုင်ကိုတည်ထောင်ပြိးနေကြတယ်
ဒုတိယအုပ်စုကတော့ ကံရာဇာကြီး သွားရာဒေဖြစ်တဲ့ ပျု ကမ်းယံ  သက် တို့အရပ်မှာ သွားပေါင်းပြီးနေထိုင်ကြတယ်။
တတိယအုပ်စုကတော့ ဘိန္နကရာဇာ မိဘုရားကြီးနဲ့ အတူ ပျက်သွားတဲ့တကောင်းမှာဘဲဆက် ပြီနေထိုင်ကြတယ်။
ဒုတိယ တကောင်းမင်းဆက်မှာ အာလုံးမင်းဆက် ၁၇ ဆက်ရှိတယ်
အဲဒီအချိန်မှာ အိန္ဒယပြည် မဉ္ဖိမဒေသ မှာ ဘုရားပွင်တော်မူနေပြီ ၊သက္ကရဇ် ၁၀၃ ခုကျော်ပြီပေါ့
သာဝတ္ထိပြည်ရှင် ပေဿနဒီ​ကောသလ မင်း​က ကပိလဝတ်ပြည့်​ရှင် မဟာနာမင်း​ထံ တမန်​စေလွှတ်ပြီး သမီး​​တော်ကို ​တောင်း​တယ်။
လာပြန်ပြီတခါသမီးတောင်းတာ
အေး ဟုတ်တယ် သမီးတောင်းတာက ဒို့ ရာဇ၀င်မှာပြဿနာစတာများတယ်ကွဲ့ 
ကပိလဝတ်ပြည်ရှင်ကသမီး​စစ်ကို မ​ပေး​ဘဲ ကျွန်မက ​မွေး​​သော သတို့​သမီး​ကို ​ပေး​လိုက်တယ် အဲဒီအခါမှာ ​ကောသလ မင်း​က ကျွန်မကို သမီးအစစ်လို့ထင်ပြီး မိဖုရား​မြှောက် လိုက်တယ် နောက် တော့ ဝိဋဋူုပ မင်း​သား​ကိုမွေးတယ် ၊ ဝိဋဋူုပ မင်း​သား​လေးအရွယ်ရောက် လာတော့တနေ့မှာ ၊ သူ့ ရဲ့ ဘိုး​​တော် ဘွား​​တော်ရှိတဲ့  ကပိလဝတ် ပြည်ရှင်မင်း​နှင့်​ မိဖုရား​ထံ သွား​​ရောက်ကန်တော့တယ်  ဝိဋဋူုပ ပြန်တော့ သူ၏​နေရာကို ကျွန်မသား​ရဲ့  ​နေရာဟုဆိုပြီး နို့​ရည်နဲ့  အထပ်ထပ်​ဆေးတယ်  ဝိဋဋူုပ မင်း​သားကဒီ အ​ကြောင်း​အလုံး​စုံကို သိသွားတဲ့အခါမှာ သာကီဝင်မင်း​တို့​ကိုကောင်းကောင်း ရန်ငြိုး​ဖွဲ့ ထား
တော့တာပေါ့ ။နောက်သူဘုရင်ဖြစ်တာတော့  စစ်ကြီး​ချီ​ပြီး သာကီဝင် မင်း​မျိုး​တို့​ကို နို့​စို့ အရွယ်တောင် မကျန်အောင်အကုန်လိုက်သတ်တယ် မဟာနာမမင်း​ နဲ့  သာကီဝင် မင်း​သား​များ​နဲ့ တခြားသာကီဝင်
မင်း​မျိုး​နဲနဲ​လောက်ဘဲ လွတ်တယ်​သာကီဝင် မင်း​မျိုး​တို့​ပျက်စီး​​သွားတော့  ဓဇရာဇာဆိုတဲ့သာကီဝင် မင်း​ဟာနောက်လိုက်ဗိုလ်ပါဆင်မြင်း​အလုံး​အရင်း​နှင့်​အတူမြန်မာပြည်ကိုတိမ်း​​ရှောင်လာခဲ့တယ်။ အရင်ကတကောင်းအရပ်မှာ နာဂဆိန်မိဖုရား​ကိုတွေ့ တယ်။
