Tuesday 27 May 2014

လှေတစ်စီး နဲ့ ခရီးသည်

တွေးမိတွေးရာရေးမိရေးရာ ( ၄၀ ) ဓမ္မ ရေးရာ

လှေတစ်စီး နဲ့ ခရီးသည်

သူဟာသင့်ရဲ့ ဘ၀ခရီးဖေါ်ဘဲ -
သူမပါရင်တော့သင်လိုရာခရီးမရောက်နိုင်ဘူး
သူ့နဲ့အတူလက်တွဲပါ - ဒါပေမဲ့ သူ့ကိုမခင်ပါနဲ့
သူ့ကိုယုယပါ - ဒါပေမဲ့သံယောဇဉ်မတွယ်ပါစေနဲ့
သူဘာလုပ်လုပ်အမြဲစောင့်ကြည့်နေပါ - မယုံသင်ကာမဖြစ်နဲ့
သူ့အလုပ်သူလုပ်နေတာ - လုပ်ရမှာကိုလုပ်နေတာ
ကြာကြာပေါင်းကြည့်မှ အကြောင်းသိဆိုသလို
သူလုပ်သမျှအကောင်းမမြင်တော့ဘဲ - အပြစ်တွေမြင်လာာလိမ့်မယ်
သူ့ကို မုန်းလာလိမ့်မယ် - လမ်းခွဲချင်လာမယ်
လိုရာခရီးရောက်ရင်တော့ သူ့ကို ခွဲထားလိုက်ရမှာဘဲ
ရက်စက်တယ်လို့ခေါ်မလား
သင်ဟာတကယ်တော့ လှေတစ်စီးနဲ့ခရီးသည် လေ
ကမ်းနားရောက်ရင် - လှေဦးကိုခြေနဲ့ကန်ပြိးကုန်းပေါ်တက်သွားရမှာ
အဲဒါ-အခုရထားတဲ့ ခန္ဓာ
ညှာတာမဖက်အမြဲနှိပ်စက်နေတာ - ရတဲ့ ခန္ဓာငါးပါး

အပြစ်မမြင်ချစ်ခင်နေသမျှတော့-ပေါင်းရလိမ့်မယ်-သံသရာတစ်လျှောက်လုံး -----

မောင်သုည
18 - September -2013

No comments:

Post a Comment