Saturday 25 October 2014

အဘိုးပြောတဲ့ရာဇ၀င်ပုံပြင်များ (ပုဂံခေတ်အပိုင်းအစ)

အဘိုးပြောတဲ့ရာဇ၀င်ပုံပြင်များ  (ပုဂံခေတ်အပိုင်းအစ)
မောင်သုည


 













ဟိုးရှေးရှေးတုန်းကတန်ဆောင်မုန်းလပြည့်ညတစ်ည 
တန်ဆောင်မုန်းလ နှင့် ကြတ္တကာနက္ခပွဲတော်
သက္ကရဇ် ၁၀၄၄ ကျော်ပုဂံခေတ်တုန်းကပေါ့ကွယ်
        မြန်မာနိုင်ငံတောင်ပိုင်း ဥဿာပဲခူး လို့ခေါ်တဲ့ မွန်တို့ဌာနေမှာ ဂျွမ်းသူပုန်မတွေမကြာ
ခဏ၀င်ရောက်တိုကခိုက်ခံနေရလို့တိုင်းသူပြည်သားများတွေပင်းပန်းဆင်းရဲနေကြတယ်
နောက်ဆုံးမတော့ဥဿာပဲခူးဘုရင်ကမနိုင်တော့လို့ပုဂံအနော်ရထာမင်းထံစစ်ကူတောင်းလိုက်တယ်
        အနော်ရထာမင်းကကျန်စစ်သားဦးဆောင်တဲ့၊ညောင်ဦးဖီး၊ငထွေရူး၊ငလုံးလက်ဖယ်၊တို့ပါတဲ့
 ပုဂံသူရဲကောင်းတွေကိုနှိမ်နင်ဘို့စေလွှတ်ပေးလိုက်တယ်။
ပုဂံရာဇ၀င်မှာပါတယ် သိတယ်မဟုတ်လား
ကျန်စစ်သားတို့ရဲ့စစ်ရေးကျွမ်းကျင်စွားတိုက်ခိုက် နှိမ်နင်းနိုင်သောကြောင့်ဂျွမ်းသူပုန်တို့ဆုတ်ခွါ
ထွက်ပြေးကုန်ကြတယ်
        ဂျွမ်းစစ်သည်တိုရဲ့ရန်ကကင်းရှင်းသွားလို့ဥဿာပဲခူးဟာငြိမ်းချမ်းခြင်းကိုရရှိသွားတယ်။ တိုင်းတပါးသားစစ်ဝါဒီတို့၏နှိပ်စက်ကလူပြုခြင်းမှကင်းလွတ်ရသည့်အတွက်တိုင်းသူပြည်သားတွေ
ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီးသူတို့ရဲ့အန္တရယ်ကိုတွန်းလှန်နှင်ထုတ်ပေးသောကျန်စစ်သားနဲ့သူရဲ
ကောင်းတို့ကိုဥသာပဲခူးမင်းကချီးကျူးဂုဏ်ပြုပွဲကျင်းပဘို့တန်ဆောင်မုန်းလပြည့်နေညကိုစီစဉ်ထား
တယ်၊တန်ဆောင်မုန်းလပြည်ည၊ကြတ်္တိကာနက္ခပွဲဆိုတာ၊နန်းတော်ဥယျာဉ်တွင်းများမင်းညီမင်းသား
ဆင်းရဲချမ်းသာမရွေးဘယ်သူမဆိုဝင်ပြိးပါဝ်ဆင်နွဲနိင်တယ်၊ကကြခုံကြသောက်ကြစားကြပေါ့၊ဒါပေ
မဲ့ဒီပွဲကိုတက်လာတဲ့သူတွေတော်တော်များများကတော့သူတို့ဘယ်သူဘယ်ဝါဆိုတာမသိအောင်
ရုပ်ဖျက်ပြိးလာကြတယ်၊မျက်နှာဖုံးတွေစွပ်ပြိးလာကြတယ်၊
ဒီပွဲကိုတက်ရောက်ကပြကြဘို့ကျန်စစ်သားတို့အဖွဲ့ကိုလဲဖိတ်ခေါ်ထားတယ်။
        ဥဿာပဲခူးမြို့သူမြို့သားတို့သားတွေကသူတို့ကျေးဇူးရှင်ပုဂံသူရဲကောင်းတို့ကိုလူကိုယ်
တိုင်တွေ့လိုမြင်လိုကြလို့သွားလေရာလာလေရာဝိုင်းဝန်းတိုးဝှေ့ကြည့်ရှုကြတယ်