ဓဇရာဇာ နဲ့ နာဂဆိန် မိဖုရား​တို့ စုံဘက်​ပြီး​​ဒုတိယတကောင်းပြည်ကိုတည်​ထောင်လိုက်တယ်​ဒုတိယတကောင်းမင်းဆက်မှာ ဓဇရာဇာမင်းက စပြီး နောက်ဆုံးသတိုးမဟာရာဇာမင်းအထိ မင်းဆက် အထိမင်း ၁၇ ဆက်စိုးစံတယ်၊သတိုးမဟာရာဇာမင်းနန်းတက်တဲ့အချိန်ဟာမြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီး
တော်မူပြီး အနှစ် ၂၀ လောက်မှာဖြစ်တယ်၊
သတိုးမဟာရာဇာမင်းနဲ့ မိဖုရားနာဂဆိန်မှ အမွှာညီအကိုသားတော်နှစ်ပါးမွေးဖွားတယ်၊အကို ဖြစ်သူကမဟာ သမ္ဘ၀ ညီဖြစ်သူက စူဠသမ္ဘ၀ အဲဒီသားတော် နှစ်ပါးစလုံးမွေးကတည်းကမျက်စိမမြင် ကြဘူး။သတိုးရာဇာဘုရင်ကြီးက ရှက်ပြီး ငယ်ငယ်ကထည်းကသတ်ပြစ်ဘို့မိဘုရားကြီးကိုစေခိုင်းထား
တယ်။မိဘုရားကြီးက သနားလို့ မသတ်ဘဲနဲ့တိတ်တဆိတ်မွေးမြူထားထားတယ်၊
နောက်ကြီးလာတော့ဘုရင်ကြိးသိသွားတဲ့အခါမှာအစားအစာအပြည့်အစုံထဲ့ပြီးဖေါင်ထဲထည့်ပြီးမျော
လိုက်တယ်၊အဲဒီအခါမှာ သတိုးမဟာရာဇာမင်းမှာ နန်းမွေဆက်ခံမဲ့သူမရှိလို့ သူ့မိဖုရားရဲ့ မောင်တော်
ဖြစ်တဲ့ ခေပဒုတ ကို အိမ်ရှေ့ မင်းသားအရာခန့် ထားတယ် ၊ တနေ့တော့ တိုင်ပြည်တနေရာမှာတော
ဝက်ကြီးတကောင်ကျေးရွာတွေကိုဖျက်ဆီးပြီးလူတွေကိုဒုက္ခပေးနေတာကြောင့်အိမ်ရှေ့မင်းသားခေတဒုတကို နှိမ်နင်းဘို့စေခိုင်းလိုက်တယ်၊
          ခေပဒုတဟာနောက်လိုက်ဗိုလ်ပါစစ်သည်တွေနက်လက်နက်( ၅ )မျိုးကိုယူပြီးထွက်ခဲ့တယ်၊
ကုန်းသလင်းလို့ခေါ်တဲ့ (အခုပြည်မြို့ ) ရှိတဲ့နေရာလောက်မှာတောဝက်ကြီးကိုတွေ့တယ်၊တောဝက်ကြီး ကိုနှိမ်နင်းပြီးတော့နန်းတော်ကိုမပြန်ဘဲ၊အဲဒီအရပ်မှာဘဲရသေ့ရဟန်းဝတ်ပြီးနေလိုက်တယ်၊
အဲဒီနေရာကနောက်သရေခတ္တရာဖြစ်မဲ့အရပ်ဘဲကွဲ့ 
          တနေ့တော့ သူနေတဲ့ကျောင်းသင်ခန်းအနီးမှာခလေးငိုသံကြားလို့လိုက်ရှာတော့မွေးခါစမိန်းခ
လေးတယောက်တွေ့တယ်၊ခလေးအနားမှာ သမင်းမတကောင်ကရစ်သီရစ်သီလုပ်နေတော့ဒီခလေးကို
ဒီသမင်းမကမွေးတာလိုယူဆလိုက်တယ်-ခလေးက မိန်းခလေး -ဒါကြောင့်ဒီခလေးကိုဘေဒါရီလို့
နာမယ်ပေးလိုက်တယ်- သမင်မကမွေးလို့ပေါ့၊
          ခလေးမလေးကြီးလာတော့ရသေ့ရဟန်းကျောင်းမှာတနေကုန်နေတာမသင့်တော်တဲ့အတွက်
