Tuesday 27 May 2014

ကျွန်တော်သူနဲ့တွေ့ရင်မျက်နှာချင်းမဆိုင်ရဲလို့ပါ

တွေးမိတွေးရာရေးမိရေးရာ ( 39 )  ဓမ္မရေးရာ
 
ကျွန်တော်သူနဲ့တွေ့ရင်မျက်နှာချင်းမဆိုင်ရဲလို့ပါ
မောင်သုည

မြတ်စွာဘုရားနုစဉ်ခါတုန်းကဘ၀တစ်ခုမှာ(မဃဒေ၀)ဆိုတဲ့ရှင်ဘုရင်ဖြစ်ခဲ့ဘူးတယ်။ တစ်နေ့မှာဆတ္တာသည်ကရှင်ဘုရင်ကြီးရဲ့ဆံထုံးကိုထုံးပေးနေတယ်၊
(ဆတ္တာသည်ဆိုတာက)ဆံပင်တို့ခြေသည်းလက်သည်းညှပ်ပေးဆံပင်ကိုဖြတ်ပေးပြုပြင်ပေးရတဲ့သူပေါ့
ရှင်ဘုရင်ကသူရဲ့ ဆံထုံးကို ကိုယ်တိုင်ထုံးလေ့လေ့မရှိဘူး(ဆတ္တာသည်)ကပြုပြင်ပေးရလေ့ရှိတယ်၊
တစ်နေ့တော့ဆတ္တာသည်ကဘုရင်ကြီးရဲ့ဆံပင်ကိုပြုပြင်နေတုန်းမှာဆံပင်ဖြူတစ်ချောင်းကိုတွေ့တော့
“အရှင်မင်းကြီးခေါင်းမှာဆံပင်ဖြူတစ်ချောင်းပေါက်နေတယ်ဘုရား”
လို့ဆိုတော့။ဘုရင်ကြီးက
“ ပြစမ်းဟဲ့- ပြစမ်း” ဆိုပြိး ပြခိုင်းတယ်
ဆတ္တာသည်က ရွှေဇာကနာ နဲ့ညှပ်ပြိး ဆံပင်ဖြူတစ်ချောင်းကိုဘုရင်ကြီးကပြတယ်
ဒီတော့မဃဒေ၀ဘုရင်ကြိးက
“ ဟယ် သေမင်းက ငါ့ဦးခေါင်းမှာ အလံတောင်စိုက်နေပါပကော့လား “
လို့ဆိုပြိး သားတော်ကိုချက်ချင်းခေါ်ပြိးနန်းတော်နဲ့စည်းစိမ်တွေ့စွန်ပြီး
တောထွက်ရဟန်းပြုသွားပါသတဲ့
အဲဒီအချိန်မှာမနက်ဖြန်ရည်းစားနဲချိန်းထားလို့ တစ်ခေါင်းလုံဖြူနေတဲ့ကျွန်တော့ခေါင်းကို
ဆေးဆိုးဘို့ဆံပင်ဆိုးဆေးဝယ်ပြိဆိုင်ကအထွက်၊
“ဘေးဖယ်ကြဘေးဖယ်ကြမာဃဒေ၀ဘုရင်ကြီးတောထွက်လာတယ်”
ဟယ်ဘုရင်ကြိးဘာဖြစ်လို့များတောထွက်လာပါလိမ့်
ဘုရင်ကြီးခေါင်းမှာဆံပင်ဖြူတစ်ချောင်းပေါက်နေတာကိုဆတ္တာသည်ကတွေ့လို့နှုတ်ပြ
လိုက်တာနဲ့
“ ဟယ် သေမင်းက ငါ့ဦးခေါင်းမှာ အလံတောင်စိုက်နေပါပကော့လား “
ဆိုပြိးသံဝေဂဥာဏ်ဝင်ပြိးတောထွက်လာတာလေ “
“ အမလေးဗျ လုပ်ပါအုံး “
ဘာဖြစ်လို့လဲ - ဗျ
“ ဆံပင်ဆိုးဆေးဘူးလေး ရထားဘီးကျိတ်သွားလို့ “

( သံဝေဂဥာဏ်ဆိုပါလား )
မောင်သုည
26-May - 2014

No comments:

Post a Comment