          မွန်လူမျိုးတို့ကကျန်စစ်သားကိုပိုပြီးသဘောကျတာကကျန်စစ်သားကမွန်စကားကိုရေရေ
လည်လည်ပြောတက်လို့ဘဲကွဲ့ ။
အဖွားအိုကြီးများဆိုရင်ကျန်စစ်သားရှေ့မှာပဆစ်တုတ်ထိုင်ကာခြေအစုံကိုဖတ်ပြိးရှစ်ခိုးကြတယ်
မောင်မင်းကြီးသားကျေးဇူးရှင်တို့ကြီးရယ်  ”လို့ပြောပြီး
ဝမ်းသာအားရ မျက်ရည်သွယ်သွယ်ကနဲ့ပွေ့ဖက်နမ်းရှုတ်ကြတယ်
       အဲဒီအခါမှာကျန်စစ်သားက အဖွားအိုတို့ကိုတယုတယထူပြိးပါးရည်တွန့်နေတဲ့အဖွားအိုတို့ရဲ့
မျက်နှာမှမျက်ရည်ကိုသုပ်ပေးရင်း
        ” မြင့်မိုရ်တောင်ဦးမကျူးတဲ့ ကျေးဇူးရှင်မိခင်ကြီိးတို့ရယ် - ကျွန်တော်ကျေးဇူးဆပ်ခွင့်ရခဲ့
တဲ့အခွင့်အရေးလေးက တီကောင်ရဲ့ တီကျစ်စာလောက်သာရှိပါတယ် အမေရယ်လို့
 ပြောရင်းအဖွားအိုကို နှစ်သိပ်ရှာတယ်
 ကိုယ်တိုင်ကလည်း ရင်ထဲလှိုက်လှိုက်လှဲရှိ၍မျက်ရည်များစို့လာတက်သည်
စိတ်ထဲတွင်ကြည်နူးမိသည်တိုင်းပြည်အတွက်မျက်ရည်သာမကနှလုံးသွေးပါလှူ
ထားသည်မဟုတ်ပါလား ။
        ကျန်စစ်သားကပုဂံသို့လာရောက်လာကြတဲ့ မွန်ကုန်သည်၊ဇာတ်သဘင်သည်တို့နဲ့ရင်း
ရင်းနှီးနှီးဆက်ဆံကာမွန်တို့၏ဓလေ့ထုံးစံကိုလေ့လာဆည်းပူးလေရှိတယ်နောက်ပြိးမွန်တိုရဲ့အနု
ပညာနှင်အဆိုအကကိုစိတ်ဝင်စားတယ်မွန်ဇာတ်ပွဲသဘင်များကိုကြည့်ရှုလေ့ရှိလို့မွန်အကကို
ကောင်းကောင်းကတက်တယ် ၊ မွန်သီချင်းကိုကောင်းကောင်းသီဆိုနိုင်တယ်
        ကျန်စစ်သား၏ပင်ကိုယ်စရိုက်က ရဲရင့်တယ် ၊ ပျော်ရွှင်စွာနေတက်တယ်၊ စကားတခွန်းကို
လွယ်လွယ်နှင့်မပြောတက်သလို၊လွယ်လွယ်နှင့်မမေ့တတ်သူဖြစ်တယ် 
ကျန်စစ်သားနှင့်မဏိစန္ဒာ
        တန်ဆောင်မုန်းလပြည့်နေ့ည ကြတ္ထိကာပွဲ ဆင်နွှဲဘိုဲ့ ဘုရင့်ဂုဏ်ပြုပွဲတို့ တက်ရောက်
ဘို့အတွက်ကျန်စစ်သားနှင့်အဖွဲ့တမြင်းစီးပြီးချီတက်လာကြတယ်။
ကျန်စစ်သားက စစ်သူကြီးတို့၏၀တ်စုံပြောင်လက်သောကကြိုးတန်ဆာများကိုဝတ်ဆင်ပြိး 
ရှေ့ဆုံးမှဦးဆောင်ချီတတ်လတယ်သူ့နောက်ကမြင်းစီးတပ်တွင်ဘယ်ညာညီညီတန်းစီ၍လာနေတာ
ကညောင်ဦးဖီး ၊ငွေထွေရူး၊ငလုံးလက်ဖယ်၊တို့ကမြင်းပေါ်မှနေပြီးလှံဖျားမှပန်းပွါးများကိုမြင်းခွါချက်
နှင့်အညီစွင့်ကာမြင့်ကာချီတက်လာနေလိုက်ကြတာပွင့်သစ်စနေရောင်အောက်မှာနံနက်ခင်းလေ
ညှင်းနဲ့ကြည်နူးစရာဖြစ်နေတာပေါ့ကွယ်
