Monday 28 July 2014

လောကဓမ္မဂျာနယ် ( ၁ )


လောကဓမ္မဂျာနယ်
စာစောင်အမှတ်                                       ဓမ္မဒါန
နမော တဿ ဘဂ၀တော အရဟတော  သမ္မာသမ္ဗုဒ္ဓဿ
ဆောင်းပါးအမှတ် ( ၁)
ဗုဒ္ဓဘာသာဆိုသည်မှာဘယ်နည်း ( ဘုရား၏အယူဝါဆိုတာဘာလဲ )
          သင့်ကိုတခြားဘာသာဝင်တဦးတယောက်ကသင်တို့၏ဗုဒ္ဓဘာသာဝင်များ၏အယူ
ဝါဒကိုပြောပြပါဆိုလျှင်သင်ဘယ်လိုအဖြေပေးမည်နည်း၊
ပိဋိကတ်သုံးပုံကိုဘဲလက်ညှိုးထိုးပြရမလား၊ပရိတ်ကြိး ၁၁ သုတ်ကိုဘဲထောက်ပြရမလား
ဗုဒ္ဓ        ဆိုသည်မှာ  ဘုရား ( ဂေါတမမြတ်စွာဘုရား )
ဘာသာ  ဆိုသည်မှာ  အယူဝါဒ  ( ဘုရား၏အယူဝါဒ ) ဟုဆိုရမည်မဟုတ်ပါလော။
ဘုရား၏အယူဝါဒ က ဘာလဲ
သည်လိုမေးခွန်းမျိုးကိုဘုရားရှင်လက်ထက်တော်ကာလမှာပင်ဘုရားရှင်အား၎င်းဘုရား၏ တပည့်များအားမကြာခဏမေးမြန်းခြင်းခံခဲ့ရဘူးပါသည်၊
၁ - သတ္တလောကကြီးမြဲသလား          သတ္တလောကကြီးမမြဲဘူးလား
၂ - မမြဲသည်လည်းမဟုတ်                မြဲသယောင်ယောင်လား
၃ - သတ္တ၀ါသေလျင်ဖြစ်သေသလား    သတ္တ၀ါသေလျှင်မဖြစ်တော့ဘူးလား
၎ - မဖြစ်သည်လည်းမဟုတ်              ဖြစ်သယောင်ယောင်လား
                             ( အဂိဝိစ္စသုတ် )
ထိုအမေးများအားလုံးကိုဘုရားရှင်က ငါ ဒီအယူမယူဘူးဟုပါယ်ချခဲ့သည် ၊
သင့်ကိုမေးလျှင်ဘယ်လိုဖြေမည်နည်း ၊
ဘ၀ကူးသည် ဘ၀ပြောင်းသည် ဆိုသောအယူ ကိုကော သင်လက်ခံပါသလား
ဗုဒ္ဓဓမ္မသည် ပရမတ်ထတရား ( အမှန်တကယ်ရှိသောတရား ) များအပေါ်တွင်
အခြေခံထားသည်ဖြစ်လေသောကြောင့်၊ပရမတ်ထသစ္စာကိုကောင်းစွာနားလည်
သဘောပေါက်ခြင်းမရှိလျှင်ဗုဒ္ဓဓဓ္မကိုနားလည်ရန်ခက်ခဲပေမည်၊
          အမေးလျှောက်လာသော တထ္တိများသည်ဘုရားရှင်၏အယူကိုဥာဏ်မမှီ
တော့သဖြင့်ဘုရားကိုယ်တော်တိုင်ဖွင့်ဟမိန့်ဆိုရန်တောင်းပန်ကြလေသည်၊
ထိုအခါ မြတ်ဗုဒ္ဓက
          ” ခန္ဓာ ၅ ပါးရှိသည်ဟုယူသည် ထိုခန္ဓာ ၅ ပါးသည် ဖြစ်လည်းဖြစ်သည်
ပျက်လည်းပျက်သည်ဟု ယူသည့်အယူသည် ငါ့အယူဘဲဟု မိန့်တော်မူသည် ”
          ဘုရားရှင်အယူကို ယူသော ဗုဒ္ဓဘာသာဝင်တယောကအနေနှင့်မိမိကိုယ်
တိုင်သည်အယူရှိရဲ့ လားဟုသုံးသပ်သင့်သည်၊သို့မဟုတ်ပါက သာမန်မိရိုးဖလာ
