Saturday 2 August 2014

လောကဓမ္မဂျာနယ် ( ၄ )




လောကဓမ္မဂျာနယ်

စာစောင်အမှတ် ( ၄ )                           ဓမ္မဒါန
နမော တဿ ဘဂ၀တော အရဟတော  သမ္မာသမ္ဗုဒ္ဓဿ

ဆောင်းပါးအမှတ် ( ၁ )
ဝိပဿနာတရားအားထုတ်ရန်ကြိုတင်သိထားသင့်သောအချက်အလက်များ
၁ - သမုတိသစ္စာ နှင့် ပရမတ္ထသစ္စာတရား
၂ - ရုပ် နှင့် နမ်  ( ၀ါ )  ခန္ဓာ  ၅ ပါး
၃ - ဒိဋ္ဌိအယူ  - မှားယွင်းသောအယူ
၎ - အကြောင်းနှင့်အကျိုးဆက်စပ်မှုသဘောတရားများ ( ပဋိစ္စသမုပ္ပါဒ်တရား)
၅ - အဖြစ်နှင့်အပျက်တရား ( ဖြစ်ပျက်သဘော ) တရား

ဝိပဿနာတရားအားထုတ်ရန်ကြိုတင်သိထားသင့်သောအချက်များအနက် အမှတ် (၃)
အထိရှင်းလင်းပြီးခဲ့ပါပြိ
၎ - အကြောင်းနှင့်အကျိုးဆက်စပ်မှုသဘောတရားများ ( ပဋိစ္စသမုပ္ပါဒ်တရား)အကြောင်း
ဆက်လက်ရှင်းလင်းပါမည်
- အကြောင်းနှင့်အကျိုးဆက်စပ်မှုသဘောတရားများ ( ပဋိစ္စသမုပ္ပါဒ်တရား)
ပဋိစ္စသမုပ္ပါဒ် ၏ အဓိပ္ပါယ်မှာ
ပဋိစ္စ = အကြောင်းအကျိုးကိုခွဲ၍ 
သမုပ္ပါဒ် = ကောင်းစွာအကျိုးဖြစ်ခြင်း
အကြောင်းကိုအစွဲပြု၍ကောင်းစွားအကျိုးဖြစ်ထွန်းခြင်း ဟုအဓိပ္ပါယ်ရပါသည်။
လောကတွင်မည်သည့်အရာမှအကြောင်းမရှိဘဲအကျိုးတရားဖြစ်ပေါ်ခြင်းမရှိပါ။ပြုလုပ်မှုတစ်ခုခု
ကြောင့်အကျိုးတရားတစ်ခုခုဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
လက်ဝါးနှစ်ဖက်ကိုပြင်းစွားရိုက်လျှင်အသံကျယ်ကျယ်ပေါ်ထွက်လာမည်၊လက်ဝါးနှစ်ဖက်ကိုဖြေး
ဖြေးရိုက်လျှအသံတိုးတိုးထွက်ပေါ်လာမည်၊
လောက၏ဓမ္မနိယာမသဘောတရားများပင်ဖြစ်ပါသည်။
ကာယကံ ကိုယ်ဖြင့်၎င်း
ဝစီကံ နှုတ်ဖြင်၎င်း
မနောကံ စိတ်ဖြင့်၎င်း - အကြောင်းတစ်ရာတစ်ခုခုကိုပြုလုပ်၊ပြောဆို၊ကြံစည်ကြည့်ပါ၊
ကောင်းသောပြုလုပ်၊ပြောဆို၊ကြံစည်မှုသည်-ကောင်းသောအကျိုးတရားရရှိမည်။
မကောင်းသောပြုလုပ်၊ပြောဆို၊ကြံစည်မှုသည်မကောင်းသောအကျိုးတရားရရှိပေမည်။
ဤသဘောတရားကိုယုံကြည်လက်ခံမည်ဆိုလျှင်ဗုဒ္ဓဘာသာဝင်တစ်ယောက်၏အခြေခံယုံကြည်
ဖြစ်သည်၊ဗုဒ္ဓဘာသာဝင်တစ်ယောက်၏အခြေခံယုံကြည်ချက်သည်။
          ကောင်းတာလုပ်လျှင်ကောင်းကျိးပေးမည်
          မကောင်းတာလုပ်လျှင်မကောင်းကျိုးပေးမည်။