        နန်းတော်ရှေ့အရောက်တော့တီိးမှုတ်အသံတွေကတခဲနက်ဆူညံလာတယ်၊ပန်းပေါက်ပေါက်
တို့မိုးသီးမိုးပေါက်သလိုကျလာတယ်၊ဘုရင်နဲ့နန်းတွင်သူနန်းတွင်းသားတို့ကနန်းတော်လသာ
ဆောင်ကရှုစားနေကြတယ်၊ကျန်စစ်သားတို့အဖွဲ့ က ဘုရင့်နန်းတော်ရှေ့ရောက်သောအခါ
ဘုရင်အား အရိုအသေပြုတဲ့အနေနဲ့မြင်းတွေကိုဖြေးဖြေးလေးင်ညင်သာသာလျောက်ပြိးဘုရင်ကိုအရိုအသေပြုကြတယ်။
လသာဆောင်ရှေ့တည့်တည့်ရောက်သည့်အခါရုတ်တရက်လေပြေမြူးကလေးတချက်
ဝှေ့လိုက်တဲ့အတွက်စိမ်းဖန့်ဖန့်အရာဝတ္တုလေးတခုကျန်စစ်သားရင်ဘတ်ကိုလွင့်လာတယ်။
ရုတ်တရက်မို့ ကြက်တူရွေးကလေးတကောင် လမ်းမှားပြီးလူတောထဲ ပျံဝင်လာသလားဟုထင်
တယ်တကယ်တော့မြစိမ်းရောင်ပိုးပုဝါလေးတစ်ထည်လွင့်လာပြီးကျန်စစ်သားရဲ့ လည်ကို
ပတ်ချီလိုက်သလိုဖြစ်သွာတယ်၊ကျန်စစ်သားကပုဝါကလေးကိုဖြတ်ယူလိုက်တော့အင်မတန်သင်း
ပျံ့သောရနံ့ကိုခံစားမိလိုက်တယ်
        ” အို အို လုပ်ကြပါအုံး  ခင်ဦး ပုဝါလေး လွင့်သွားပြီ  ခင်ဦးပုဝါလေးလွင့်သွားပြီ
        ဆိုတဲ့ မိန်းခလေးတယောက်ရဲ့အော်သံကိုကြားလိုက်လို့ ကျန်စစ်ကား က လှည့်အကြည့်
မှာတော့ လသာဆောင်လက်ရမ်းတွင် လက်ကမ်းနေတဲ့ ယမင်းပျိုမလေး တယောက်ကို တွေ့
လိုက်တယ်၊ လှပကြော့ရှင်းသည့်ယမင်းပျိုလေး သေသေခြာခြာစူးစမ်းကြည့်ချင်ပေမဲ့
         သူတိုမြင်းတန်းကြီးက တရွေ့ရွေ့သယ်ဆောင်သွားနေတာကြောင့်ပုဝါလေးကိုသာနမ်းရှူ
ကြည့်ရင်းဘ၀င်ထဲအသဲနှလုံးထဲမှာယမင်းပျိုထံသို့သာပျံလွင့်နေလေတော့တယ်
        စစ်ရေးပြပွဲပြီးသောအခါကျန်စစ်သားကလေနတ်သားဖူးစာရှင်ဆောင်ကြဉ်းပေး
လိုက်သောရွှေချည်မြပုဝါလေးကိုကြည့်ပြိးစိတ်ကူးယဉ်နေလေတယ်။
မြပုဝါရှင်မိုးနတ်သူဇာလှကလျာဟာဘယ်သူလဲ၊
 အို အို လုပ်ကြပါအုံး ခင်ဦးမြပုဝါလေး - ပါသွားပြီ သည်အသံ
လေး နားထဲကြားယောင်နေသည်၊ သူနာမည် ကခင်ဦးတဲ့ လား
        ကျန်စစ်သားက ဥဿာပဲခူးမင်းမှာ တဦးတည်သော သမီးကညာ မဏိစန္ဒာရှိကြောင်း
ကြားသိရပြီးဖြစ်တယ်ဒါပေမဲ့၊ုမင်းသမီးကလေး၏ငယ်မည် ခင်ဦးဖြစ်ကြောင်းကိုတော့သူမသိ
ရှာသေးဘူးလေ
        အချစ်ဆိုတာ အကြောင်းတိုက်ဆိုင်လာရင် အချိန်အခါမရွေး - ကြီးငယ်မဟူ - အဆင့်အ
တန်းမခြား တသားတည်းပေါင်းစပ်တတ်သည်မဟုတ်ပါလော ၊ အချစ်၏ခံစားမှု နှလုံးသားရေးရာ
