Monday 28 July 2014

လောကဓမ္မဂျာနယ် ၂


လောကဓမ္မဂျာနယ်

စာစောင်အမှတ် (၂ )                           ဓမ္မဒါန
နမော တဿ ဘဂ၀တော အရဟတော  သမ္မာသမ္ဗုဒ္ဓဿ
ဆောင်းပါးအမှတ် ( ၁ )
ဗုဒ္ဓတရား၏အနှစ်ချုပ်
သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပမ္ပဒါ
သစိတ္တပရိယောဒပနံ
ဧတံ ဗုဒ္ဓါနသာသနံ
ဓမ္မပဒ ( ၁၈၃ )
မကောင်းမှုမှန်သမျှကိုရှောင်
ကောင်းမှုမှန်သမျှကိုဆောင်
စင်အောင်စိတ်ကိုထား
ဗုဒ္ဓတိုင်းသာ မိန့်ခဲ့တာသုံးဖြာဤစကား
          ဗုဒ္ဓဘုရားရှင် ၄၅ ၀ါကာလပတ်လုံးဟောကြားခဲ့သောတရားများကိုအနှစ်ချုပ်လိုက်
ရင်အထက်ကအတိုင်းဘဲရပါတယ်၊
အထက်ကတရားများကိုဘယ်လိုသဘောပေါက်နားလည်ရမလဲ ၊
၁ - မကောင်းမှုဆိုတာဘာလဲ - မကောင်းမှုပြုလုပ်ခြင်းရဲ့ အပြစ်တွေကဘာတွေလဲ
၂ - ကောင်းမှုဆိုတာဘာလဲ - ကောင်းမှုပြုလုပ်ခြင်းရဲ့ အကျိုးတရားတွေကဘာလဲ
၃ - စိတ်ကိုဘယ်လိုဖြူအောင်ထားရမလဲ
     စိတ် ( မနော ) ဖြင့်ြ့ပုနိုင်သော မကောင်းမှုများကဘာတွေလဲ -
     စိတ် ( မနော ) ဖြင့် ကောင်းမှုပြုလုပ်ခြင်းရဲ့ အကျိုးတရားတွေကဘာတွေလဲ
     ဒါတွေကိုသိရန်လိုပါလိမ့်မယ်
၁ - မကောင်းမှုဆိုတာဘာလဲ - မကောင်းမှုပြုလုပ်ခြင်းရဲ့ အပြစ်တွေကဘာတွေလဲ
ကိုယ်ဖြင့်ကျူးလွန်နိုင်သောမကောင်းမှုဒုစရိုက်များ
၁ ၊ ပါဏာတိပါတာ                သူတပါးအသက်ကိုညှင်းဆဲခြင်း၊သတ်ဖြတ်ခြင်း
၂ ၊ အဒိန္ဒာဒါနာ                    သူတပါးမပေးသောပစ္စည်းကိုယူခြင်း
၃ ၊ ကာမေသုမိစ္ဆာစာရာ         ကာမဂုဏ်၌မှားယွင်းစွာပြုခြင်း
၎ ၊ သူရာမေရယ                  မူးယစ်ထုံးထိုင်စေသောအရာများသောက်စားမှီဝဲခြင်း
နှုတ်ဖြင့်ကျူးလွန်နိုင်သောမကောင်းမှုဒုစရိုက်များ
၁ ၊ မုသာဝါဒါ                       မဟုတ်မမှန်လိမ်ညာကြွားဝါပြောဆိုခြင်း
၂ ၊ ပိသုဏာဝါစာ                  ဂုန်းချောခြင်း ( တဘက်သားချစ်ခင်မှုပျက်ပြားအောင်ပြောခြင်း
၃ ၊ ဖရုသ၀ါစာ                      ရုံ့ ရင်းကြမ်းတမ်းသောစကားကိုပြောဆိုခြင်း
၎ ၊ သမ္ဖပ္ပလာပ                    သိမ်ဖျင်းသောစကားကိုပြောဆိုခြင်း
ကိုယ်နှင့်နှုတ်ကိုမလွန်ကျူးအောင်စောင့်ထိန်းနိုင်တာသီလဖြစ်ပါတယ်၊သီလစောင့်ထိန်းခြင်းအား
ဖြင့်ကာယကံဝစီကံ ကျူးလွန်မှုများကိုမလွန်ကျူအောင်ဆောင့်ထိန်းနိုင်ခြင်းသာဖြစ်ပါတယ်
* ဥစ္စာနှင့်အသက်ယှဉ်လာလျှင် အသက်ကိုသာရွေး၍ ဥစ္စာကိုစွန့်ရာ၏
* သီလနှင့်အသက်ယှဉ်လာလျှင် အသက်ကိုစွန့်၍ သီလကိုသာမပျက်အောင်စောင့်ထိန်းရာသည်၊
သီလ လုံခြုံအောင်စောင့်ထိန်းခြင်းသည် ၀ိပဿနာတရားအားထုတ်မှုအတွက် မရှိမဖြစ်တဲ့အခြေခံ
လိုအပ်ချက်တခုဖြစ်ပါတယ် ၊ ( သို့သော် )
ဒါန   လောက်သာ  ပြည့်စုံကာဖြင့်  လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အားရ၍လည်းမနေနဲ့
သီလ   လောက်သာ  ပြည့်စုံကာဖြင့်  လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အားရ၍လည်းမနေနဲ့  လို့ဆိုထားပါတယ်
ဒါန သီလ အလုပ်များသည် ဘုရားမပွင့်ခင်တည်းက ရှိနေသော အကျင့်တရားများဖြစ်သည်
အပါယ်သံသရာမှလွတ်သောအကျင့်ကို ဘုရားပွင့်မှာ သိခွင့်ရပေသည်၊
ဘုရားသည်ဘယ်အကျိုးငှါပွင့်ထွန်းပေါ်ပေါက်လာခဲ့ပါသလဲ၊သတ္တ၀ါများအပါယ် ၄ ပါး သံသရာတွင်
ကျင်လည်နေကြရသည်သိရှိနားလည်ပြီး၊ အပါယ် ၄ ပါး သံသရာမှ လွတ်သောအကျင့်ကိုဟောပြော
ညွှန်ပြဆုံးမလို၍ပွင့်ထွန်းလာခဲ့ခြင်းဖြစ်ပေသည်၊
သီလဖြင့်ကာယကံ-၀စီကံကိုထိန်း
သမာဓိပညာဖြင့် မနောကံကိုထိန်း  အားလုံးငြိမ်း၏
ကိုယ်နှင့်နုတ်ကိုမလွန်ကျူးအောင်စောင့်ထိန်းတာသီလ၊သီလစောင့်ထိန်းခြင်းအားဖြင့်ကာယကံ
ဝစီကံမလွန်ကျူးအောင်စောင့်ထိန်းနိုင်သည်။
ကိုယ်နှင့်နှုတ်ကို မစောင့်ထိန်းရင်ရရှိမဲ့အပြစ်များနဲ့ စောင့်ထိန်းရင်ရရှိမဲ့အကျိုးတရားများကတော့
 