ကံနှင့်ကံ၏အကျိုးကိုယုံကြည်ခြင်းဖြစ်သည်၊
(ဤကိစ္စနှင့်ပတ်သက်၍အကျယ်တ၀င့်နားလည်သဘောပေါက်ရန်ထူးလိုအပ်ပေမည်)
တစ်ချို့ ကကောင်းတာလုပ်လဲအလကားပါဘဲကွာ။ဖြစ်ချင်မှဖြစ်လာတာပါ
မကောင်းတာလုပ်ပြီးချမ်းသာနေတဲ့လူတွေအများကြီးဘဲဟုဆိုချင်ဆိုကြပေမည်။
တစ်ချို့ကြတော့လဲကံသာလျှင်အမိကံသာလျှင်အဖ၊လူသွားရာအရိပ်နောက်ကလိုက်နေသလို၊
နွားသွားရာလှည်းဘီးလိုက်နေသလို၊မိမိပြုလုပ်ထားသောကံသည်၊မိမိနောက်သိုအမြဲလိုက်နေသည်။
ဟုယုံကြည်နေကြပြန်သည်၊(ဒီလိုယူမယ်ဆိုရင်ကံကိုဘယ်တော့မှပျက်ဘူးခိုင်တယ်မြဲတယ်ဆိုတဲ့
တဿတဒိဋ္ဌိဖြစ်နေပါသည်)အလွန်လေးနက်ပါသည်၊
ဗုဒ္ဓဘာသာဝင်တစ်ယောက်၏အခြေခံယုံကြည်ချက်သည်ကံနှင့်ကံ၏အကျိုးကိုယုံကြည်ခြင်းဆိုတာ
မှန်ပါတယ်၊(ကမ္မဿကတသမ္မာဒိဋ္ဌိ)ပထမဆုံးရရှိထားရမည့်ဥာဏ်သာလျှင်ဖြစ်ပါသည်၊ဥာဏ်အထက်
တန်းရောက်အောင်တော့သည့်ထက်တိုးပြိးသိမှလက်ခံနိုင်မှဗုဒ္ဓဘာသာအစစ်ဖြစ်ပါမည်။
ယခုဆောင်းပါးတွင် အကြောင်းနှင့်အကျိုးဆက်စပ်မှုသဘောတရားများ
( ပဋိစ္စသမုပ္ပါဒ်တရား)ကိုဦးစားပေးရှင်းလင်းတင်ပြမည်ဖြစ်သောကြောင့်ကံနှင့်ပတ်သက်၍အကြောင်း
အကျိုးဆက်စပ်ပုံကိုမနည်းမျှလောက်သာရှင်းလင်းတင်ပြပါမည်၊နောက်ဆောင်းပါးများတွင်
ကံနှင့်ပတ်သက်၍သီးခြားတင်ပြပါမည်။
ကမ္မဿကတသမ္မာဒိဋ္ဌိ ( ကံ နှင့် ကံ၏အကျိုးပေးပုံကိုမှန်ကန်စွာဘယ်လိုနားလည်ရမည်နည်း၊)
ပဋိစ္စသမုပ္ပါဒ်သဘောနဲ့ပြောရင် အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ လို့ပါရှိပါတယ်၊
အကြောင်းအကျိုးအကောင်းအဆိုးမသိဘဲပြုလုပ်ခြင်း(သင်္ခါရ) လို့ဆိုလိုပါတယ်၊
တနည်းအားဖြင့်မသိလို့လုပ်တော့ - ကုသိုလ်တရားကိုလဲလုပ်မိမည်၊အကုသိုလ်တရားကိုလဲလုပ်
မိမည်
ပြုလုပ်ခြင်းကို ကံဟုဆိုသလို - စေတနာကိုကံလို့လည်းခေါ်ပါတယ်။
တဖန် စေတနာဟံဘိက္ခဝေ ကမ္မံ ၀ဒါမိလို့ ဘုရားရှင်က ဟောကြားခဲ့ပါတယ်။ အဓိပ္ပါယ် က ဘိက္ခဝေ - ချစ်သား၊ ချစ်သမီးတို့၊ စေတနာ - စေ့ဆော်တဲ့သဘောတရားဆိုတဲ့ တရားကို၊ အဟံ - ငါသည်၊ ကမ္မံ - ပြုလုပ်ခြင်းဟူ၍၊ ၀ဒါမိ - ဆိုတယ်လို့ အဓိပ္ပါယ်ရပါတယ်။
သင်္ခါ(ပြုလုပ်ခြင်း)တို့တွင်ပြုလုပ်ရန်စေ့ဆော်ပေးသောလှုံဆော်ပေးသောစေတနာပေါ်တွင်မူတည်