ပြဿနာသည် စစ်သူကြီး ပင်ဖြစ်လင့်ကစား ရင်ခုံရတက်စမြဲပင် ၊ တင်္ဂကမြင်လိုက်ရရုံနှင့် စွဲလန်း
နေသောကျန်စစ်သားမှာ မြပုဝါလေးကို တယုတယ ဖြစ်နေသဖြင့် တပည့်တွေကပင် သူကို ပြုံးကြ
သည်၊တီးတီးပြောကြသည်၊
        ” ဒို့ဆရာတော့ ဥဿမြေမှာ ဈာန်လျော ပဟေ့
        ” နဖူးစာ ရွာလည်ဆို သကိုးကွဲ့ 
        ” စစ်ပွဲပြီး လို့ အချစ်ပွဲနွဲရမှာပေါ့ ကွာ
        ” အောင်မာ စစ်ရေးမှာ သူရဲကောင်းရှိပေမဲ့ အချစ်ရေးမှာ သူရဲကောင်းမရှိဘူး ကွ
- ဒိန်းဒလိန်းနတ်ဖမ်းစားရင် ခံတာချည်းဘဲ ကွ
        ” အေး ဒါဟာ အချစ်ရဲ့သဘောတရားဘဲ လေ
        ထိုနေ့ည တန်ဆောင်းမုန်းလပြည့်နေည ဥဿာပဲခူးမြို့တော်ကြီးမှာ ကြတ္တိကာနက္ခပွဲသဘင်
ကြီး ဆင်နွဲကြမှာဖြစ်တယ်၊နက္ခပွဲသဘင်၌လူတွေအရူးအမူးပျော်ကြမည်၊လူမျိုးမရွေး ဘာသာမရွေး
မဆင့်အတန်းမခွဲခြားဘဲ မည်သူမဆို ပါဝင်ဆင်နွဲပျော်မြူးနိုင်သည်၊ အ၀တ်တန်ဆာ ထူးထူးဆန်း
ဆန်းတွေဝတ်၍ မျက်နှာဖုံးများစွပ်ကာ ရုပ်ဖျက်၍ ကခုန်ကြမည်ဖြစ်သည် ၊
        ဒီပွဲကိုပါဝင်ဆင်နွဲရန်ကျန်စစ်သားတို့အဖွဲ့ကိုလည်းဖိတ်ကြားထားလို့အကအခုန်ဝါသနာ
ပါသောကျန်စစ်သားက ကြုံတုန်းကြုံခိုက် ပါဝင်ဆင်နွဲလိုက်မယ်ဆိုပြိးကပွဲကိုသွားကြတာပေါ့
        အချိန်တန်၍ကပွဲသို့ ဆင်နွဲရန် အတွက် သာမန် မင်းသားတို့၏ အ၀တ်တန်ဆာကိုဝတ်စား
        ဆင်ရင်ပြီး သူနေ့လည်ကရလာခဲ့သည် မြပုဝါကလေးကို လည်တွင် ဆွဲ၍ လာခဲ့တယ်

မြပုဝါရှင်
                နက္ခပွဲသဘင်ဆင်နွဲတော့မည့်အချိန်မှာခင်ဦးမင်းသမီးကလေးတစ်ယောက်အဆောင်
ဲမှာ အထိန်းတော်ကြီး နှဲ့အချီအချပြောဆိုပြိးစိတ်ကောက်နေတယ်
       ” ခင်ဦးရယ် -- ရှက်ဖို့များကောင်းပါဘိတော့တယ် -ဒီပုဝါလေးတထည်လောက်နဲ့ ဒီလောက်
တောင်ဖြစ်နေရလား - ညည်းမှာ ဒါမျိုးပုဝါတွေရာနဲ့ချီရှိနေတယ် မဟုတ်လား အေ့  - ”
        ” တစ်ရာ မက လို့ တစ်သိန်းဘဲ ရှိရှိ ခင်ဦး ဟာခင်ဦးပြန်လိုချင်ဒါဘဲ  - အထိန်းတော်ကြီးက
ဘာမှ သိတာမဟုတ်ဘူး -  ဒါ ခင်ဦး ၁၆ နှစ်ပြည့်မွေးနေ့တုန်းက ခင်မည်းတော်ဘုရားကမွေးနေ့
အထိန်းအမှတ်နဲ့ပေးထားတာ
        ” အေး လေ - အခု ၁၇ နှစ် ပြည့်တော့ လဲ ထပ်ရအုံးမှာဘဲ မဟုတ်လား  - ”