ကိုကျင့်တရား ၅ ပါး  ( ငါးပါးသီလ )
ကိုယ်ဖြင့်ကျူလွန်နိုင်သောမကောင်း
မှုဒုစရိုက်များ
ကျူးလွန်လျှင်ခံစားရရှိမည့်အပြစ်
များ
စောင့်ထိန်းလျှင်ခံစားရမည့်
အကျိုးများ
၁- ပါဏာတိပါတာ
      (အသက်သက်ခြင်း)
အသက်တိုခြင်း -အနာရောဂါများခြင်း
ခြေလက်အင်္ဂါချို့တဲ့ခြင်း
အပါယ်ငရဲသို့ကျရောက်ခြင်း
အသက်ရှည်ခြင်း -အသက်ရှည်ခြင်း
အနာရောဂါကင်းခြင်း
အပါယ်ငရဲသို့မကျရောက်ခြင်း
၂ -အဒိန္ဒာဒါနာ ( ခိုးယူခြင်း )
ဥစ္စာပစ္စည်းမပြည့်စုံခြင်း
မိမိပစ္စည်းဥစ္စာများရန်သူမျိုးငါးပါး
ဖျက်ဆီးခံရခြင်း
အပါယ်ငရဲသို့ကျရောက်ခြင်း
ချမ်းသာကြွယ်ဝခြင်း
ပစ္စည်းဥစ္စာတည်တန့်ခိုင်မြံခြင်း
အပါယ်ငရဲသို့မကျရောက်ခြင်း
၃ - ကာမေသုမိစ္ဆာစာရာ
     မမှန်ကန်သောမေထုံမှီဝဲခြင်း
အိမ်ထောင်ရေးမသာမယာဖြစ်ခြင်း
ယုတ်ညံသောဘ၀၌ဖြစ်ရခြင်း
အိမ်ထောင်ရေးသာယာချမ်းမြေခြင်း
မြင့်မြတ်သောဘ၀၌ဖြစ်ရခြင်း
၎ - သုရာမေရယ
      မူးယစ်ထုံထိုင်းစေသောအရာ
      များမှီဝဲခြင်း