တောထဲမှာတနေကုန်သွားနေအောင်ဆိုပြိး မြစ်ဆိပ်မှာရေခပ်ခိုင်းထားတယ်-ရေကိုလဲမြန်မြန်မပြည့်
အောင်ဆိုပြီးဖူးသီးတွေကိုနားမထွင်းဘဲ၊အခြောက်ထားပြီးဖူးတောင်းလုပ်ထားတယ၊်ဆိုလိုတာကအ
အပေါက်ကလေးတွေသေးသေးဖေါက်ပြီးပေးလိုက်တယ်။
ဖူးသီခြောက်မှာအပေါက်ခလေးတွေသေးသေးလေးဖေါက်ထားတော့၊ရေကတော်တော်နဲ့မပြည့်ဘူး
တော့ဘူးပေါ့၊ဘေဒါရီကလေးကတနေ့ တနေ့ ဧရာဝတီမြစ်ဆိပ်မှာရေသွားခပ်ရတာနေ၀င်မှဘဲကျောင်း
ကိုပြန်ရောက်တော့တယ်၊
          ဒါပေမဲ့ ဘေဒါရီကလေးကပျော်ပါတယ်-သူ့မှာကစားဖေါ်သမင်ကလေးတွေရှိတယ်-သူတို့နဲ့အ
တူဆော့ရင်းကစားရင်းပျော်နေတာပေါ့ကွယ်
ဒီလိုနဲ့
           မဟာသမ္ဘ၀ ညီဖြစ်သူက စူဠမ္ဘ၀ တို့နှစ်ယောက်မြောလာတဲ့ ဖေါင်ဟာ ဧရာဝတီဖြစ်ကမ်းမှာရှိ
တဲ့ စစ်ပင်ကြီးကိုင်းနေတဲ့အရပ်မှာ လာတိုက်ပြီးရပ်နေတယ်၊ (အဲဒီနေရာကိုအခုစစ်ကိုင်းမြို့လို့ခေါ်တဲ့နေရာပေါ့ )
မင်းသားညီအကိုနှစ်ယောက်လဲထမင်းဆာတာနဲ့ထမင်းထုပ်ဖြေပြီးစားကြတယ်၊အဲဒီအခါမှာ
ဒီနေရာတ၀ိုက်မှာကျက်စားနေတဲ့စန္ဒာမုက္ခိဘီလူးမကဖေါင်ပေါ်တက်လာပြီး-မင်းသားနှစ်ပါး
ရဲ့ထမင်းတွေကိုဝင်စားတယ်၊တနေ့မှာအကိုဖြစ်သူမဟာသမ္ဘ၀ကဘီလူးမလက်ကိုဖမ်းမိသွားတယ်
သူ့ညီကိုမေးတယ်၊  ” ဒါညီတော့်လက်လား ”
ညီတော်က -         ” မဟုတ်ဘူးနော်တော်ညီတော့လက်မဟုတ်ဘူး 
မဟာသမ္ဘ၀ က  -   ” ဒီမှာဒို့ထမင်းကိုလာခိုးစားနေတဲ့လက်ကိုမိထားပြီ ဟေ့နင်ဘယ်သူလဲပြော
                            မပြောရက်သံလျက်နဲ့ ပိုင်းလိုက်မယ် ”
ဒီတော့ မှထမင်းဝင်စားနေတဲ့ ဘီဘူးမက
” မသတ်ပါနဲ့ ဒီနယ်မှာလည့်လည်ကျက်စားနေတဲ့ စန္ဒမုက္ခိဘီလူးမပါ ”  အစာဆာလွန်းလို ၀င်စားမိတာပါ ခွင့်လွှတ်ပါ  မသတ်ပါနဲ့လို့တောင်းပါတယ် ”
         ” ကျွန်တော်မ အသက်ကိုချမ်းသာပေးပါ အသင်တို့ နှစ်ယောက်အလိုရှိတာကိုပြောပါရအောင်
လုပ်ပေးပါမယ် ”
လိုပြောတယ်၊ဒီတော့ မင်းသားနှစ်ပါက
” ဒို့နှစ်ယောက်ရဲ့ စက္ကုနှစ်ကွင်းအလင်းရအောင်ကုစားပေးနိုင်ရင်အသက်ကိုချမ်းသားပေးမယ်