        ” ရတော့ ကော အရင်ဟာ နဲ့ တူမတဲ့လား တူရင်ကော အရင်ဟာ ဟုတ်ပါအုံး မလား
အထိန်း တော်ကြီး ရဲ့ပြောပါအုံး ” 
        ”  အဲ ဒီလို ဆို ညည်း က ဘယ်လို လုပ် မှာလဲ ပြောပါအုံး
        ” အသိ ဘူး ခင်ဦး ဟာ ခင်ဦးပြန်လိုချင် တယ်  - အထိန်းတော်ကြီး ရအောင် ယူပေး
ရအောင် ယူပေး  ”
         ” ဟဲ့   ငါ က ဘယ် လို ယူပေးရမှာလဲ ဟဲ့  ”
        ” မသိ ဘူး ရအောင် ယူပေး ယူပေး  ဟင့် ဟင့်
         စက်တော်ရာသဉ္စာပေါ်တွင် ခြေခွင်ထိုး၍ ပေါင်ပေါ်က ခေါင်းအုံး ကို လက်သီးဆုတ်ဖြင့်
ထုခါ ထုခါ  အော် နေ ၏
        ” အထိန်းတော်ကြီး က ခင်ဦးကို နဲနဲမှ မသနားဘူး - အခု နေ ခင်ဦး ဘုန်းဘုန်းလဲပြီးသေ
သွားတာတောင် ၀မ်းသာမှာ ခင်ဦး သိပါတယ် သိပါတယ်  ”
        ”  ဟဲ့  ဘာတွေပြောနေတာ လဲ မပြောကောင်းတာ
        ” ပြောကောင်းတယ် ပြောကောင်းတယ် - ပြောမယ် ပြောမယ်  ခင်ဦး သေမယ် အခု
သေမယ် ”  ဟုဆိုကာ ခေါင်းအုံးကို မျက်နှာ အပ်၍ ငိုနေသည် ၊
        အထိန်းတော်ကြီး က ချော့သည် မျက်ရည်တွေ သုတ်ပေးနေသော်လည်း ခင်ဦး နှုတ်မှ
တတွက်တွက် ပြောနေတော့သည်
        ” သူ သူ အခု ည နက္ခပွဲမှ ကနေမှာဘဲ - ကောင်မတွေ ၀ိုင်းဝိုင်းလည်နေမှာဘဲ  သူ - သူ
        ”ဟဲ့ ဟဲ့  ဘယ်သူလဲ ဟဲ့
        ” တော့် လင်ကြီး ရှင့်  တော့် လင်ကြီး
        ” ငါလင် မဖြစ်နိုင်ပါဘူးအေ  ငါက အသက်ကြီးပြီ -ငယ်ငယ်ရွယ်ရွယ်တွေသာ
        ” ဟင်းနော် ခင်ဦးကို စောင်းမပြောနဲ့နော် ထိန်းတော်ကြီး
        ” အလို တော် စောင်း မပြောရပါလား တော် အိုးမလုံ အုံပွင့် ရဲ့ 
        ” ပွင့် တယ် ပွင့် တယ် ဟုပြောပြိး အထိန်းတော်ကြီး ကျောကို ဗျောတင်ထုနေရင်း
အထိန်းတော်ကြီး နားနားသို့ကပ်ပြီးတိုးတိုးလေးပြောပြိးထွက်သွားတော့တယ် 
        ” အမလေး  မလုပ်လိုက်ပါနဲ့ မယ်မင်းကြီး မရယ် ခမည်းတော်ဘုရားသိသွားမှဖြင့် မနက်
ဖြန်ငါ မျက်နှာသစ်စရာ ခေါင်းမရှိဘဲနေပါ့မယ်
        ” ခင်ဦး အလို မလိုက်ဘဲ ခင်ဦးကို စိတ်ညစ်အောင်လုပ်နေရင်တော့ အထိန်းတော်ကြီး
လဲ ခေါင်း မရှိတော့ ဘူးပေါ့ ကဲ တူမလားမတူဘူးလားပြော
        တဦး တည်းသောသမီးတော်မို့  အစစအရာရာ အလိုလိုက်ထားရသောခင်ဦးအကြောင်း
ကိုသိထားပြိးဖြစ်သော အထိန်းတော်ကြီးမှာ တော်တော်ကလေးအသက်ရှုကြပ်နေတော့တယ်