ဥာဏ်ပညာချို့ တဲ့ခြင်း
အရူးဘ၀၌ဖြစ်ရခြင်း
အရှက်ရခြင်း
ကောင်းမှုမကောင်းမှုကိုဝေခွဲမရခြင်း
ဥာဏ်ပညာထက်မျက်ခြင်း
လူရာဝင်ဆန့်၍ပွဲလည်တင့်ခြင်း
ကောင်းမှုမကောင်းမှုကိုဝေခွဲနိုင်
ခြင်း
၅ - မှုသာဝါတာ
     မဟုတ်မမှတ်ပြောဆိုခြင်း

သြဇာမတည်ခြင်း
အယုံအကြည့်ကင်းမဲ့ခံရခြင်း
ဆိုဆုံးမ၍မရခြင်း
သြဇာတည်ခြင်း
ပြောဆိုတိုင်းအောင်မြင်ခြင်း
သစ္စာတည်ခြင်း

* ဥစ္စာနှင့်အသက်ယှဉ်လာလျှင် အသက်ကိုသာရွေး၍ ဥစ္စာကိုစွန့်ရာ၏
* သီလနှင့်အသက်ယှဉ်လာလျှင် အသက်ကိုစွန့်၍ သီလကိုသာမပျက်အောင်စောင့်ထိန်းရာသည်၊

စိတ် (မနော ) ဖြင့်ကျးလွန်နိုင်သောမကောင်းမှုများ
၁ ၊ လောဘစိတ်        ကာမဂုဏ်ကိုတပ်မက်ခြင်း အရာရာကိုလိုချင်၍ကြံစည်နေခြင်း
၂ ၊ ဒေါသစိတ်           စိတ်ဆိုးခြင်း အလိုမကျခြင်း  သောကရောက်ခြင်း ၊ စိုးရိမ်ကြောင့်ကျရေက်ခြင်း
၃ ၊ မောဟ                တွေဝေခြင်း အမှန်တရားကိုမသိနိုင်ခြင် မှားသောအယူ ကိုယူခြင်း
                              တို့ဖြစ်ပါတယ်

၁ - လောဘစိတ်နှင့်သေလျှင်   ပြိတ္တာဘ၀၌ဖြစ်ရသည်၊
၂ - ဒေါသစိတ်နှင့်သေလျှင်     အပါယ်ငရဲကျရောက်တက်သည်
၃ - မောဟစိတ်နှင့်သေလျှင်    တိရိစ္ဆာန်ဘ၀၌ဖြစ်ရသည်
 
အပါယ်ငရဲ တိရိစ္ဆာ ပြိတ္တာ အသူရကယ် စသောဘ၀များသို့မကျရောက်နိုင်ရန်အတွက်
ဝိပဿနာစိတ် ဟူသော ( မနောကံ )ကိုစောင့်ထိန်းစောင့်ထိန်းရပေမည်၊
ရုပ် နမ်ဓမ္မ သင်္ခါရတို့
ကိုယ်က ဤလိုဖြစ်လိုတုံလည်း
တစ်ဖုံဆင်လွဲ သူကနွဲဖြင့်
ဖေါက်လွဲတက်စွာ - ဓမ္မတာကို
ပညာစက္ကုမျှော်ထောက်ရှု၍
ယခုပင်လျှင်-မအိုခင်ကကြိုတင်ကောင်းမှုပြုကြလော့
ယခုပင်လျှင်-မနာခင်ကကြိုတင်ကောင်းမှုပြုကြလော့
ယခုပင်လျှင်-မသေခင်ကကြိုတင်ကောင်းမှုပြုကြလော့
ရတုချိန်ရောက် - ဤခါရောက်မှ
ချုပ်ပျောက်ခန္ဓာ - သေအံ့ငှါဟု
သတ္တ၀ါခပင်း - ရှင်သေမင်းနှင့်
မိတ်သင်းဖွဲလျက်-ချိန်းအချက်လျှင်
တစ်စက်ကယ်မျှ-မရှိကြဘူး
အပ္ပမာဒေန - ဘိက္ခဝေ - သမ္ပာဒေထ
ဘုရားစကား-လိုက်နာပွါးသည်
တရားလက်မလွတ်ကြစေနှင့်
(မင်းကွန်းတိပိဋကဆရာတော်ကြီး) 

မောင်သုည
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု


No comments:

Post a Comment