  လို့ဆိုတော့ ”
ဘီလူးမက စက္ကုနှစ်ကွင်းအလင်းရအောင်ကုပေးပါမယ်လို့ဂတိခံလိုက်တယ် ၊
ဒီအခါမှာ ညီနောင်နှစ်ယောက်က ကောင်းပြိး စက္ကုနှစ်ကွင်းအလင်းရအောင်ကုပေးရင်အသက်ချမ်းသာ
ပေးမယ်ဆိုပြိးလွှတ်ပေးလိုက်တယ်၊
ဘီဘူးမလဲ သူ့ဂတိအတိုင်း မင်းသားညီနောင်နှစ်ပါးရဲ့မျက်စိကို ကုပေးတယ်။
ဘီလူးမလဲဖေါက်ပေါ်မှာလိုက်တာပြီး၊မင်းသားနှစ်ပါးရဲ့ မျက်စီကိုကုပေးတယ်၊ဘီလူးမမျက်စိ စပြိးကုပေးတဲ့နေရာ ကို  စကု လို့ ခေါ်တယ်၊ ( အခု ဧရာဝတီမြစ်ဘေးကစကုမြို့ နေရာပေါ့ကွဲ့  )
အဲနောက်ပြီး မျက်စိ နှစ်ကွင်းစလင်းသွားတဲ့နေရာကိုတော့ စလင်း လို့ခေါ်တယ် ၊ အခုဧရာဝတီ
ဖြစ်ကမ်းဘေးမှာရှိတဲ့ စလင်းမြို့  ပေါ့ကွဲ့ 
ဒါဆို ဒီအဖြစ်အပျက်တွေက တကယ့်အဖြစ်အပျက်တွေပေါ့နော် အဘိုး
အေးပေါ့ ကွဲ့ 
မင်း​သား​တို့ ရဲ့  ​ဖေါင်ဟာ​ အစဉ်အတိုင်း​မျောလာလိုက်တာ ယခုအခါ ပြည်မြို့​အနီး​ ကုန်း​တလင်း​ ခေါ်တဲ့ အရပ်မှာ ဆိုက်တယ် ၊မင်းသားတို့ဖေါင်ကမ်းကိုဆိုက်တော့ရေစပ်မှာဘူးတောင်းအခြောက်က လေးတွေကိုရေထဲနှစ်ပြီးရေခပ်နေတဲ့ မိန်းမပျိုလေးတယောက်ကိုတွေ့တယ်၊
သူ့ဘေးမှာလဲသမင်ကလေးတွေအများကြီးဝိုင်းပြီးကူပေးနေသလိုဘဲ၊မိန်းမပျိုလေးဟာဘူးသီးခြောက်
ဘူးတောင်းလေးတွေကိုရေထဲနှစ်ထားခဲ့ပြိး ၊သမင်ကလေးတွေနဲ့ဆော့ကစားနေတယ်၊
သူ့ ခေါင်းမှာလဲကိုယ်တိုင်သီထားတဲ့သစ်ခက်ပန်းကလေးတွေစည်းထားတယ်၊ခါးမှာတော့စည်းထားတဲ့
ပုဝါကမလုံတ၀က်-လုံ၀၀က်သမင်ကလေးတွေလိုခုန်ပျံပြေးလိုက်တဲ့အခါမှာ၊အတားအဆီးမရှိတဲ့ရွှေရင်
အစုံကရွှေရင်သိမ်းသစ်မသိမ်းနှင့်ပျိုမြစ်နုနွယ်ချစ်စဘွယ်ကလေးပေါ့၊
ဖေါင်ပေါ်ကနေ မဟာသမ္ဘ၀ငေးပြီးကြည့်နေတယ်၊မျက်စိနှစ်ကွင်းအလင်းရပြီး တဲ့နောက် ဒီအဆင်းနဲ့ ဒီမြင်ကွင်းဟာသူ့ရဲ့အသဲနှလုံးကိုကထမဆုံးဖမ်းစားလိုက်တဲ့မြင်ကွင်းဘဲ၊
မဟာသမ္ဘ၀မင်းသားကရင်သပ်ရှုမောနဲ့အံ့သြစွာနဲ့မုတုန်မလှုတ်ကျောက်ရုပ်လိုဖြစ်နေတယ်။
          သမင်မက မွေးတဲ့ သမီးကလေးလို့မပြောဘဲနဲ့တောင်သိနိုင်တယ်၊