ဗုဒ္ဓဘာသာဝင်တယောက်အနေဖြင့် နေ့စဉ်ဘုရားရှစ်ခိုးပန်းရေချမ်းကပ်၊ဆုတောင်း
ပြည့်ဘုရားတွင် နိဗ္ဗိန်ဆုတောင်းနေရုံဖြင့်တော့ ဗုဒ္ဓဘာသာဖြစ်ရကျိုးနပ်မည်မဟုတ်
ပါ။မိမိကိုယ်ကိုငါသည်ဘုရားအယူဝါကိုအမှန်တစ်ကယ်သိတဲ့ဗုဒ္ဓဘာသာဝင်တစ်ယောက်
ဖြစ်ရဲ့ လားလို့သုံးသပ်သင့်ပေသည်။
          **********************************************
ဆောင်းပါးအမှတ် ( ၂)
ကိုယ်ပိုင်သာသနာ
·       ဒါနလောက်သာပြည့်စုံကာဖြင့်လုံးဝအပါယ်လွတ်ပြီကွယ်ဟု
စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထအားရ၍လည်းမနေနဲ့ 
·       သီလလောက်သာပြည့်စုံကာဖြင့်လုံးဝအပါယ်လွတ်ပြီကွယ်ဟု
စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထအားရ၍လည်းမနေနဲ့
·       သမထလောက်သာပြည့်စုံကာဖြင့်လုံးဝအပါယ်လွတ်ပြီကွယ်ဟု
စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထအားရ၍လည်းမနေနဲ့
ဦးဓမ္မသာရ ( မိုးကုတ်ဝိပဿနာ )
ဒါန သီလ သမထ တရားများသည်ဘုရားမပွင့်မီသာသနာပမှာလဲရှိသည်။သသနာတွင်းမှာလဲရှိသည်
သစ္စာ ၄ ပါးမဂ်တရားများသည်၊ဂေါတမဘုရားပွင့်မှသာပေါ်ထွန်းလာသောတရားများ
ဖြစ်သည်ဝိပဿနာအလုပ်တရားသည်ခန္ဓာဇာတ်သိမ်းဒုက္ခငြိမ်းသောနိဗ္ဗာန်သို့ ဥာဏ်အားဖြင့်မျက်မှောက်ပြုနိုင်သည်သင့်အားတစုံတယောက်ကငါတိုင်တလုံးမှမပါဘဲအိမ်ဆောက်ခဲ့သည်ဆိုလာလျှင်သော်၎င်း
ငါမင်းမောနေလို့ ဇီးဖြူ၇ွက်နဲ့ ရေထုပ်လာခဲ့တယ်ဟုဆိုလာခဲ့သည်ရှိသည်ရှိသော်မဖြစ်နိုင်၍ယုံနိုင်စရာမရှိ သကဲ့သို့ 
ငါသစ္စာမသိဘဲနိဗ္ဗာန်ကိုဥာဏ်အားဖြင့်မျက်မှောက်ပြုနိုင်ခဲ့တယ်ဆိုလျင်မယုံနှင့်ဟုဆိုပါသည်
ဓမ္မစကြ်ာတရားဦးတွင်ဗုဒ္ဓကငါသည်အကြင်အခါ၌သစ္စာ ၄ ပါး တရားကို မသိသေး ထိုအခါ၌ ငါသည် ဘုရားဖြစ်ပြီဟုဝန်ခံတော်မူသေးငါသည်အကြင်အခါ၌ သစ္စာ ၄ ပါး တရားကိုသိ၏ ထိုအခါ၌ငါသည် ဘုရားဖြစ်ပြီဟု သုံးလောက၌၀န်ခံ၏ဟုပါရှိပါသည် ၊
သောတပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဘုရားဖြစ်ရန်အတွက် သစ္စာ ၄ ပါးကို သိရန်လိုအပ်သည်
ဗုဒ္ဓသာသာဝင်တယောက် ဖြစ်ရန်အတွက် ဘုရားအဆုံးအမ နှင့် ဘုရား၏အယူဝါဒ ၊နှင့်