        ” ဒင်းကလေး လုပ်ချင်တာ လုပ်ရမှ မလုပ်ရရင်တော့ ငါကို ဒုက္ခပေးတော့မှာဘဲ -
ဟု ဆိုကာ ခင်ဦး အလို ကို လိုက် ရတော့တာပေါ့
         ” ကဲ သဘောတော်အတိုင်း သာ လုပ်ပါတော့ ခင်ဦးရယ်  ”
“ဟေး ဒါမှ ဒို့အထိန်းတော်ကြိးကွ”
        ခင်ဦး က သဉ္စာပေါ်မှ ခုန်ဆင်းပြီးကြေးမုံပြင်ရှေ့မှာသူကိုယ်သူကြည့်ပြီးပြုံးစိစိ
လုပ်နေတယ်၊
စ်နေ့လုံးစူထားသောနှုတ်ခမ်းနီတျာတျာဟာနှင်းဆီဖူးကလေးလိုလှပစွာပွင့်ဖူးလာတော့တယ်
နဂါးမလေး ခင်ဦး
        မိုးသားတိမ်လိတ်ကင်းစင်သော ထက်ကောင်းကင်ဝယ် - တန်ဆောင်မုန်းလပြည့်ဝန်း
သည် ထိန်ထိန်သာနေတော့သည် ၊ ရွှန်းရွှန်းသာနေသည့် လရောင်အောက်မှာ  ဥဿာပဲခူး
တမြို့လုံးမှာ ဆီမီးရောင်စုံဖြင့်ထိန်ထိန်လင်းနေတယပေါ့
        တေးဂီသံတီးသံ မှုတ် သံတို့ဟာ ဘ၀ဂ်သို့ လျံနေ လေတယ်
        ဂျွမ်းစစ်သည်တို့ရန်ကှ ငြိမ်းချမ်းခါစမို့ မြို့သူမြို့သားတို့ဟာ ဒီကြတ္တိကာနက္ခပွဲသဘင်
ကိုအတိုးချပျော်ကြမှာဖြစ်တယ်၊ကျန်စစ်သားကိုအထူးဂုဏ်ပြုဘိတ်ကြားထားတဲ့ဒီပွဲမှာအမျိုး
လေးပါးရောနှောကာ မျက်နှာဖုံးစွပ်၍လာရောက်ကကြသည် ၊ ကျန်စစ်သားကို အဝေးမှသာ
        အရိုအသေပြုခဲ့ရသော အမျိုးသမီးတွေကဒီအခွင့်အရေးမှာအနီးကပ်ကြည့်ရှုခွင့်ရကြမှာ ဖြစ်လို့အပျိုတွေဝိုင်းဝိုင်းလည်အောင်ကနေကြတယ်
        မဏိစန္ဒာမင်းသမီး ခင်ဦးက နဂါးမလေးအသွင်ဝတ်ဆင်ပြီး စည်းချက်အတိုင်းကပြီးလူ
အုတ်ထဲသို့ထိုးဖေါက်ဝင်ရောက်လာတယ် -ကျန်စစ်သားအနီးသို့တဖြေးဖြေးချဉ်းနိုင်ရန်ကျိုးစားနေ
တယ်၊ အမျိုးသမီးအုတ်စုကသိပ်များလလို့ခင်ဦးမနာလိုဝန်တိုဖြစ်နေတယ် ---
        ” ဒီနေရာမှာ ငါတကယ်ဘဲ နဂါးမလေးဖြစ်လိုက်ချင်တယ် - ဒါမှ ငါမျက်စောင်းထိုးလိုက်လို့
ဒီဟာမတွေအားလုံး- ပြာကျကုန်မယ် - ” 
        နောက်ဆုံးတော့ မဏိစန္ဒာမင်းသမီးလေး ကျန်စစ်သားအနီးသို့ ချဉ်းကပ်မိသွားတယ်၊
ပြောင်ပြောင် လဲ့လဲ့ နဂါးအကြေးများနှင့်တူအောင်ချုပ်ထားသောသူအ၀တ်တန်ဆာကချပ်ချပ်
ရပ်ရပ်ရှိပြီး သူမ၏ခါးသေးရင်ချီပဒုမ္မဏီကိုယ်လုံးလေးမှာပေါ်လွင်နေတယ်
        သူမျက်နှာကိုမျက်နှာဖုံးစွပ်ထားတယ် ၊ခေါင်းမှနဂါးခေါင်းစွပ်နားဂါးမောက်တတ်ထားတယ်