မျက်ဝန်းအစုံကကြည်လင်တောက်ပပြီးရွှန်းရွှန်းမြမြတောက်ပနေတယ၊်အပြေးကလဲမြန်အခုန်ကလဲသန်
အပြေးအလွှားအဆော့အလွန်းကောင်းလွန်းတော့ သမင်ငယ်ကလေးတကောင်ကိုတိုက်မိပြီး ၊မှောက်
လျက်လဲပါလေရော-ကျားရှေ့မှခြေချော်လဲဆိုသလို -ကျောက်ရုပ်လိုငေးကြည့်နေတဲ့-မဟာသမ္ဘ၀ရှေ့ကို
မှမှောက်လျက်လဲ ဟပ်ထိုးကျသွားပါလေရော၊
          ” ဟောတော့ ”
” အို - နှမငယ် ”
          ” ဘိုတို - လုပ်ပါအုံး - အမလေး ”
          မင်းသားလေးက အထိပ်တလန့်ဖြစ်ပြိး ရုတ်တရက်ဖက်ထားလိုက်မိတယ်
          ဘေဒါရီ ကလဲ လန့်ပြီးအော်လိုက်တယ်
         ဘေဒါရီနဲ့ မင်းသားလေးတို့ရဲ့ အသံကြောင့်သမင်ကလေးတွေလန့်ပြီးထွက်ပြေးကုန်တယ်
         ” လွှတ်ပါ ရှင်ဘယ်သူလဲ ”
          ” အကျွန်ုပ် ဘာ လုပ်လို့လဲ ”
          ” ရှင် ကျမကို ဖက်ထားတယ်လေ ” လွှတ်  - လွတ်ပါ ”
          ” အော် ဟုတ်သားဘဲ -- နှ မ ကဘယ်သူလဲ  ဟင်  လူလား  နတ်သမီးလား ဘီလူးလား ”   
          ” ဟင့် အင်း မသိဘူး 
          ” အို မသိဘူး - လူလား နတ်လား ဘီလူးလား မသိဘူး 
          ” ဟုတ်တယ်  မသိဘူး ”
          “ ဟို မြစ်ထဲမှာ ဘာတွေ နှစ်ထားတာလဲ နှမ ”
          ” ရေခပ်နေတာလေ - အဖခပ်ခိုင်းထားတာ ”
          ” အော် ခမည်းတော်ရှိတယ်ပေါ့ ဟုတ်လား ”
          ” ဘာ- ခမည်းတော်လဲ မသိဘူး အဖလေ အဖ ရသေ့လေ ”
          ” မောင်တော်  သွားတွေ့လို့ရမလား - ”
          ” ဘာလဲ မောင်တော် ဆိုတာ ” မသိဘူး
သမင်မမျက်လုံးလို ရွှန်းရွှန်းစားစားနဲ့ ဖမ်းစားသလိုအကြည့်နဲ့ ကြည့်နေတဲ့ ဘေဒါရီ ရဲ့ အကြည့်က
မဟာသမ္ဘ၀ကို မေ့မြောသွားမလားအောင့်မေ့ရတယ် ”
” တွေ့ ပြိး ဘာလုပ် မလို့လဲ - ”
          ” တွေ့ ပြီး  နှမလေး အကြောင်းမေးချင်လို့  ”
          ” အခု သွားလို့ မရသေးဘူး ရေမပြည့်သေးဘူး ရေပြည့်မှ ”
          ” လာ မောင်တော် သွားကြည့်မယ် ဘယ်မှာလဲရေဖြည့်ထားတာ ”
          ” လာလေ  ဟိုမြစ်ဆိပ်မှာပေါ့ ”