 သစ္စာ တရားများသိရန်လိုအပ်သည် ။ယခုအချိန်သည်ဗုဒ္ဓသာသာနာထွန်းကားနေသော အချိန်ဖြစ်သည် ၊ ဗုဒ္ဓတရားတော်များကိုဆ၇ာတော်သံဃာတော်များကနေရာအနှံဟောကြားလျက်ရှိ
နေသည်Computer Internet ပေါ်တွင် ကြိုက်နှစ်သက်ရာDamawebite များတွင်မိမိနှစ်သက်ရာဆရာ
တော်ကို ရွေး၍ နာကြားနိုင်သည် ၊
တရားအားထုတ်ရန်အတွက် ၀ိပဿနာတရားစခမ်းများ များစွာရှိနေသည် ၊ Internet မှတိုက်ရိုက်တရား
ထိုင်နိုင်သော website များလဲ ရှိနေသည် ၊
သာသနာတော်နှင့ကြုံသောယခုလိုခောတ်ကြီးတွင်လူဘ၀ရရှိလာသောသင်သည်ကုသိုလ်ထူးလှပေ
သည် ၊သင့်တွင်ထောင်နိုင်သောဥာဏ်နားပါလျှင်သစ္စာတရားနှင့်တွေ့ မည်မှာအမှန်ပင်ဖြစ်သည် နောက်ဘုရားပွင့်မှာကိုမမျှော်ပါနှင့်။ သာသနာ ၅၀၀၀ ရှိနေသေးသည်ဟူ၍အချိန်စွဲမနေပါနှင့်
ဘုရားနှင့်တွေ့ သော်လဲတရားနှင့်မတွေ့ သော်ဘာမှမထူးသာသနာပေါ်ထွန်းနေသော်လဲ ကိုယ့် ဝမ်းထဲသာသနာမကိန်းလျှင်ထိုပွင့်ထွန်းနေသောသာသနာသည်ကိုယ်နှင့် ဘာမှမဆိုင်ယနေ့ ကိုယ်သေလျှင်ကိုယ့်အတွက်သသနာလည်းကွယ်သွားပြီဟုသာမှတ်ပါ ၊
သစ္စာ ၄ ပါးဆိုတာ အခြားမှာ မရှာပါနှင့် ခန္ဓာမှာ ရှာပါ
ခန္ဓာအစဉ်ဖြစ်ပြီးပျက်နေတာဒုက္ခသစ္စာ အဲဒါကိုဥာဏ်နဲ့ကြည့်လို့ မြင်နေတာသိနေတာ( မဂ်အလုပ် လုပ်နေတာ ) မဂ္ဂသစ္စာဘဲအဲဒီလိုခန္ဓာအစဉ်တခုဖြစ်ပြီးတခုပျက်နေတော့နောက်ခန္ဓာ မလာ နိုင်တာက သမုဒယသစ္စာပါယ်နေတာအဲဒီတော့နောက်ခန္ဓာမလာတာ နိရောဓ သစ္စာ ပါဘဲ စာထဲမှာလိုက်ပြီးဘတ်နေရတာရှာနေရတာမဟုတ်ပါခန္ဓာထဲမှာရှိပါတယ်
ဒါကြောင့် ခန္ဓာကို ၀ိပဿနာတခါရှုမိရင် သစ္စာ ၄ ချက် တပြိုင်ထဲဆိုက်ပါတယ်
ယောစ၀ဿသတံ ဇီဝေ ၊ အပဿံ ၊ ဥဒယဗ္ဗယံ ၊ ဧကာယံ ဇီဝိတံ သေယျော
ပဿတော ဥဒယဗ္ဗယံ ၊
( ခုဒ္ဒကနိကယ် ဓမ္မပဒပါဠိတော် ဂါထာ ၁၁၃ )
ရုပ်နမ်တြို့ဖစ်ခြင်းပျက်ခြင်းကိုမသိမမြင်ဘဲလျက် - နှစ်ပေါင်းတရာကာလကြာအောင်အသက်ရှင်
လျက်နေရခြင်းထက် - ရုပ်နမ်နှစ်ပါးတို့၏ဖြစ်ခြင်းပျက်ခြင်းကိုသိမြင်သောပုဂ္ဂိုလ်၏
တနေ့တရက်တနံနက်မျှအသက်ရှင်၍နေရခြင်းကသာ၍ မြတ်၏
ထိုကြောင့် အသေမဦးခင် ဥာဏ်ဦးအောင် အရင်လုပ်ကြပါဟုတိုက်တွန်းလိုက်ရပါသည်
မောင်သုံည
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု





No comments:

Post a Comment