၍ကံသတ္တိအကျိုးပေးပုံကွာခြားသွားပါတယ်၊
မိမိပြုလုပ်လိုက်သောကံ၏အကျိုးပေးပုံကိုလေ့လာကြည့်ကြပါစို့
ကံသည်ပြုပြိးသည်နှင့်ချုပ်သွားသည်၊ခိုင်မြဲတည်တန့်နေသည်မဟုတ်အကျိုးပေးရန်နောက်ကလိုက်
စောင့်နေသည်မဟုတ်ပါ၊ပြုလိုက်သောကံ၏အတိမ်အနက်ပေါ်မူတည်၍ကံသတ္တိဖြစ်ပေါ်လာသည်၊
အကြောင်းတိုက်ဆိုင်မှပေါ်လာပြိးအကျိုးပေးပါသည်။
ဥပမာ - မချစ်စုသရက်သီး၏ချိုမြိန်သောမွေးပြန့်သောအရသာသည်၊အစေ့တွင်ကိန်းအောင်ပါဝင်နေ
သကဲ့သို့၊အစေ့တွင်ပါဝင်နေသောအမျိုးသည်၊ကောင်းသောရေ၊မြေ။သဘာဝ၊တွေ့ဆုံသောအခါမှသာ
ရှင်သန်ဖွံ့ဖြိုးလာပြိးအစေ့တွင်ပါလာသောမျိုးသတ္တိတို့သည်ထွက်ပေါ်လာရသကဲု့ဖြစ်ပါသည်
ဥပမာ-ကျနော်တို့ လှိုဏ်ဂူထဲဝင်ပြီး ဟေးလို့ အော်လိုက်တယ် ထား။ ဟေးဟေးဟေးဟေးဟေး ဟေးဟေးဆိုပြီး Harmony အနေနဲ့ ကိုယ့်အသံရဲ့ နောက်ကနေ ဆက်တိုက်ပဲ့တင် လိုဏ်သံပေါ်သလိုပဲ။ ကုသိုလ်၊ အကုသိုလ်မှာလည်း ဘာပဲလုပ်လုပ် သူ့ရဲ့သတ္တိက ကိုယ်ပွား(၇)ခုအနေနဲ့ ဖြစ်သွားပါည်။ အဲဒါကိုပဲ ဇော(၇) ကြိမ်ဖြစ်တယ်လို့ ခေါ်ကြပါသည်။
ဇော ခုနှစ်ကြိမ်
ကံတစ်ခုပြုလိုက်တိုင်းတွင် ဇော ခုနှစ်ကြိမ်ဖြစ်သည်
(၁)ပထမဇောသည်...  ဒိဋ္ဌဓမ္မဝေဒနယကံဖြစ်သည် ချက်ချင်းလက်သင်းအကျိုးပေးသည်၊
 ခုနစ်ရက်အတွင်း၊ခုနစ်လအတွင်း၊ခုနစ်နှစ်အတွင်းအကျိုးပေးပါသည်၊ အဲဒီအချိန်အတွင်းအကျိုးမပေး
တော့ဘူဆိုလျှင်နောက်ဘယ်တော့မှအကျိုးမပေးတော့ပါပျက်ပျယ်သွားပါသည်။
(
) သတ္တမဇော(သို့မဟုတ် ) နောက်ဆုံးဇော...သည်ဒုတိယဘ၀တွင်အကျိုးပေးပါသည်
( ၃ )
 ဒုတိယဇောမှဆဋ္ဌမဇောထိ...( အလယ်ဇော ၅ ချက်)  အကျိုးပေးပုံကား... တတိယဘ၀မှ စတင်၍ဘ၀သံသရာတလျောက်လုံးနိဗ္ဗာန်ရောက်သည်တိုင်အောင်အကျိုးပေးသည်
ပိုမိုသဘောပေါက်နားလည်နိုင်ရန်အတွက် မိုးကုတ်ဆရာတော်ဘုရာကြိး ကံနှင့်ပတ်သက်၍ဟောထားသောတရားထဲမှ အနည်းငယ်ကိုကောက်နှုတ်တင်ပြလိုက်ပါသည်။
ကံပေါ်မှာဒိဋ္ဌိဖြုတ်ရတာအခက်ဆုံးဘဲလို့မိုးကုတ်ဆရာတော်ဘုရားကြိးကဆိုပါတယ်၊


09 = Kan Ah Kyaung ( Mo Gyoke Sa Ya Taw ) - YourListen

မောင်သုည

02- August - 2014 

No comments:

Post a Comment