ဘေဒါရီ က မဟာသမ္ဘ၀ ကိုလက်ဆွဲပြီး မြစ်ဆိပ်ကိုခေါ်သွားတယ် - မြစ်ထဲနှစ်ထားတဲ့ဘူးတောင်း
ကလေးတွေကိုဆယ်ကြည့်တယ် ၊
          ” ဒီမှာတွေ့လား မပြည့်သေးဘူး စောင့်ရအုံးမယ် ”
ဘူးသီးခြောက် မှာ အပေါက်ကလေး သေးသေးလေးတွေကိုဖေါက်ထားတာတွေ့တော့မဟာသမ္ဘဝ
ကရီတယ် ၊
7       
” ဟား ဟား ဟား   ဖူးတောင်းတွေက နားမထွင်းရသေးဘဲကိုး ”
            ရေကဘယ်ပြည့်ပါ့မလဲ - ကဲမောင်ကြီး လုပ်ပေးမယ် ”
            ဟယ်  ဟယ် မလုပ်နဲ့ အမလေး - ”
          ” အို နှမ ကလဲ ဒီမှာ ကြည့် ”
            ဆိုပြီ ရေထဲနှစ်လိုက်တယ် ရေတွေခဏလေးပြည့်သွားတယ်
          ”ဟောတော့ “ မောင်ကြီးဘယ်လိုလုပ်လိုက်တာလဲ ရေတွေပြည့်သွားပြိ ”
          ” ကဲလာ သွားလို့ရပြီ အဖ ရသေ့ဆီသွားလို့ရပြီ ”
ဘေဒါရီ ကလေးက ရေဖူးတွေကို သမင်းလေးတွေရဲ့ ကျောဖေါ်မှာ တဘက်တချက်တွဲလောင်းကလေး
တွေတင်လိုက်တယ် -
          ” လာ သွားမယ် ”
ဆိုပြိးမဟာသမ္ဘ၀ကိုလက်ဆွဲပြိးရသေ့ကြီးရှိတဲ့ကျောင်းသင်ခန်းဆီကိုခေါ်သွားတယ်။
” ဟာ -နေအုံး အဘိုး ဟို သူ့ညီ  စူဠသမ္ဘကော မခေါ်ဘူး လား ”
အေး နေအုံးပြောမယ် သူက ဖေါင်ပေါ်မှာ စန္ဒမုက္ခိဘီလူးမနဲ့ ကျန်ခဲ့တယ်၊ နောက်တော့လိုက်လာမှာ
ပေါ့ ၊
” အော်  သိပြီ သူတို့ က တဇာတ်လမ်းလား 
” အေး ဟုတ်တယ် နောက်တော့မှ ပြောပြမယ် ”
” အင်း မြန်မာ့သမိုင်းထဲမှာ လဲ လူနဲ့  ဘီလူးနဲ့  လူနဲ့ သမင်ကမမွေးတဲ့ မိန်းခလေး နဲ့ စုံနေတာဘဲနော် ”
” အေး ဟုတ်တယ် ”
” အဲ ဒါနဲ့ သူတို့ နှစ်ယောက် ရသေ့ကြီးကျောင်းရောက်တော့ ဘာဆက်ဖြစ်သလဲ အဘိုး ”
” ဟဲ့  ဟဲ့  ဘေဒါ နဲ့ ဖူး ဘယ်သူချဲ့ လိုက်သလဲ ” ဆိုတာ ကြားဘူးတယ် မဟုတ်လား ”
” အင်း အင်း  လူပျက်တွေပြောတာကြားဘူးတယ် ”
          အေး ရသေ့ကြီးက  ဘေဒါရီ ရေဖူးတွေရေပြည့်ပြီး ပြန်လာတာ စောနေတော့ လန့် ပြီးအော်
ပြောလိုက်တာပေါ့ ၊ နောက်မှာ လဲ မင်းသားတပါး ပါလာတယ်လေ ၊
အဲဒါနဲ့ မင်းသားကိုအကျိုးအကြောင်းမေးကြည့်တော့ ၊ မင်းသာက သူတို့ ဟာတကောင်းပြည်ကဘုရင်