အကြံသမားနဂါးမကလေးကကျန်စစ်သားရင်ခွင်ရှေ့မှာကျောခိုင်းကာဒူးညွှတ်ကရင်း ကျန်စစ်
သားရင်ခွင်မှာခေါက်တွန့်ချည်ထားတဲ့ မြပုဝါခေါက်တွန့်ဂွင်းထဲသို့ သူ့နဂါးမေါက်ကိုထိုးသွင်းချိတ်
ဆွဲလိုက်တယ် ၊တဖြေးဖြေးပြေသွားတော့ ကိုယ ကို တပတ်လှည့်၍ နဂါးမောက်နှင့်မြပုဝါကို
ရစ်ပတ်ယူလိုက်တယ်အဲဒီအခါမှာ သူတို့နှစ်ဦး ပုဝါတန်းလန်းနှင့်ဖြစ်နေကြလို့ ဘေးမှကြည့်နေတဲ့ပရိတ်သတ်များက
        ” ဟေ့  ဒို့ မင်းသားနဂါးပတ်ကျော့ကွင်းမိနေပြီဟေ့ လို့အော်ပြိးအားပေးကြတယ်
        သူတို့ နှစ်ယောက်က  ပုဝါတကမ်း လက်တလှမ်း တမင်ထွင်၍ကနေတယ်ထင်ပြိးတီးဝိုင်း
ကလည်းလိုက်ဖက်အောင်အလိုက်သင့်တီးပေးနေတယ် ၊ခင်ဦးကတော့သူတို့စုံတွဲ လူအုပ်
ထဲမှ ထွက်လာရအောင်ကကြိုးကကွက်နှင့် အပြင်သို့ လှဲ့ခေါ်ခဲ့တယ်
        အပြင်ရောက်တဲ့အခါ ကျွတ်လာတဲ့ မြပုဝါကလေးကိုလက်နှင့် ဆွဲယူပြီး နဂါးမလေး
ထွက်ပြေးသွားတော့တယ်
        စစ်သားကြီး နဲ့ မင်းသမီး ဘယ်လွတ်လိမ့်မလဲ - အုန်းတောတနေရာမှာ ခင်ဦးလက်
မောင်းကို ဆုတ်ကိုင် ဖမ်းမိသွားတာပေါ့
        ” အမလေး လက်မောင်းအိုးကွဲရချည့်ရဲ့ လွှတ်ပါတော့
        ” ကျုပ် ပုဝါလေး ပြန်ပေးမှ လွှတ်မယ် ဗျ
        ” ဒီ ပုဝါ ကို ရှင့် ကို ဘာဖြစ်လို့ ပြန်ပေးရမှာလဲရှင့်
        ” ဒီ ပုဝါကလေးက ကျုပ် အသက်ပါ  ဒီပုဝါကလေးမှာ ကျုပ်အသက်ရှိပါတယ်
        ” ရှင်တို့ ပုဂံ သူရဲကောင်းတွေရဲ့ အသက်က ပုဝါနဲ့ထုပ်ထားသကိုး
        ” ဒီ အဓိပ္ပါယ် မဟုတ်ပါဘူး  - ကျုပ်အချစ်ရဲ့ အမှတ်လက္ခဏာပါ - ဒါ ကျုပ်ချစ်သူရဲ့
ကိုယ်သုံးပစ္စည်းပါ
        ” အော် ပုဂံပြည်ကပေါ့နော်
        ”  ဟုတ်ပါဘူး ဒီ ဥဿာပဲခုးက ပါဘဲ
        ” ဟင် - ရှင် ဒီမြို့ကို ရောက်တာဖြင့် မကြာသေးဘူး
        ” ဟုတ် တယ် ကျုပ် သူ့ကိုတွေ့လိုက်ရတာ တော့ တဒင်္ဂက ဘဲ
        ” ဒါဖြင့် ရှင့်အချစ်က မရေရာသေးပါဘူး  - ခဏလေး ရှိသေးတာဘဲ
        ” အချစ်ကို ဒီလို အချိန်နဲ့တိုင်းလို့ မရဘူး ဗျ - အချစ်က ဆေးမှင်ရည်ထိုးတာနဲ့ တူတယ်
စုတ်တချက်ထိုးပြီးတာနဲ့ - ဒီဆေးချက်ဟာ တသက်လုံးမပျောက်တော့ဘူး ဗျ
        ” အလဲ့ ပုဂံ စစ်သားက အချစ်စကားလဲကျွမ်းလှပါလား ရှင့်
