Sunday 26 October 2014

တွေးမိတွေးရာရေးမိရေးရာ ( ဓမ္မအကြောင်း )



တွေးမိတွေးရာရေးမိရေးရာ  ( ဓမ္မအကြောင်း ) 57
ပညတ်ခန္ဓာနဲ့ပရမတ်ခန္ဓာ၏ကြောင်းကျိုးဆက်စပ်မှုသဘောတရား
ကိုဘယ်လိုသဘောပေါက်နားလည်သလဲ
မေး = အခုရထားတာခန္ဓာဘယ်နှစ်ပါးလဲ
ဖြေ = ခန္ဓာ ၅ ပါး ပါ ။
မေး = ဘာတွေလဲ
ဖြေ = ရုပ် - ဝေဒနာ -သညာ - သင်္ခါ - ၀ိဥာည် ပါ
မေး = အဲဒီခန္ဓာ ၅ ပါးဘာကြောင့်ဖြစ်လာသလဲ
ဖြေ = အ၀ိဇ္ဇာ-သင်္ခါရကြောင့် - ၀ိဥာည် - နမ်ရုပ် ဖြစ်ရပါတယ် ၊
အရပ်စကားနဲ့ပြောရင် - အ၀ိဇ္ဇာ ( မသိလို့ ) သင်္ခါရ (  ပြုလုပ် ) - လိုက်လို့ရလာတာပါ
မေး = ဒါဆို - အ၀ိဇ္ဇာဆိုတဲ့ ( မသိမှုထဲမှာ ) ငါ - ပါသလား - ယောက်ျား - ပါသလား - မိန်းမ ပါသလား
ပုဂ္ဂိုလ်သတ္တ၀ါပါသလား  -
ဖြေ = မပါ ပါ
မေး = ခန္ဓာရလာတာ အမေ အဖေ ပါသလား (လိုဆိုရင် ဘယ်လိုဖြေမလဲ )
အမေ + အမေ + အဖေရဲ့အကြောင်းအကျိုး သတ္တိသဘောကင်းလို့ကောဖြစ်သလား
ပညတ်ခန္ဓာ နဲ့ ပရမတ်ခန္ဒာတို့ရဲ့အကြောင်းအကျိုးဆက်စပ်မှုသဘောကိုနားမလည်ရင်
ဇဝေဇ၀ါဖြစ်နိုင်တယ်
ဥပမာ -
၁ - မျက်စိနဲ့ အဆင်း တိုက်ရင် မြင်စိတ်ပေါ်တယ်
မျက်စိက ရုပ်တရား - အဆင်းကရုပ်တရား - ဒီနှစ်ခုတိုက်လိုက်လို့ ပေါ်လာတဲ့မြင်စိတ်က မနောမှာပေါ်တယ်
မြင်စိတ်က နမ်တရား ။ ( အဲဒီ မှာတင် ရုပ် နဲ့ နမ် နှစ်ခုစုံလို့ ( ရုပ် နဲ့ နမ် =  ခန္ဓာ ၅ ပါး ပေါ်တယ် )
၂ - နား နဲ့ အသံနဲ့ တိုက်ရင် ကြားစိတ်ပေါ်တယ်
နားက ရုပ်တရား - အသံကရုပ်တရား - ဒီနှစ်ခုတိုက်လိုက်လို့ ပေါ်လာတဲ့ကြားစိတ်က မနောမှာပေါ်တယ်
ကြားစိတ်က နမ်တရား ။ ( အဲဒီ မှာတင် ရုပ် နဲ့ နမ် နှစ်ခုစုံလို့ ( ရုပ် နဲ့ နမ် =  ခန္ဓာ ၅ ပါး ပေါ်တယ် )
စသည် - စသည်ဖြင့် နာခေါင်း - လျှာ - ကိုယ်အရေပြာ  - မနော ) တို့ကိုလဲ စဉ်းစားကြည့်နိုင်ပါတယ် )
ဒါကြောင့်ခန္ဓာဖြစ်ကြောင်းတရားမှာ အဓိကအကြောင်းတရားက
အ၀ိဇ္ဖာ မသိမှု( ပရမတ် ) တရား က စတယ် ၊ နောက်ဆုံးခန္ဓာ ရလာတော့ ခန္ဓာ ၅ ပါးကို ကို ပရမတ်ခန္ဓာ
လို့ ဥာဏ်မျက်စိနဲ့မြင် ရသလို - ပညတ် အနေနဲ့လဲ မပါယ်ရဘူး
ခန္ဓာဆိုတဲ့ ရုပ်တရားကြီး ကလဲ ( ကံ - စိတ် - ဥတု - အာဟာရ ) ဆိုတဲ့ ပညတ် ကော ပရမတ် ဆိုတဲ့
သဘောတရား ၄ ခု အပေါ်မှာ မူတည်နေရတယ် မဟုတ်ပါလား
ဒါကြောင့်
ပညတ်ခန္ဓာနဲ့ပရမတ်ခန္ဓာ၏ကြောင်းကျိုးဆက်စပ်မှုမကင်းဘူးလို သဘောပေါက်ထားမှဖြစ်မယ်။
နိဗ္ဗာန်ဆိုတဲ့သောင်ကမ်းကိုဖြတ်ကူးတဲ့နေရာမှာပညတ်ဆိုတဲ့ခန္ဓာကြီိးကိုလှေအနေနဲ့ အသုံးချပြိး
ကူးခပ်သွားရမယ် - ကမ်းမြင်ပြိ လမ်းမြင်ပြိဆိုရင်တော့ သူု့ခင်တွယ်နေလို့မဖြစ်ဘူး
ထားခဲ့ပြိး နိဗ္ဗာန်သောင်ကမ်းကိုလှမ်းတက်သွားရမှာ
ခန္ဓာကိုအသုံးချတတ်မှ အသုံးကျမယ်
အသုံးမချတတ်ရင် - သူကိုခင်တွယ်နေပြန်ရင်လဲ
ဝဲသြဂထဲမှာမ၀ဲလည်လည်ဖြစ်နေမယ်
ယောဂီများ အမြင်ခြင်းမတူရင်ဆုံးမနိုင်ပါတယ်  နာခံရန်အသင့်ပါခင်ဗျာ

မောင်သုည
26 – September -2014

No comments:

Post a Comment