ကြီးသတိုးမဟာရာဇာမင်းနဲ့ မယ်တော်နာဂဆိန်မှ သားတော်တွေဖြစ်တယ်၊မဟာသမ္ဘ၀ နဲ့ စူဠသမ္ဘ၀ဖြစ်
တယ်၊ငယ်စဉ်ကမျက်စိမမြင်လို့ဖေါင်နဲ့ မျှောလိုက်တာကိုပြောပြတော့ ၊
          ရသေ့ကြီး က
          ” အော် မင်းသားနှစ်ပါးဟာ ငါ့ရဲ့  အမတော် နာရဆိန်က မွေးတဲ့ ငါတူတော်တွေဘဲ ”
လို့ပြောတယ် ၊
          အဲဒီအချိန်မှာ ရသေ့ကြီးကို အနီးကပ်ပူဆော် နေတဲ့ သကျအင်းအရပ်က ပျူမင်းသမီးနန်းခန်း
ဆိုတာလဲ ရှိတယ် ၊ ပျူတွေမင်းပြုနေတဲ့အရပ်ပေါ့ ( အခုပြည်မြို အရှေ့ ဘက်မှာရှိတယ် ) လိုဆိုတယ်
ရသေံကြီးက နိုင်ငံတခုထူထောင်ဘို့ပြည့်စုံနေတဲ့အတွက် သရေခေတ္တရာပြည်ကြီးကို တည်ထောင်ပေး
လိုက်တယ် ၊
          မဟာသမ္ဘ၀သရေခေတ္တရာထီးနန်းကိုစတင်စိုးစံတော့ပျူမင်းသမီးခင်နန်းနဲ့ ဘေဒါရီတို့ကိုမိဖုရား
မြောက်လိုက်တယ်၊အဲဒီအချိန်ဟာသာသနာတော် နှစ် ၆၀ ၊ မြတ်စွာဘုရားပရိနှိဗ္ဗာန်စံပြိးနှစ်ပေါင်း ၆၀
ပေါ့ ကွယ် ။
          သရေခေတ္တာမင်းဆက်ပေါင်း( ၂၇ ) ဆက် နှစ်ပါင်း ၅၂၇ နှစ်ကြာတောင်တည်တန့်ခဲ့တယ်၊
သာသာတော်နှစ် ၆၃၈ ခုနှစ် သုပညာနဂရဆိန္ဒလက်ထက်မှာ သရေခေတ္တရာပြည်ကြီးပျက်သုဉ်းခဲ့
တယ် ၊
” ပြီးပြိလား အဘိုး ”
” အေး ဒီည အဘို့ တော့ ဒီ မှာဘဲ နားလိုက်မယ် ဟော ကာလသားပြန်ချိန်ကြက်တောင်
တွန်နေပြီ - ငါမြေးတွေလဲ ပြန်အိပ်တော့ ”
” ဒါဆို အဘိုး နောက် တခါ မိုးရွာပြီး လမသာ ည သမီးတို့ ထွက်ဆော့လို့မရနဲ့ ညမျိုးကျရင်
အဘိုးဆီလာခဲ့မယ် အဘိုး စူဠသမ္ဘ၀ နဲ့   စန္ဒမုက္ခိဘီလူးမအကြောင်းဆက်ပြောရမယ် နော် ”
” အေး အေး
မဟာသမ္ဘ၀ နဲ့  ဘေဒါရီ ကမွေးတဲ့  ဒွတ္တဘောင် နဲ 
စူဠသမ္ဘ၀ နဲ့ စန္ဒမုက္ခိ ဘီလူးမ တို့ ကမွေးတဲ့ ပန်ထွာဒေ၀ီ တို့ ဇာတ်လမ်းက ပိုစိတ်ဝင်စားဘို့
ကောင်းတယ်  လာခဲ့ ကြ ၊ လာခဲ့ကြ ”
ဧရာဝတီ ရေစီးဂီတသံမြစ်ကမ်းဘေးမှာ
ဒါဟာ ... သီရိခေတ္တရာ ..
ဗေဒါရီ ရေခပ်ချိန် ဆည်းဆာရောင် အနောက်ရိုးမက အို တန့်ကြည့်တောင်တန်း ...
အို .. လွမ်းစမ်း ဂန္တ၀င်
သျှိရီခေတ္တရာ - ရေး/ ဆို  - ဖိုးခေါင်
မောင်သုည
No comments:
Post a Comment