        လို့ပြောပြီး၊ကျန်စစ်သားကို မျက်နှားဖုံးထဲမှ ရွှန်းလဲသောမျက်လုံးအစုံဖြင့် ရွန်းရွှန်းစားစား
ကြည့်နေလိုက်တယ်
        ရွှန်းလဲ့သော တန်ဆောင်မုန်းလပြည့်ဝန်း၏လင်းရောင်ခြည်အောက်မှ ခင်ဦးရဲ့ မျက်ဝန်းလဲ့
ပြာပြာမှာကျန်စစ်သားရဲ့ အသဲနှလုံးကိုဖမ်းစားသလိုဖြစ်နေတယ်၊ခင်ဦးရဲ့အညှိ့ဓါတ်ကိုမခံနိုင်တော့
တဲ့အတွက် စစ်သားကြီးက -
        ” အို မျက်နှာ ဖုံးရှင် ကျုပ်ကို ဒီလို မကြည့်ပါနဲ့ ဗျာ  ” ကျုပ်စကားတွေ ဘယ်ရောက်လို့ ဘယ်ရောက်မှန်းမသိတော့ဘူး ဗျာ ကျုပ်ပုဝါကလေး သာ ပြန်ပေးပါ
         ခင်ဦး မျက်နှာ လေးပြုံးရိတ်ဝင်လာပြီး 
        ” အော် ကျမ မျက်လုံးကဒီလောက်တောင်ဆိုရင်လဲရှင့်  မြပုဝါရှင်ကိုမေ့မပစ်နိုင်ဘူးလား
         ဒီအချိန်မှာ ကျန်းစစ်သားပျောက် သွားလို့ လိုက်ရှာနေတဲ့ သူ့အဖွဲ့များက အုန်းပင်
အောက်မှာ နှစ်ယောက်သားကို တွေ့သွားတယ်
        ” ဟော ဟိုမှာ ဗျို့ ကျုပ်တို့ သူရဲကောင်းကြီးကို  နဂါးမလေးဖမ်းသွားတာ - လာလာ ပြန်
ပေး ဘယ့်နယ် တယောက်ထဲ အပိုင် စီးထားလို့ ဖြစ်မလဲ
        လူစုရောက်လာတာ ကျန်စစ်သားအတွက် အခါတော်သင့်အခွင့်တော်သာသွားတာပေါ့
ကျန်စစ်သားက ခုန ခင်ဦးမေးလိုက်သောမေးခွန်းကို အဖြေခက်နေတယ်လေဒီအချိန်မျိုးမှာ မိန်းခလေးက ယောက်ျားထက်ဖြတ်ထိုးဥာဏ်ကောင်းတယ်
ခင်ဦး က ကျန်စစ်သားကို တွန်းထုတ်လိုက်ပြီး
သွားသွား ကျမပုဝါရပြီရှင်သွားနိုင်ပြီးသွားတော့
နောက်တီးတိုး သံလေးဖြင့် ပြောလိုက်ပုံက --
        ”  မနက်ဖြန် ရှင်လာမယ့် နေရာမှာ ကျမ ရှိနေမယ်
လို့ပြောပြီး ပုဝါကလေးကိုဝှေ့ရမ်းကာ အုန်းပင်များအကြားတွင့် လွင့်ပါးပျောက်ကွယ်သွားလေ
သတည်းပေါ့ကွယ်
ဟင် အဘိုးကလဲ လုပ်ပြိကောင်းခန်းကျမှ  
အော်အေးအေးနဲနဲဆက်ပြောမယ်          
ကျန်စစ်သားက တော့  ---
        ” မနက်ဖြန် ရှင်လာမဲ့နေရာမှာကျမရှိနေမယ်တဲ့- ငါ မနက်ဖြန် ဥဿာမင်းထံအခစားဝင်
စရာရှိတယ် - ဒါကို သူသိနေသလား ညီလာခံမှာ သူဘယ်လိုရှိနိုင်မလဲ 
 သူက ဘယ်သူမို့လဲ
        အတွေးများဖြင့် လာခေါ်သူ အဖေါ်များနောက်သို့လိုက်သွားလေတာပေါ့ကွယ်

မောင်သုည
ဝန်ခံချက်
သော်တာဆွေ ၏ ပုဂံသူရဲကောင်းများ - ကိုမှီငြမ်းထားပါသည်

No comments:

Post a Comment